နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   သတင်းထုတ်ပြန်ရေးအဖွဲ့၏  အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌       ကျင်းပပြုလုပ်ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ  ပြောရေးဆိုခွင့်ရှိသူများနှင့်    ဌာနဆိုင်ရာ    သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက    ရုရှား- မြန်မာ   ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အလားအလာ များ၊ ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  ငြိမ်းချမ်းရေးဆောင်ရွက်မှု များ၊ ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်အတွင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်        ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လတ်တလောဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ် များနှင့်   စပ်လျဉ်း၍ ထောက်ပံ့ကူညီမှုအခြေအနေ များ၊ ကိုဗစ်-၁၉ ရောဂါနှင့်  ပတ်သက်သည့် အခြေ အနေများ၊ အကြမ်းဖက် NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများနှင့်   အကြမ်းဖက် အားပေးမှုများ   မဖြစ်စေရန်    ပြည်သူလူထုသို့ အသိပေးချက်    အခြေအနေများ     ဖြစ်ပါကြောင်း၊ အမှတ်စဉ် ၁ မှ ၆ အထိ မိမိအနေဖြင့် ရှင်းလင်းသွား  မည်ဖြစ်ပြီး     ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်           ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍဖြစ်ပါကြောင်း၊  မေးခွန်း များမေးသည့်အခါ  စနစ်တကျဖြစ်စေရေး   အခမ်း အနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်းနှင့်    မီဒီယာတစ်ခုလျှင်    အချိန် ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

 


ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး
၇၅ နှစ်ပြည့်မြောက်မည်


ပထမဆုံးအနေဖြင့် ရုရှား- မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အလားအလာ များအကြောင်းကို ပြောလိုပါကြောင်း၊ ရုရှား- မြန်မာ သံတမန်  ဆက်သွယ်ရေးဆက်ဆံရေးဆောင်ရွက်လာသည်မှာ  ၇၅  နှစ်   ပြည့်ခဲ့ပြီးဖြစ်ပါကြောင်း၊    မြန်မာကိုယ်စားလှယ်အဖွဲ့သည်    စက်တင်ဘာ ၄  ရက်တွင်   ရုရှားနိုင်ငံအစိုးရ၏    ဖိတ်ကြားချက်အရ  အရှေ့ဖျားဒေသ       စီးပွားရေးဖိုရမ်     (EEF)  ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံကို သွားရောက်ခဲ့ ပါကြောင်း၊ စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ   သမ္မတ မစ္စတာဗလာဒီမာပူတင်တို့             တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး  ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်၍ ဂုဏ်ပြုအခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အလေးအနက်ထား ပြောကြားခဲ့သည်မှာ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင်   ယုံကြည်အားထားရသည့်    ကာလ ရှည်မိတ်ဖက်နိုင်ငံဖြစ်သည်ဟု    ပြောကြားခဲ့ပါ ကြောင်း၊ အဆိုပါ မှတ်ချက်ပြုပြောကြားချက်သည် အရေးကြီးသည့် ပြောကြားချက်ဖြစ်ပါကြောင်း။

 


