နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ကြည့်ရှု အားပေး

 

နေပြည်တော် ဇူလိုင် ၈


(၃၁)ကြိမ်မြောက်    အရှေ့ တောင်အာရှ       အားကစားပြိုင်ပွဲ တွင်         ဝင်ရောက်ယှဉ်ပြိုင်   အောင်မြင်မှု       ရရှိရန်အတွက်    နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း (Gold Camp)၌    စခန်း သွင်း     လေ့ကျင့်လျက်ရှိသော   မြားပစ်အားကစားနည်း   ပြိုင်ပွဲ အကြို   လက်ရည်ဆန်းစစ်ပြိုင်ပွဲ  နောက်ဆုံး  ဗိုလ်လုပွဲစဉ်များနှင့်  ဆုချီးမြှင့်   ခြင်းအခမ်းအနားကို  ယနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပ ရာ   နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   Jeng Phang နော်တောင်   တက်ရောက်ကြည့်ရှု အားပေးကာ  ဆုများ ချီးမြှင့်သည်။


ရှေးဦးစွာ     နိုင်ငံတော်စီမံ     အုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင်  Jeng  Phang    နော်တောင်နှင့် တက်ရောက်လာကြသူများက    ဗိုလ်လုပွဲစဉ်အဖြစ်  Compound Individual  တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team   နှစ်ယောက်တွဲ    ပြိုင်ပွဲများ၊   Recurve    Individual တစ်ဦးချင်းနှင့် Mix Team နှစ်ယောက် တွဲ     ပြိုင်ပွဲများကို    ကြည့်ရှုအားပေးကြသည်။ 


ဆုများချီးမြှင့်


ပြိုင်ပွဲများ    အပြီးတွင်    ဆုများ ချီးမြှင့်ရာတွင် Compound  တစ်ဦးချင်း   ရှုံးထွက်ပြိုင်ပွဲတွင်  ဆုရရှိ သူများကို    ဒုတိယညွှန်ကြားရေးမှူးချုပ်     ဦးကျော်ဦး ကလည်း ကောင်း၊  Recurve  အမျိုးသမီး တစ်ဦးချင်း ရှုံးထွက်    ပြိုင်ပွဲတွင်   ဆုရရှိသူများကို  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းကလည်းကောင်း၊  Recurve အမျိုးသား    တစ်ဦးချင်း  ရှုံးထွက်ပြိုင်ပွဲ တွင်        ဆုရရှိသူများကို      ညွှန်ကြားရေးမှူးချုပ်   ဦးထွန်းမြင့်ဦးက       လည်းကောင်း၊ Compound    Mixed   Team ရှုံးထွက်ပြိုင်ပွဲတွင်  ဆုရရှိသူများ ကို  ဒုတိယဝန်ကြီး   ဦးမျိုးလှိုင်က  လည်းကောင်း၊   Recurve  Mixed Team ရှုံးထွက်ပြိုင်ပွဲတွင်   ဆုရရှိ ကြသော     ကစားသမားများနှင့်   ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသော     နေလင်းဦး ကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း  ဆုများ      ချီးမြှင့်ခဲ့ကြောင်း    သိရသည်။        

       

သတင်းစဉ်