နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလေးမြို့နယ်ရှိ နေကြာစိုက်ခင်းများ၊ စစ်ကိုင်းမြို့ စက်မှုဇုန်ရှိ စက်ရုံများ ကြည့်ရှု

 

ကလေး ဖေဖော်ဝါရီ   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့၌ ရောက်ရှိနေသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်  ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဗိုလ်ချုပ်ကြီး     မြထွန်းဦး၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်     ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး   ဝန်ကြီး ချုပ်၊   အနောက်မြောက်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊  ဒုတိယဝန်ကြီး များနှင့်    တာဝန်ရှိသူများသည်     ယမန်နေ့  နံနက်ပိုင်းက   ကလေး မြို့နယ်  အင်တိုင်းကြီးကျေးရွာ အုပ်စု    ဖောင်ကူးကျေးရွာတွင် တောင်သူများ    စိုက်ပျိုးထားရှိ သော    နေကြာစိုက်ခင်းများကို သွားရောက်ကြည့်ရှုသည်။

 


ပိုးသတ်ဆေးဘူးများနှင့်      နေကြာမျိုးစေ့များ ပေးအပ်


ကြည့်ရှုစဉ်  တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ တောင်သူများထံ  ပိုးသတ်ဆေးဘူး များနှင့်      နေကြာမျိုးစေ့များ ပေးအပ်သည်။
ဆက်လက်၍  ကလေးမြို့နယ်   အင်တိုင်းကြီး     ကျေးရွာအုပ်စု ဖောင်ကူးကျေးရွာရှိ ဖောင်ဆိပ် ကုန်ထုတ်လမ်း ဖောက်လုပ်ထားရှိ မှု   အခြေအနေကို   သွားရောက် ကြည့်ရှုပြီး     လိုအပ်သည်များ မှာကြားသည်။  

 


လေ့လာကြည့်ရှု


မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ  သုတသုခ ဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိ ကြပြီး ဇာမဏီတံဆိပ် ကွန်ပေါင်း ဓာတ်မြေဩဇာ     ထုတ်လုပ်ပုံ အဆင့်ဆင့်ကို   လေ့လာကြည့်ရှု သည်။ 

 


ထောက်ပံ့ပစ္စည်းများပေးအပ်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင်  တိုင်း၊  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်း များနှင့်    တွေ့ဆုံအမှာစကား ပြောကြားပြီး       အခမ်းအနား သို့   တက်ရောက်လာသူများကို အားကစားပစ္စည်းများ၊ ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များ   ပေးအပ်၍   ရင်းရင်းနှီးနှီး လိုက်လံ    နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်