မိမိတို့     နှစ်နိုင်ငံ၏   ဆက်ဆံရေးနှင့်   ပူးပေါင်း ဆောင်ရွက်မှုများသည် တိုးတက်ကောင်းမွန်လျက်ရှိ ပြီး   ကုန်သွယ်ရေးနှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက် မှုများသည်     အလားအလာကောင်းများစွာကို တွေ့မြင်နေရပြီးဖြစ်ကြောင်း၊  ယခုကဲ့သို့ အရှေ့ဖျား  စီးပွားရေးဖိုရမ်သို့    လာရောက်တက်ရောက်သည့် အတွက်လည်း     များစွာကျေးဇူးတင်ကြောင်းကို ပြောကြားခဲ့ပါကြောင်း၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည်  ၇၅  နှစ်ပြည့်မြောက်တော့မည် ဖြစ်၍    ထူးခြားသည့်   သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း၊     ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေး    သမိုင်းကြောင်းတစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံရှိခဲ့ကာ     ရုရှားဖက်ဒရေးရှင်း နိုင်ငံသည်     သမိုင်းကြောင့်   အစဉ်အလာ  ကြီးမား သည့် နိုင်ငံတစ်ခုဖြစ်ပြီး  လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က  ရုရှားနိုင်ငံအနေဖြင့်   အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း      လက်ရှိအချိန်တွင်    ကမ္ဘာ့ ထိပ်တန်း နိုင်ငံတစ်ခုအဖြစ်ကို  ရောက်ရှိပြီး  ကမ္ဘာ့ အရေးကိစ္စမှန်သမျှကို     သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရကြောင်းကို ပြောကြားခဲ့ပါကြောင်း။

 


ကာလရှည်   မိတ်ဖက်နိုင်ငံအဖြစ် ထုတ်ဖော်ပြောကြား


နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး     ဆွေးနွေးသည့် အချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်  မြန်မာနိုင်ငံ တို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ် လုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး၊  အာကာသနှင့်  ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊  နှစ်နိုင်ငံခရီးသွားလုပ်ငန်း များ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံ သို့ ရုရှားနိုင်ငံမှ  ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီး မြှုပ်နှံစေရေး      ဖိတ်ခေါ်မှုများနှင့်    နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ  အသုံးပြုပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေး အပါအဝင် ကဏ္ဍပေါင်းစုံတို့တွင်   ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးတို့နှင့် ပတ်သက် ပြီး ခင်မင်ရင်းနှီးစွာ အသေးစိတ်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများ၏ ဆွေးနွေးမှုများသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အရင်းတည်၍ တိုးတက်ခြင်းဆိုသည့် အပြုသဘော ဆောင်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ထူးခြားသည်မှာ  ရုရှားနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံ သည်    အရှေ့တောင်အာရှဒေသတွင်   ယုံကြည် အားထားရသည့်   ကာလရှည်   မိတ်ဖက်နိုင်ငံအဖြစ် အလေးထား        ထုတ်ဖော်ပြောကြားခဲ့ပါကြောင်း၊  ရုရှားနိုင်ငံအနေဖြင့်  အာရှ-ပစိဖိတ်ဒေသကို  ပိုမို အလေးထားလာသည်နှင့်အမျှ  တောင်အာရှဒေသ၊ အရှေ့တောင်အာရှဒေသတို့နှင့်  ဆက်သွယ်ဆက်ဆံ ရာတွင်     မြန်မာနိုင်ငံကို    အထူးပြုလာနိုင်သည်ဟု မိမိအနေဖြင့် ပြောကြားလိုပါကြောင်း။ 

 


(၇)ကြိမ်မြောက်     အရှေ့ဖျားစီးပွားရေးဖိုရမ် အစည်းအဝေးသို့ နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေး ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း၊ အစည်းအဝေးတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  မစ္စတာဗလာဒီမာပူတင်အနေဖြင့်  ရုရှားအရှေ့ဖျား ဒေသ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်စွမ်းအား တိုးတက် ကောင်းမွန်လာစေရန်  ဆောင်ရွက်ပေးမည့် အခြေ အနေများ၊ အထူးစီးပွားရေးဇုန်များ တည်ထောင် ထားပြီး အာရှနှင့်  ပစိဖိတ်ဒေသမှ   ရင်းနှီးမြှုပ်နှံသူ များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များ၊  ဆိပ်ကမ်းများကို  ဆက်သွယ်ရေးနည်းပညာ အသုံးပြုပြီး  အဆင့်မြှင့်တင်ကာ  ကုန်စည်သင်္ဘော များ    ချိတ်ဆက်သွားလာနိုင်မည့်   ဆိပ်ကမ်းများ ပေါ်ပေါက်လာရေး  ဆောင်ရွက်နေမှု   အခြေအနေ များ၊  အာရှနှင့်   ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်းပင်လယ်လမ်းကြောင်း   တစ်ခုဖြစ်ပေါ် လာနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း။

