နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၈


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အောင်မြင်မှုရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း (Gold Camp)၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြားပစ် အားကစားနည်းပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင်  ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက်ကြည့်ရှုအားပေးကာ ဆုများ ချီးမြှင့်သည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့်    တက်ရောက်လာကြသူများက    ဗိုလ်လုပွဲစဉ်အဖြစ်


Compound Individual တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team နှစ်ယောက်တွဲ ပြိုင်ပွဲများ၊ Recurve Individual တစ်ဦး ချင်းနှင့်  Mix  Team  နှစ်ယောက်တွဲပြိုင်ပွဲများကို  ကြည့်ရှု အားပေးကြသည်။


ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့်ရာတွင် Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင်  ဆုရရှိသူများကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ Recurve အမျိုးသမီးတစ်ဦးချင်း  ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းကလည်းကောင်း၊ Recurve အမျိုးသားတစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင်    ဆုရရှိ သူများကို ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်း ကောင်း၊ Compound Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ Recurve Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိကြသော ကစားသမားများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစား သမားဆုရရှိ သော   နေလင်းဦးကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။                

 

သတင်းစဉ်