
အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုဆိုင်ရာ ဖမ်းဆီးရမိခဲ့မှုအခြေအနေ၊ AA သောင်းကျန်းသူများမှ မဟုတ်မမှန်သတင်းများထုတ်လွှင့်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ကျွန်တော်တို့နိုင်ငံအနေနဲ့ Online လောင်း ကစားမှုတွေ၊ ငွေကြေးလိမ်လည်မှုများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိပါတယ်။ ဒီတာချီလိတ် မှာဆိုရင် ဒီနေ့မနက် ၅ နာရီလောက်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်မှာရှိတဲ့ နေရာမှာ ကျွန်တော်တို့ Online လောင်းကစားတွေ၊ Online ငွေကြေး လိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် တိုးနယားလမ်းမှာရှိတဲ့ ကျော်သိန်း (ခေါ်) ခွန်မောင်ညို ပိုင်ဆိုင်တဲ့ ခြံဝင်းမှာ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသူ၊ နိုင်ငံသား ၁၄၈ ဦး ကျား ၇၅ ဦး၊ မ ၇၃ ဦး ပေါင်း ၁၄၈ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား ၁၇၃ ဦး၊ မ ၃၆၇ ဦး စုစုပေါင်း ၅၄၀ ဦးပေါ့။ အားလုံး ထိုင်း၊ တရုတ်၊ မြန်မာ အားလုံးပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီမှာ သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ရှစ်စီး၊ မော်တော်ဆိုင်ကယ် အစီး ၁၂၀၊ Online ဂိမ်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Desktop computer များကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီနေရာမှာ နှစ်ဧကခန့်၊ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ခြံဝင်း ထဲမှာ နှစ်ထပ်ဆောင် သုံးဆောင်၊ ဆောက်လုပ်ဆဲ အလူမီနီယံတွေနဲ့ လုပ်ဆောင်နေတဲ့ဟာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေကော၊ တခြား အိမ်နီးချင်း နိုင်ငံတွေကော ထိခိုက်စေတဲ့ Online လောင်းကစားမှု၊ Online ငွေရေးကြေးရေး လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ် ချေမှုန်း သွားမှာ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
သက်ဆိုင်ရာကို ရဲရဲဝံ့ဝံ့ဖော်ထုတ်အသိပေး
နောက်တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူ လူထုအားလုံး သတိထားဖို့ပဲဖြစ်ပါတယ်။ ဒီလိုပဲ Online ငွေကြေးလိမ်လည်မှု၊ သူကတော့ချေးငွေ လုပ်ငန်း လုပ်ဆောင်တယ်ဆိုပြီး Online ငွေကြေး လိမ်လည်မှု၊ ဒါပြီးရင် Online ကနေပြီးတော့ ငွေကြေးအမြတ်ထုတ် ခြိမ်းခြောက်နေတဲ့ အဖွဲ့ တစ်ဖွဲ့ကိုလည်း ကျွန်တော်တို့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီအဖွဲ့ကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းမှာ ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါ တယ်။ ဦးဆောင်သူကတော့ တရုတ်နိုင်ငံသား မစ္စတာ ယူလင်ဖန်း ဖြစ်ပါတယ်။ သူကတော့ အခု ချိန်မှာ ကမ္ဘောဒီးယားဘက်ကို ဇန်နဝါရီလ ကတည်းက ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတာ သိရပါတယ်။ ဒီအကြမ်းဖျင်း အခြေအနေကို ပြောပြ ရမယ်ဆိုရင်တော့ ဒီ Online လိမ်လည်မှုမှာပါဝင်တဲ့ တရားခံ ၁၃ ဦး ဆက်စပ်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ ပါတယ်။ အဲဒီအဖွဲ့အစည်းက စုစုပေါင်း ၉၁ ဦး လောက်နဲ့ ဖွဲ့စည်းထားတဲ့ Online ချေးငွေ လုပ်ငန်းကို အကြောင်းပြပြီး လိမ်လည်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
