
နေပြည်တော် ဇူလိုင် ၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် (အမျိုး သား)ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
အနိုင်ရရှိ
ယနေ့ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၃)တို့တွင် ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိ ခဲ့သည်။
ထို့အတူ ဇူလိုင် ၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၁)နှင့် ကွင်း(၃)တို့၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်း ကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်