
ပုသိမ် မေ ၁၀
၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီမြေဆီလွှာဖွံ့ဖြိုးရေး သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဇီးဖြူစုကျေးရွာ ရှိ စိုက်ဧက ၁၁ ဧကတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က တောင်သူများထံ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ် ပြီး တောင်သူများနှင့်အတူ သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) များ စုပေါင်းကြဲပက်ကြသည်။(အောက်ပုံ)
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တောင်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြေဆီလွှာများ ပြန်လည် ကောင်းမွန် စေရေးအတွက် သဘာဝမြေသြဇာများ ပြန်လည် ထည့်သွင်းခြင်း၊ မြေပြုပြင်ခြင်း များဆောင်ရွက်ခြင်းဖြင့် အထွက် နှုန်းများ သိသိသာသာတိုးတက် လာသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများ မြေဆီလွှာ များ ပြန်လည်ကောင်းမွန်စေရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်း ရောက်ရှိစေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လာသည်မှာ သုံးနှစ်တိုင်တိုင်ရှိပြီဖြစ်ကြောင်း၊ တောင်သူ များအနေဖြင့် ဓာတ်မြေသြဇာသုံးစွဲ မှုများကို လျှော့ချပြီး သဘာဝ မြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိန်ကိုက် အချိုးကျထည့်သွင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင် တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ သည် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကျင်းပ ပြုလုပ်သည့် “ဦးသန့်” စာကြည့် တိုက်နှင့် ပြတိုက်အဆောက်အဦ သစ်ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ကြသည်။
အခမ်းအနားတွင် ပန်းတနော် မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော် ဥူးကုမာရ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့က “ဦးသန့်” စာကြည့် တိုက်နှင့် ပြတိုက်အဆောက် အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ (အပေါ်ပုံ)
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ပန်း တနော် မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော်ဉူးကု မာရက အဖွင့်ဩဝါဒစကား မိန့်ကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စာကြည့်တိုက် နှင့် ပြတိုက်အဆောက်အဦကို ရေရှည်တည်တံ့ပြီး စာကြည့်တိုက် လုပ်ငန်းများ တိုးတက်အောင်မြင် စေရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် လိုကြောင်း၊ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦကို ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် နိုင်ငံ အတွက်၊ တိုင်းဒေသကြီးအတွက်၊ မြို့သူ မြို့သားများအတွက် ဂုဏ်ယူ စရာဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အနေ ဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးတွင် ရှင်သန်ခိုင်မာနေသည့် စာကြည့် တိုက်ပေါင်း ၃၂၃ တိုက်ရှိပြီး ချို့ယွင်းပျက်စီးနေသည့် စာကြည့် တိုက်များကိုလည်း ပြန်လည် ပြုပြင်ရန် လိုအပ်လျက် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသစ် တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း အတွက် ထောက်ပံ့ပေးသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံတော်အကြီးအကဲ အနေဖြင့် ပြည်သူများ အသိပညာ ပြည့်ဝရေး၊ လူငယ်များဗလငါးတန် ပြည့်ဝရေးနှင့် ပညာရည်မြင့်မား ရေးကို တိုက်တွန်းအားပေးလျက်ရှိ ပြီး နိုင်ငံတစ်ဝန်းလုံး စာကြည့် တိုက်များ ပေါ်ထွက်လာရေးနှင့် စာတတ်သူတိုင်း စာဖတ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဦးသန့်” စာကြည့် တိုက်အတွက် တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ရှစ်ခရိုင်မှ လှူဒါန်း သည့် ငွေကျပ် သိန်း ၄၀ တန်ဖိုးရှိ စာအုပ်တင်စင် ရှစ်စင်နှင့် ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ စာအုပ်စာစောင် များ၊ စာကြည့်တိုက်အဆောက် အဦအသစ် တစ်လုံး တည်ဆောက် ရန်အတွက် ငွေကျပ်သိန်း ၁၅၀ နှင့် စာအုပ် ၁၀၀၀ ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေး ဝန်ကြီးဌာနက လှူဒါန်းသည့် စာအုပ်စာစောင် များ၊ DTH စလောင်း တစ်စုံ၊ Set Top Box သုံးလုံးနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း က လှူဒါန်းသည့်စာအုပ် ၃၀၀ တို့ကို လည်းကောင်း၊ သာသနာရေးဦးစီး ဌာန တိုင်းဦးစီးမှူးက သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် စာအုပ်များကို လည်းကောင်း၊ စေတနာရှင် အလှူ ရှင်များက အလှူငွေများကို လည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် မြို့မိမြို့ဖ တစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်