သူတို့အနေနဲ့ အကြမ်းဖျင်း လုပ်ပုံ ကိုင်ပုံတွေနဲ့ လူတွေကို လိုက်လံစည်းရုံးတယ်။ ငွေချေးပေးမယ်ဆိုပြီးတော့ ငွေချေးပေးတယ်။ တခြားလုပ်ငန်းတွေနဲ့ မြူဆွယ်တယ်။ ပြီးရင် ဒီလူ ဆီကနေပြီးတော့ ပစ်မှတ်လူဆီကနေမှ ငွေရေး ကြေးရေးနဲ့ပတ်သက်တဲ့ အကောင့်တွေ၊ သူနဲ့ ပတ်သက်တဲ့ ဒီဟာနဲ့ပတ်သက်ပြီး ရရှိအောင်လို့ ဒီဖုန်းထဲမှာ သူတို့ရဲ့ application တွေကို Install လုပ်ခိုင်းတယ်၊ application တွေကို သွင်းခိုင်းတယ်၊ သွင်းလိုက်တဲ့အချိန်မှာ သူရဲ့ Contact List တွေ၊ ဖုန်းထဲမှာရှိနေတဲ့ သူနဲ့ဆက်သွယ်နေတဲ့ ဖုန်းနံပါတ် တွေတို့၊ အချက်အလက်တွေတို့ အကုန်လုံးရယူ သွားပါတယ်။ ရယူသွားပြီး သူကငွေချေးတဲ့ပုံစံမျိုး လုပ်တယ်။ ငွေချေးတဲ့ပုံစံမျိုး လုပ်တယ်၊ ပြန်တောင်း တယ်။ ပြီးရင် သူ့ကိုငွေချေးထားတယ်ဆိုပြီး ငွေ ဘယ်လောက်ပေးဆိုပြီး ငွေညှစ်ပါတယ်။ ငွေညှစ် ပြီးတော့ ဒီသူတွေဟာ ငွေတောင်းလို့ အဲဒီလူက မပေးဘူးဆိုရင် သူ့ရဲ့ရရှိသွားတဲ့ Contact List ဖုန်းနံပါတ်တွေ၊ သူ့ရဲ့ဆက်သွယ်လို့ရတဲ့လူရဲ့ ဖုန်း နံပါတ်တွေကို အကုန်လိုက်ဆက်ပြီးတော့ အရှက် ခွဲတာတွေ၊ ခြိမ်းခြောက်တာတွေ ဆဲဆိုတာတွေ၊ အဆက်မပြတ် ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဒီနစ်နာသူများရဲ့ ပြောကြားချက်၊ ဖော်ထုတ်ချက် အရ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလောလော ဆယ်မှာ တရားခံ ၁၃ ဦး ဖမ်းဆီးရမိပြီးဖြစ်တယ်။ ကျန်တဲ့တရားခံတွေကိုလည်း ကျွန်တော်တို့ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ပြည်သူလူထုကို အသိပေးချင်တာက ယခင်ကလည်း ကျွန်တော် ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီ Online လိမ်လည်မှုဆိုတာသည် ဒါလောက်ကိုင် ဘက်မှာ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ပြောခဲ့ပြီး ဖြစ်တယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လိမ်လည် တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက တရုတ် နိုင်ငံကို လိမ်လည်တာလည်းမဟုတ်ဘူး။ ဒီတရုတ် နိုင်ငံထဲမှာ လိမ်လည်ပြီး ရာဇဝတ်မှု ကျူးလွန်ပြီး ပြည်ပြေးဖြစ်နေတဲ့သူတွေက နှစ်နိုင်ငံက သူတွေ အားလုံးကို၊ နှစ်နိုင်ငံက ပြည်သူလူထု နှစ်ရပ်လုံးကို လိမ်လည်တာဖြစ်ပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး နစ်နာတဲ့ပြည်သူလူထု နစ်နာတဲ့ကိစ္စတွေ ရှိပါ လိမ့်မယ်။ ဒါတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တိုင်ကြားဖို့ လိုပါတယ်။ ကျွန်တော်ထပ်ပြီး အသိပေးလိုတာ ကတော့ ဒီလိုအဖြစ်အပျက်မျိုးတွေကို သက်ဆိုင်ရာ ကို ရဲရဲဝံ့ဝံ့ဖော်ထုတ် အသိပေးဖို့လိုပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ပြည်သူလူထုရဲ့ ချွေးနှဲစာ၊ ကျွန်တော်တို့ ပြည်သူလူထုရဲ့ လုပ်အားနဲ့ရရှိထားတဲ့ ငွေတွေကို သက်သက်အမြတ်ထုတ် ကုပ်သွေးစုပ် တာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးများကို AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲအထိသွင်းယူ
နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ AA သောင်းကျန်းသူတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။ AA သောင်းကျန်းသူ တွေအနေနဲ့ အခုရက်ပိုင်းအတွင်းမှာ မွတ်စလင် အသိုင်းအဝိုင်းနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြား ပြောဆိုနေတာတွေ၊ ထုတ်လွှင့်နေတာတွေကို တွေ့ရပါတယ်။ ပထမဦးဆုံးအနေနဲ့ မောင်တော ဒေသမှာရှိတဲ့ ဒေသလုံခြုံရေးတာဝန်ယူထားတဲ့ နယ်စပ်ဒေသကာကွယ်ရေးရဲတွေ၊ ရဲစခန်းတွေကို သူတို့တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခဲ့တဲ့နေရာမှာ တချို့ရဲစခန်းတွေက ဆုတ်ခွာပေးလိုက်ရတယ်။ ဆုတ်ခွာပေးလိုက်တာနဲ့ AA အနေနဲ့ သတင်းတစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီသတင်းက