နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်

 

လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းနှင့်  အချို့သောနိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်တွေကို  လက်မခံတော့ဘူးဆိုသည့် ကောလာဟလ ထွက်နေသောသတင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်

 

တချို့သော    မီဒီယာများက ကျွန်တော့်ကို    ဒီမေးခွန်းတွေ မေးနေတာရှိပါတယ်။ ပထမဦးဆုံး မေးခွန်းဖြစ်တဲ့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  ဒေါ်လာဈေးနှုန်းနဲ့ ပတ်သက်ပြီး     တစ်ဒေါ်လာကို  ၂၁၀၀ ဈေးနှုန်းသတ်မှတ်ထားပါ တယ်။  တစ်ဒေါ်လာကို   ၂၁၀၀ သတ်မှတ်ထားခြင်း  ဈေးနှုန်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ် မရှိသေးကြောင်း ပြော လိုပါတယ်။  ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်  မရှိသေးပါဘူး။  တချို့ သောနိုင်ငံခြား      ဘဏ်တွေနဲ့ ပတ်သက်ပြီး     ယခင်အပတ် လောက်ကတိုင်   ဟောလာဟလ ထွက်နေပါတယ်။    

 


တချို့သော   နိုင်ငံခြားဘဏ် တွေက မြန်မာနိုင်ငံ က   ငွေအဝင်/   အထွက်တွေ   လက်မခံတော့ဘူး ဆိုပြီး‌   ပြောနေတာရှိပါတယ်။ လက်တွေ့မှာ      ပုံမှန်လည်ပတ်  ဆောင်ရွက် နေလျက်ရှိပါတယ်။       ပုံမှန်လည်ပတ်      ဆောင်ရွက် လျက်ရှိတယ်ဆိုတာ  ကျွန်တော်      ပြောလိုပါတယ်။

 


မြန်မာနိုင်ငံရဲ့   ငွေကြေးစနစ် နဲ့    ပတ်သက်ပြီး  ဦးတည်ပြီး တိုက်ခိုက်နေတာတွေ     များပါ တယ်။ ယခင်တုန်းကလည်း ဘဏ် လုပ်ငန်းစနစ်တွေနဲ့ တိုက်ခိုက်နေ တာရှိတယ် ။ ငွေရေးကြေးရေးစနစ်    အနေနဲ့လည်း     တိုက်ခိုက်နေတာ တွေရှိတယ်။   ဒါနဲ့ပတ်သက်ပြီး  ပြည်သူလူထုအနေနဲ့  စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့    ဒီလို ကောလာဟလတွေကို    မယုံကြ ဖို့။ 
ဗဟိုဘဏ်    ငွေရေးကြေးရေး ဆိုင်ရာ     အဖွဲ့အစည်းကို       တိုက်ရိုက်     ဆက်သွယ်ပြီး    မေးမြန်းနိုင်ပါတယ်လို့     ကျွန်တော် အနေနဲ့ ပြောလိုပါတယ်။ 


သတင်းစဉ်