နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ်များရှိ နေရာအချို့ကို အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက 
ဝင်ရောက်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ကောလာဟလ သတင်းတု၊ သတင်းအမှားများ ထွက်ပေါ်နေမှုအပေါ်  
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့   ရှမ်းပြည်နယ်(မြောက်ပိုင်း)   တိုက်ပွဲဖြစ်ပွားမှု အခြေအနေကတော့ ကွမ်လုံမြို့မှာ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိပါတယ်။ ကွမ်လုံမြို့  တချို့နေရာတွေ မှာတော့ MNDAA သောင်းကျန်းသူတွေရောက်ရှိနေ တာ တွေ့ရတယ်။   ဒီကွမ်လုံဗျူဟာနဲ့  ကွပ်ကွဲမှုအောက် တပ်တွေအနေနဲ့ကတော့  ရက်သတ္တတစ်ပတ်ခန့်ရှိပြီး ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာမျိုး ဖြစ်ပါ တယ်။ ပြီးရင်တော့ TNLA ဝင်ရောက်သွားတဲ့ သိန္နီမြို့ အခြေအနေမှာတော့   သိန္နီမှာရှိတဲ့    တပ်တွေအနေနဲ့ ပြန်လည်လွှမ်းမိုးမှုရရှိပြီးဖြစ်ပါတယ်။ ပြီးရင် လားရှိုး မြို့     အနီးတစ်ဝိုက်       ကွတ်ခိုင်တစ်ဝိုက်မှာရှိတဲ့ သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေကိုတော့ ရှင်းလင်း ဆောင်ရွက်ပြီးဖြစ်တယ်။ ထို့အတူ မုန်းကိုးတို့၊ ချင်းရွှေ ဟော်တို့ လက်လွှတ်ခဲ့ရတဲ့  နေရာလေးတွေရှိတယ်။ ဒီလက်လွှတ်ခဲ့ရတဲ့နေရာတွေမှာလည်း   ပြန်လည်ပြီး တော့ လုံခြုံမှုတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ဒါနဲ့တစ်ဆက်တည်းမှာပဲ  စစ်ကိုင်းတိုင်း ဘက်မှာတော့ ကောလင်းမြို့ထဲကို   ဝင်ရောက်သွား တာ ရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့  PDF  နဲ့ KIA တို့ပူးပေါင်းပြီး KIA က စစ်ကိုင်းတိုင်းထဲမှာလာပြီး တိုက်ကွက်ဖော်နေတာဖြစ်ပါတယ်။  ဒီနေ့မှာတော့ ထီးချိုင့်မှာ   ထိတွေ့တိုက်ပွဲတွေ   ဖြစ်ပွားခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့  ပျံ့နှံ့နေ တဲ့ ကောလာဟလ ရန်သူရဲ့ ဝါဒဖြန့်ချိချက်ပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ နယ်မြေတစ်ခုလုံးကို သိမ်းနိုင်တဲ့ ပုံစံ။ အကုန်လုံးမှာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ ပုံစံမျိုး တွေ လုပ်နေတာရှိပါတယ်။  ဒီကောလာဟလတွေ၊ ဝါဒဖြန့်ခြိမ်းခြောက်မှုတွေကို    ပြည်သူလူထုတွေ အနေနဲ့ သတိရှိဖို့လိုတယ်လို့ပဲ ကျွန်တော် ပြောကြား ချင်ပါတယ်။    ဒီအရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ ချင်းရွှေဟော်၊ မုန်းကိုးတို့လို နေရာမျိုးတွေ ပြီးရင်   ကြားထဲကနေရာပေါ့။    ဒီနေရာလေးတွေက မြန်မာပြည်ရဲ့ ကိုးကန့်ဒေသပေါ့။  မြန်မာပြည်တောင် မဟုတ်ဘူး  ကိုးကန့်ဒေသရဲ့   အစိတ်အပိုင်းတစ်ခု လောက်ပဲ  ရှိသေးတယ်။  ဒီမှာလည်း   ကျွန်တော်တို့ အနေနဲ့  လုံခြုံမှုပြန်လည်ရရှိရေး အမြန်ဆောင်ရွက် လျက်ရှိတယ်။ ပြီးရင် စစ်ကိုင်းတိုင်းဘက်မှာဖြစ်နေတဲ့ ထီးချိုင့်တို့၊ ကသာတို့၊ ကောလင်းတို့  နေရာမျိုးပေါ့။ ဒီဟာတွေလည်း  ကျွန်တော်တို့က   ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပဲ ရှိပါ သေးတယ်။ ဒါတွေကို ကျယ်ပြန့်နေတဲ့  ပုံစံပေါ့နော်။ ဒါကို ဝါဒဖြန့်ချိပြီးတော့ကျ အကြောက်တရား စိုးရိမ် မှုအပေါ်မှာ မူတည်ပြီးတော့ကျ  ဝါဒဖြန့်ချိတာမျိုးပဲ ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့  ပြောချင်တာကတော့ မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် လုပ်ဆောင်နေပါတယ်။ လုပ်လည်းလုပ်နိုင်ပါ တယ်။ ဆက်လက်ပြီးတော့လည်း  လုပ်ဆောင်သွား မှာဖြစ်ပါတယ်။  ပြည်သူလူထုအနေနဲ့ ဒီကောလာဟလ တွေ၊  ဝါဒဖြန့်ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လာပြီး နားမယောင်ဖို့၊ မကြောက်ရွံ့ဖို့၊ ပြီးရင်ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့     ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။  ထို့အတူ ရှေ့တန်းစစ်မျက်နှာ အသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့  လုံခြုံရေး တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား/ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်မိသားစုဝင်အားလုံးကို  နိုင်ငံတော် အကြီးအကဲ   တပ်မတော်အကြီးအကဲများအနေနဲ့ အမြဲအထူးဂရုပြုလျက်ရှိပါတယ်။ အမြဲတမ်းအားပေး လျက်ရှိပါတယ်။ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်မှုတွေ ကိုလည်း  အမြဲတမ်းအသိအမှတ်ပြုလျက်ရှိတယ်။ မကြာခင်မှာလည်း  တည်ငြိမ်တဲ့အခြေအနေ၊ လုံခြုံမှု ရှိတဲ့အခြေအနေတွေကို   ပြန်လည်တည်ဆောက် သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။