ဘာလဲဆိုတော့ နယ်ခြားစောင့်ရဲတွေအနေနဲ့ ARSA အကြမ်းဖက် သောင်းကျန်းသူတွေကို လက်နက်တွေရောင်းချ ခဲ့တယ်ဆိုတဲ့ သတင်းမျိုးကို မဟုတ်မမှန်ထုတ်လွှင့် ခဲ့တာရှိပါတယ်။ အမှန်တော့ ဒီ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နဲ့ ARSA ဘင်္ဂါလီ သောင်းကျန်း သူ အဖွဲ့တွေက အရင်ကတည်းက အဆက်အသွယ် ရှိပြီး ဖြစ်ပါတယ်။ သူတို့ရဲ့အဓိက အဆက်အသွယ် ကတော့ မူးယစ်ဆေးဝါးလုပ်ငန်းပဲ ဖြစ်တယ်။ စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို AA အဖွဲ့အနေနဲ့ ရခိုင် ပြည်နယ်ထဲအထိ သွင်းယူလာတာ ဖြစ်ပါတယ်။ ဒီဟာတွေက ဘယ်ကနေထွက်တယ်၊ ဘယ်နေရာ ကနေသွားတယ်ဆိုတာ အထောက်အထားအပြည့် အစုံနဲ့ AA က အဖွဲ့ဝင်တွေ၊ အရာရှိကြီးများကိုယ်တိုင် သူတို့ပြောနေတဲ့ AA ရဲ့ စစ်ဘက်သူတို့ခေါင်းဆောင်လို့ ပြောနေတဲ့သူများကိုယ်တိုင် ပါဝင်ပတ်သက်တာ ဖြစ်ပါတယ်။ အကြိမ်ကြိမ်လည်း ဖမ်းဆီးရမိပြီး ဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့လည်း ကျွန်တော်တို့ ထုတ်ပြန်ပြီး ဖြစ်တယ်။ ဒီဟာတွေကို အဓိက ပင်လယ်ထွက်ပေါက်ကနေ ပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပို့တာရှိတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲမှာလည်း မကြာခဏ ဖမ်းဆီးရမိတာ ရှိတယ်။ နယ်စပ်အထိ AA အဖွဲ့က တာဝန်ယူပြီး ဟိုဘက်မှာ ARSA အဖွဲ့နဲ့ ချိတ်ပြီး လွှဲပြောင်းပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ရဲစခန်း တွေက ဆုံးရှုံးခဲ့ရတဲ့လက်နက်တွေကို ARSA အဖွဲ့ကို ထောက်ပံ့ပြီးတော့ သူတို့ထောက်ပံ့တယ်ဆိုတာ မဖြစ်အောင်၊ ပြီးရင် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်သူ လူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင် ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဒီရက်ပိုင်းအတွင်း မှာပဲ AA အနေနဲ့ တပ်မတော်က ရခိုင်မှာရှိတဲ့ အဓိကကတော့ ဘူးသီးတောင် - မောင်တောမှာရှိတဲ့ မွတ်စလင်တွေကို စစ်သားစုဆောင်းနေတယ်ဆိုပြီး ကောလာဟလတွေ ဆက်တိုက်ထုတ်လွှင့်နေတာ ရှိပါတယ်။ ဘူးသီးတောင်- မောင်တော မှာရှိတဲ့ မည်သည့်မွတ်စလင် အသိုင်းအဝိုင်းကိုမဆို၊ မည်သည့်မွတ်စလင်ကျေးရွာကိုမဆို မေးမြန်းလို့ ရပါတယ်။ စစ်သားစုဆောင်းခြင်းမရှိပါဘူး။ ဒီဒေသ တွေမှာ မွတ်စလင်ရွာတွေနဲ့ တပ်မတော် တပ်ရင်း/ တပ်ဖွဲ့တွေက အတူယှဉ်တွဲနေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါတွေကို ဒီနေ့မှာဆိုရင် ဘူးသီးတောင်-မောင်တောဘက်မှာ AA အနေနဲ့ မွတ်စလင်ကျေးရွာတွေက ကိုယ်စား လှယ်တွေခေါ်ပြီး အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ သူတို့အနေနဲ့ ဒီအဖွဲ့တွေကို တပ်မတော်နဲ့ မပူးပေါင်းဖို့၊ AA နဲ့ပူးပေါင်းဖို့၊ AA တပ်ထဲမှာဝင်ပါဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာရှိပါ တယ်။ အခွင့်အရေးတွေ ပေးသွားမယ်ဆိုပြီး ပြောဆို ခဲ့တာလည်းရှိပါတယ်။ သူတို့ပြောဆိုခဲ့တဲ့ အထောက် အထားတွေအားလုံးလည်း ရှိပါတယ်။ နောက်တစ်ခု ကတော့ ဘူးသီးတောင်မြို့နယ်ရဲ့ မောင်တောဘက် အထွက်မှာရှိတဲ့ လက်ဝဲတက်ပုဇွန်ချောင်း မွတ်စလင်ကျေးရွာတွေကို ဒီနေ့နံနက်မှာ AA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်ကို သတင်းပေးတယ်ဆိုပြီး မီးရှို့ဖျက်ဆီးတာရှိပါတယ်။ အနည်းဆုံး အိမ်ခြေ ၇၀၀ လောက်အထိ ဆုံးရှုံးခဲ့ ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ကတော့ ဘူးသီးတောင်မြို့မှာရှိတဲ့ မွတ်စလင်လူမှုကူညီရေး အသင်းနဲ့ ပူးပေါင်းပြီး ပြန်လည်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ။