နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မေ   ၃၁


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့်  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒုတိယ ဗိုလ်ချုပ်ကြီး    စိုးထွဋ်   သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  သံအမတ်ကြီး  H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ ကို ယနေ့နံနက်  ၁၀   နာရီတွင် နေပြည်တော်  ရုံးအမှတ်   (၁၀) ပြည်ထဲရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်     မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်      ထိခိုက် ပျက်စီးဆုံးရှုံးမှုများနှင့်    ပတ် သက်၍  ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်များတွင်  တရုတ်နိုင်ငံ အနေဖြင့်  ကူညီပေးရန် အသင့်ရှိ နေခြင်းကိစ္စရပ်များ၊    မြန်မာ-တရုတ်   နှစ်နိုင်ငံနယ်နိမိတ်နှင့် မြန်မာ-ထိုင်း နယ်နိမိတ်နယ်စပ် ဒေသတို့တွင်  ဖြစ်ပေါ်နေသော Online လိမ်ညာမှု၊ လောင်းကစား မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင်    ပူးပေါင်း ဆောင်ရွက်မှု  ပိုမိုမြှင့်တင်ရန်နှင့် တရားခံပြေးများ     ဖော်ထုတ် ဖမ်းဆီးရေးဆိုင်ရာ   ကိစ္စရပ်များ၊  နှစ်နိုင်ငံ နယ်စပ်ဒေသတွင် မူးယစ် ဆေးဝါး       ထုတ်လုပ်မှုနှင့်     သယ်ဆောင်   ရောင်းဝယ်မှုများ တိုက်ဖျက်ရေး၊  မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်   အသုံးပြုသည့် ပရီကာဆာများနှင့် ဓာတုပစ္စည်း များ ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ် များ၊   မြန်မာ- တရုတ်  နှစ်နိုင်ငံ သတ္တမအကြိမ် တရားဥပဒေစိုးမိုး ရေးနှင့်      လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု    ဝန်ကြီးအဆင့် အစည်းအဝေး ဆောင်ရွက်နိုင်ရေး၊ လန်ချန်း-မဲခေါင်  တရားဥပဒေ စိုးမိုးရေး  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊    လန်ချန်း-မဲခေါင်   အကူအညီပေးရေးအစီ အစဉ်မှ အခြေခံ အဆောက်အဦ များ  တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ နည်းပညာ   အသုံးပြုမှုများနှင့် လေ့ကျင့် သင်တန်းပေးမှုများတွင် တိုးမြှင့်ကူညီ ဆောင်ရွက်ပေးသွား မည့်ကိစ္စရပ်များ၊  သတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ရေးကိစ္စရပ်များ၊   မြန်မာ-တရုတ်    နှစ်နိုင်ငံ   တရားဥပဒေ စိုးမိုးရေးနှင့်    လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့် ဆက်လက်ပူးပေါင်း  ဆောင် ရွက်သွားမည့်  ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့    ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်  (၁)     ရဲဗိုလ်ချုပ် အောင်အောင်နှင့် နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး     ဌာနကြီးမှူး ရဲမှူးချုပ်      အောင်ဌေးမြင့်တို့    တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်