နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

စစ်တွေ     မေ   ၁၇


ရခိုင်ပြည်နယ်    စစ်တွေမြို့၌      ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့်    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်       ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်     တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့  ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိပြီး         တပ်မတော်ကမ်းထိုးယာဉ်ဖြင့် မောင်တောမြို့နယ်နှင့်  ဘူးသီးတောင်မြို့နယ်တို့သို့ ပေးပို့မည့်   မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်သည့်  ရေသန့်စင် စက်ရုံပါ ရေသယ်ယာဉ် နှစ်စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါး နှင့်ဆေးပစ္စည်းများတင်ဆောင်နေခြင်းကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 


အားပေးစကားပြောကြား


ထို့နောက်   ဗိုလ်ချုပ်ကြီး   တင်အောင်စန်းနှင့် အဖွဲ့သည်သက္ကေပြင်ကျေးရွာ အမှတ်(၁၀) အခြေခံ ပညာအထက်တန်းကျောင်း၌ မုန်တိုင်းဒဏ်ကြောင့် ခိုလှုံရောက်ရှိနေကြသော  ဒေသခံပြည်သူများအား တွေ့ဆုံအားပေးပြီး   ဆန်၊    ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးသည်။ ဆက်လက် ၍ ခေါင်းဒုက္ကာကျေးရွာသို့ရောက်ရှိပြီး အခြေခံပညာ အလယ်တန်းကျောင်းတွင်  လာရောက်ခိုလှုံနေကြ သော ဒေသခံပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက် နှင့်  သောက်ရေသန့်များ   ထောက်ပံ့ပေးအပ်ပြီး အားပေးစကား ပြောကြားကြသည်။

 


လိုအပ်ချက်များအား ဖြည့်ဆည်း


ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ် ဖြင့်   ပုဏ္ဏားကျွန်းမြို့သို့  ထွက်ခွာပြီး  အခြေခံပညာ အထက်တန်းကျောင်း(ပုဏ္ဏားကျွန်း)၊ ဦးရာဇ်မင်္ဂလာ ကြိုးတံတား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးတို့ မုန်တိုင်းဒဏ်ကြောင့် ယိုယွင်းပျက်စီး မှုများကို စစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင် ရေးမှာကြားကာ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် မြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိ ကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ        ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း၊ ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ၊ ဆောက်လုပ်ရေးပစ္စည်းများ လည်း ဆက်လက်ပေးပို့၍ အမြန်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး  ဒေသခံ ပြည်သူလူထု၏  တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထောက်ပံ့ပေးအပ်


ထို့နောက်  မုန်တိုင်းဒဏ်သင့် ပြည်သူလူထုအတွက် ထောက်ပံ့ငွေကျပ်သိန်း   ၃၀၀  နှင့်  စားသောက် ကုန်များဖြစ်သော ဆန်၊ ဆီ၊ ခေါက်ဆွဲ ခြောက်နှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင်  ဗိုလ်ချုပ်ကြီး  တင်အောင်စန်း နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် ဘုရားဝင်း အတွင်းရှိ  သာသနာ့ဗိမာန်တော်ကြီး၌  စစ်တွေမြို့ ပေါ်ရှိရပ်ကွက်များမှ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူ များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ကြသည်။ 

 


အခမ်းအနားသို့ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူ များနှင့်အတူ  ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူ များအား    နှစ်သိမ့်အားပေးရန်   ရောက်ရှိနေသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ   ဦးကြည်စိုး ထွန်း ဦးဆောင်သော ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ လည်း တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က   မိမိတို့အဖွဲ့ရောက်ရှိလာပြီး     ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့နယ်များသို့ သွားရောက်၍ ပြည်သူများနှင့် တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေနှင့်   ထောက်ပံ့ပစ္စည်းများ  ပေးအပ်မှု အခြေအနေ၊ ရိက္ခာ၊  ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊       လူသုံးကုန်ပစ္စည်းများ ဆက်လက်ထောက်ပံ့ရန်  စီစဉ်ဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းဒဏ်ခံ မြို့/ရွာများ  သန့်ရှင်းရေး၊  လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိအောင်ဆောင်ရွက် ပေးနေမှု၊   စာသင်ကျောင်းများ၊     ဆေးရုံများနှင့် ဘုန်းတော်ကြီးကျောင်းများအား  အမြန်ပြုပြင်ရန် ဆောင်ရွက်ရမည့်   အခြေအနေများကို   ရှင်းလင်း ဆွေးနွေးပြီး   နိုင်ငံတော်ဝန်ကြီးချုပ်၏  လမ်းညွှန် ချက်နှင့်အညီ      ပြန်လည်ထူထောင်ရေးကိစ္စများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 


တက်ညီလက်ညီပါဝင်


ဆက်လက်၍    ရခိုင်ပြည်နယ်     ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်ဖြင့်   တာဝန်ရှိသူများက    ယခုကဲ့သို့    အနီးကပ် လာရောက်ကြီးကြပ်ဆောင်ရွက်နေခြင်းကို   ရခိုင် ပြည်နယ်   ပြည်သူများကိုယ်စား   ကျေးဇူးတင်ပါ ကြောင်းနှင့် မိမိတို့ပြည်သူလူထုကလည်း ပြန်လည် ထူထောင်ရေးကိစ္စများတွင် တက်ညီလက်ညီပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

 


ထို့နောက် စစ်တွေမြို့ပေါ်၌ မုန်တိုင်းဒဏ်ခံခဲ့ရ သော   ပြည်သူများအတွက်    နိုင်ငံတော်အစိုးမှ ထောက်ပံ့သည့် ဆန်အိတ် ၆၃၇၀၊ ဆီ ၇၆၄၅ ပိဿာ၊ ဆား ၆၁၄၄ ပိဿာနှင့် ပစ္စည်း ၁၇ မျိုးပါ အိမ်သုံး ပစ္စည်း   သေတ္တာများ၊  ခေါက်ဆွဲခြောက်ထုပ်များ၊ တာပေါ်လင်စများ၊ ထောက်ပံ့ငွေကျပ်သိန်း  ၂၀၀   တို့ကို ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူ များက ပေးအပ်ရာ ပြည်သူများက လက်ခံရယူကြ သည်။  ဆက်လက်၍     ဆရာတော်    အရှင်ဆေကိန္ဒက မုန်တိုင်းသင့်ပြည်သူများအတွက်    လှူဒါန်းသည့် စတီးပန်းကန်ပြားများ၊   ငါးနီတူခြောက်နှင့်   ငါးပိ ထုပ်များကို ဆရာတော်ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ  ဦးကြည်စိုးထွန်းနှင့်  ရုပ်ရှင်၊ ဂီတအနုပညာရှင်များက လှူဒါန်းကြရာ ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူကာ မြို့မိ၊ မြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ဝင်များသည်      တက်ရောက်လာကြသူများ၊ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

တင်ထွန်း(ပြန်/ဆက်)