နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်းပါ အချက်အလက်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်က အရာထမ်း၊ အမှုထမ်းများသို့ ထပ်ဆင့်ရှင်းလင်း

နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် စာရင်းစစ်ချုပ်ရုံးရှိ  အရာထမ်း၊ အမှုထမ်းများတွေ့ဆုံပွဲနှင့်  နိုင်ငံ တော်     စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏  ဖေဖော်ဝါရီလ ၈ ရက် နေ့တွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား   ပြည်သူလူထုသို့ ပြောကြားခဲ့သည့်  မိန့်ခွန်းပါ အချက်အလက်များအား ထုတ် နုတ်ပြီး  ဝန်ထမ်းအဆင့်ဆင့်သို့ ထပ်ဆင့်ရှင်းလင်းပွဲကို    ယနေ့ မွန်းလွဲ ၁  နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ် -၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။ 
အစည်းအဝေးတွင်    ပြည် ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ  ကံဇော်က     နိုင်ငံဝန်ထမ်းများ အနေဖြင့်   ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို လိုက်နာရန်နှင့်  နိုင်ငံ့ဝန်ထမ်း၏ တာဝန်၊ ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ရန်  လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်လျက်ရှိသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း၊     ပြည် ထောင်စု   စာရင်းစစ်ချုပ်ရုံးသည်  နိုင်ငံ၏  နားနှင့် မျက်စိဖြစ်သလို ဖြောင့်မတ်၊   မှန်ကန်၊   တိကျမှု တို့ဖြင့် တာဝန်များဆောင်ရွက်ရ သည့်  အဖွဲ့အစည်းဖြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်၊    စည်းမျဉ်း များနှင့်အညီ      မိမိတာဝန်ကို ကျေပွန်စွာ   ထမ်းဆောင်သူများ အား   မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။ 
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၏ နိုင်ငံတော်၏ အခြေအနေအရပ်ရပ် အား ပြည်သူလူထုသို့ ၈-၂-၂၀၂၁ ရက်နေ့တွင်        ပြောကြားသည့် မိန့်ခွန်းကို ပြည်ထောင်စုစာရင်း စစ်ချုပ်က    ဝန်ထမ်းများအား ရှင်းလင်းပြောကြားသည်။ 
သတင်းစဉ်