နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ အားကစားကွင်းနှင့် အားကစားရုံများ လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်

 

လွိုင်ကော်      စက်တင်ဘာ   ၂၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်   ပိုးရယ်အောင်သိန်းသည်   ကယား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်အတူ ယနေ့နံနက်ပိုင်း တွင် ပြည်နယ်ကြက်တောင် အားကစားရုံ ၌ ကယားပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့်  တွေ့ဆုံ သည်။


 ထိုက်တန်စွာချီးမြှင့်ပေးအပ်


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို   ဘက်စုံကဏ္ဍစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်    ထူးချွန်အားကစား သမားများကိုလည်း ထိုက်တန်စွာချီးမြှင့် ပေးအပ်လျက်ရှိကြောင်း၊   ဝန်ထမ်းများ အနေဖြင့် မိမိကျရာတာဝန်များကိုကျေပွန် စွာထမ်းဆောင်ကြရန်နှင့်   ပြည်နယ် အတွင်းရှိ အားကစားဝါသနာရှင်များက လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် ကြိုးစားသွားကြ စေလိုကြောင်း ပြောကြားသည်။


ဆွေးနွေးတင်ပြ


ထို့နောက်    ပြည်နယ်ဝန်ကြီးချုပ် က အားကစားနှင့်  လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများ၊     ပြည်နယ်အတွင်း အားကစားကွင်းများ ဆောင်ရွက်ထားရှိမှု၊ ထူးချွန်အားကစားသမားများ မွေးထုတ် ပေးနိုင်မှုကို ဆွေးနွေးတင်ပြပြီး ပြည်နယ် အားကစားနှင့်ကာယပညာ    ဦးစီးဌာန ညွှန်ကြားရေးမှူးက    ပြည်နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်း  ဆောင်ရွက် ချက်များကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က   နိဂုံးချုပ်အမှာ စကားပြောကြားပြီး    ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် အားကစားကွင်း၊ အားကစားရုံအတွင်းရှိ အားကစားပွဲကြည့် စင်များနှင့် မီတာ ၄၀၀ ပြေးလမ်းတို့ကို လှည့်လည်ကြည့်ရှုကြပြီး   လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။


ထို့နောက်    ပြည်နယ်ကရာတေး အားကစားရုံ၌    ကျင်းပပြုလုပ်သည့် ကယားပြည်နယ်    ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး အသက် ၂၅ နှစ် အောက် ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားသို့   တက်ရောက်ကြပြီး ဘောလခဲမြို့နယ်နှင့်   ဒီးမော့ဆိုမြို့နယ် ကိုယ်စားပြု    အမျိုးသားဘော်လီဘော ပြိုင်ပွဲဗိုလ်လုပွဲစဉ်ကို  ကြည့်ရှုအားပေး ကြသည်။


ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက်    ဆုပေးပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက   ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအမျိုးသား၊ အမျိုးသမီးအားကစားသမားများနှင့် အမျိုး သမီးဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယ ဆုရရှိသည့်    ဒီးမော့ဆိုမြို့နယ်အသင်း နှင့်  ဖရူဆိုမြို့နယ်အသင်း၊  အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသည့်  လွိုင်ကော်မြို့နယ်အသင်းနှင့် ဖရူဆိုမြို့နယ်အသင်း၊ အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲတွင်    ဒုတိယဆုရရှိသည့် လွိုင်ကော်မြို့နယ်အသင်း၊  အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိ သည့် ဘောလခဲမြို့နယ်အသင်း၊  အမျိုး သမီးဘော်လီဘောပြိုင်ပွဲတွင်   ပထမဆု ရရှိသည့်    ရှားတောမြို့နယ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ဒီးမော့ဆိုမြို့နယ်အသင်းတို့ ကို ဆုတံဆိပ်၊  တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြပြီး  ဆုရအားကစားသမားများနှင့် မှတ်တမ်း တင်ဓာတ်ပုံ    ရိုက်ခဲ့ကြကြောင်း   သိရ သည်။

သတင်းစဉ်