နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် မတ် ၁၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။ သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်း နေရာချထားပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဖေဖော်ဝါရီလ တစ်လ တာအတွင်း နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုအသွင်မှ အကြမ်းဖက် ဆူပူမှု အသွင်(Riot)၊ ၎င်းမှ မင်းမဲ့စရိုက် ဆန်သောလူအုပ်စု (Anarchy Mob) အသွင်သို့ ကူးပြောင်းလာသည့် အခြေအနေများ၊ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် လမ်းပန်း ဆက်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ် လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများရပ်တန့်စေရေး CDM လုပ်ဆောင်လာမှုနှင့် CDM တွင် ပါဝင်လာစေရန် ခြိမ်းခြောက်လှုံ့ဆော်လာသည့် အခြေအနေများ၊ တရားမဝင်သည့် CRPH အဖွဲ့ကို ဖွဲ့စည်းပြီး လူထု ဆူပူအုံကြွမှု မြင့်မားလာစေရေး၊ အာဏာဖီဆန်ရေး လုပ်ငန်းစဉ်နှင့် အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်း ပေါ်သို့ တွန်းတင်ခဲ့ပြီး အနာဂတ် လူငယ်လူရွယ်များ ကို လမ်းပေါ် မထွက်၊ ထွက်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဖေဖော်ဝါရီလ နှင့် မတ်လဆန်းပိုင်းကာလတို့တွင် ဖြစ်ပေါ်ခဲ့သည့် မင်းမဲ့စရိုက်ဆန်စွာ ဆန္ဒပြမှုများနှင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေ များ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့ရှိ မြန်မာနိုင်ငံသားများ၊ ပညာတော်သင် သံဃာ တော်များကို တပ်မတော်ရေယာဉ်၊ လေယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ပေးခဲ့သည့် အခြေအနေများ။ စစ်ဆေးဖော်ထုတ်လျက်ရှိ CDM လုပ်ဆောင်မှုများကြောင့် ကျန်းမာရေး ကဏ္ဍတွင် ပြည်သူလူထု အခက်အခဲ ဖြစ်ခဲ့ရမှုများနှင့် တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများတွင် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက ကျန်းမာရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ CDM တွင်ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရေးအမည်ခံကာ သွေးထိုးလှုံ့ဆော်မှု များ၊ ငွေကြေးအလှူခံ အလွဲသုံးစားလုပ်နေသူများကို ထိရောက်သည့်အရေးယူမှုများ ပြုလုပ်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်အဆင့် လာဘ်ပေး လာဘ်ယူမှု Corruption နှင့် အလွဲသုံးစားမှု ဖော်ထုတ်တွေ့ရှိချက်၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အား စစ်ဆေးတွေ့ရှိချက် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်သမ္မတ ဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများအား လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ယခင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လအတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နှင့် အကယ်ဒမီ ရွှေစင် ၇ ပိဿာတို့အား ပေးအပ်ခဲ့ရသည်ဟု အတိအလင်းထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့သည်ဟု သိရှိရသဖြင့် လိုအပ်သည်များ ဆက်လက်စုံစမ်း စစ်ဆေးနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖော်ထုတ်စစ်ဆေးလျက် ရှိသည့် အခြေအနေများ၊ အလားတူ ယခင်ဝန်ကြီးချုပ် များဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာ မြင့်နိုင်နှင့် ဒေါက်တာအေးဇံတို့သည်လည်း အဂတိ လိုက်စားမှုများဖြင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရ သဖြင့် စစ်ဆေးဖော်ထုတ်လျက်ရှိသည့် အခြေအနေ များနှင့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့နှင့် ပတ်သက်၍လည်း စီးပွားရေးလုပ်ငန်းရှင်အချို့ ထံမှ ငွေကြေးလက်ခံရယူမှုများ စိစစ်တွေ့ရှိရသည့် အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး သတင်း ဆက်လက်ထုတ်ပြန်ပေးသွားမည့် အခြေအနေများ နှင့် ယခင်မဲရလဒ် ကြေညာချက်များနှင့် ယခု UEC ၏ မဲလက်မှတ်စစ်ဆေးတွေ့ရှိချက်များအရ ကွာခြား ချက်များ၊ ယခင် UEC အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထုသိရှိစေရန် ပြောဆိုချက်များ စသည့် အခြေအနေများကို Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။ ရှင်းလင်းဖြေကြား ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ဦးခင်မောင်ဦးက လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင် ချက်များနှင့် မဲစာရင်း လက်တွေ့စစ်ဆေးချက်များကို သက်သေအထောက်အထားများဖြင့် ရှင်းလင်း ဖြေကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် သတင်း ဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှအဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဌာန ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ် များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များ၊ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့ စစ်ဆေး ချက်များနှင့် သိရှိနိုင်ရန်လိုအပ်သည့် တွေ့ရှိချက် အထောက်အထားများကို ခင်းကျင်းပြသထားရှိရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာကြသူများ က လိုက်လံကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လိုက်လံ ရှင်းလင်းပြသခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက် များလာရောက် သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်