
ဟားခါး ဖေဖော်ဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါး မြို့ တောင်ဇလပ်ရိပ်သာ၌ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း များနှင့် တွေ့ဆုံသည်။
ပိုမိုခိုင်မာအောင် ဆောင်ရွက်
တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ မှုထန်က မိမိတို့နိုင်ငံ၏ ဒို့တာဝန် အရေး (၃)ပါးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး သည် အရေးကြီးသည့် အကြောင်း တစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းရင်း သား လူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် အဆိုပါကိစ္စရပ်ကို အလေးထား ဆောင်ရွက်နေရ သည့်ဌာနဟု မိမိရှုမြင်ပါကြောင်း၊ ယခု ချင်းပြည်နယ်တွင်လည်း တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှ တိုင်းပြည်တစ်ခုလုံး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအကြား အမုန်း တရားများ မဖြစ်စေရန် ပြောဆို နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ဘာသာတရားတိုင်းတွင် မေတ္တာ ကို အလေးထားကြသည်ဖြစ်၍ ဝန်ထမ်းများကလည်း မိမိတာဝန် ကျရာ ပြည်နယ်ရှိ တိုင်းရင်းသား များကို မေတ္တာ၊ စေတနာ ထားရှိ ကြရန်နှင့် ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်စဉ် မိမိတို့ ဌာနရှိ ဝန်ထမ်းများအပြင် အခြား ဌာနဝန်ထမ်းများနှင့် စည်းစည်း လုံးလုံး ပျော်ပျော်ရွှင်ရွှင် တာဝန် ထမ်းဆောင်ကြရန် မှာကြား လိုပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဝန်ထမ်းများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန တာဝန်ခံများ က လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် ချင်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှက ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြပြီး တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြ သည်။
ကူညီဆောင်ရွက်ပေးရမည်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က တိုင်းရင်းသားများ၏ ဘာသာ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ ထုံးတမ်းနှင့် အမျိုးသားရေး လက္ခဏာရပ်များကို ဖွံ့ဖြိုး တိုးတက်အောင်နှင့် တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များကို လိုက်နာကြရန်၊ နိုင်ငံ့ ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက် ကို သိရှိလိုက်နာကျင့်ကြံရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ တာဝန်ဝတ္တရားများကို သိရှိ နားလည်ပြီး လုပ်ငန်းတာဝန်များ ကို အောင်မြင်စွာ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယခု ထူးခြားသည့် အခြေအနေကာလ တွင် နိုင်ငံတော်က ချမှတ်ဆောင် ရွက်နေသည့် အမျိုးသားရေး လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ် တို့ကို သိရှိနားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍ များတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံ ဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ကျန်းမာ ရေးတို့ကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြား သည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် တို့က ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအဖွဲ့များအတွက် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက် နိုင်ရန် ဖွံ့ဖြိုးမှုထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်