 


အဆိုပါဖိုရမ်တွင်         မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က   “စားနပ်ရိက္ခာလုံခြုံရေး   (Food Security)ကဏ္ဍတွင် မြန်မာနိုင်ငံ၏အရေးပါမှုနှင့်   ရင်းနှီးမြှုပ်နှံမှုအတွက်   အခွင့်အလမ်းကောင်းများ” ဟူသော   ခေါင်းစဉ်ဖြင့်   ဆွေးနွေးခဲ့ပါကြောင်း၊ လူသားများ အသက်ရှင်နေထိုင်လှုပ်ရှား သွားလာရန် လိုအပ်သော စွမ်းအင်(Energy)ကို အစားအသောက် များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှုရှိရေး(Food Security)သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်    သက်ရှိလူသားများအားလုံး အတွက်  အခြေခံအကျဆုံးနှင့်   အဓိက   အကျဆုံး လိုအပ်ချက်တစ်ခု   ဖြစ်ပါကြောင်း၊      ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို             နိုင်ငံတကာဈေးကွက်မှ ဝယ်ယူတင်သွင်းမှုများ  ပြုလုပ်လာကြသည့်အတွက် ဘဏ္ဍာရေးလုံခြုံမှု   (Financial  Security) သည် စားနပ်ရိက္ခာလုံခြုံရေး  (Food Security) အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို     တွေ့ရှိရပါကြောင်း၊  စားနပ်ရိက္ခာလုံခြုံရေး (Food Security) ဆိုရာတွင် အဓိကကျသည့်   စိုက်ပျိုးရေးအတွက် လိုအပ်သည့်  လောင်စာဆီ၊  ဓာတ်မြေဩဇာအပါအဝင် အထောက် အကူပြုပစ္စည်းများ   ရောင်းဝယ်ရာတွင်  အချို့နိုင်ငံ များက  ဘဏ္ဍာရေးလုံခြုံမှုနှင့်  ယှဉ်တွဲကာဖြစ်လာ သည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိ သည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များတွင် နိုင်ငံကြီးများကို လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း။

 


မိမိတို့အနေဖြင့်        ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတွင် ဒေါ်လာသာမက ရူဘယ်၊ ယွမ်၊ ရူပီး စသည့်ငွေကြေးများကို ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ရေး၊ တိုက်ရိုက်ကုန်စည်ဖလှယ်မှု စနစ် (Barter System)ကိုလည်း  ဒေါ်လာအစားထိုး ဆောင်ရွက်နိုင်ပါက         နိုင်ငံငယ်များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှု  အခက်အခဲကို ကျော်လွှား နိုင်မည်ဖြစ်ကြောင်းကို     ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးမှုခေါင်းစဉ်နှင့်            လိုက်လျောညီစွာ ဆက်လက်ဆွေးနွေးရာတွင်   အာဆီယံဒေသ၏ ကုန်သွယ်မှုတွင်   စိုက်ပျိုးရေးထုတ်လုပ်မှု များစွာရှိ ခဲ့ကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်မှုကို များစွာတိုးမြှင့် နိုင်ပါက
စားနပ်ရိက္ခာလုံခြုံမှု(Food Security)ကို များစွာ အထောက်အကူပြုနိုင်ကြောင်းကို         ဆွေးနွေး ခဲ့ပါကြောင်း၊    နိုင်ငံတော်အကြီးအကဲ၏  ဆွေးနွေး ချက်သည် မဟာဗျူဟာမြောက်သည့် ဆွေးနွေးချက် ဖြစ်ပါကြောင်း၊  ကမ္ဘာတစ်ဝန်းကာလအလိုက်     တိုးတက်လာမည့် လူဦးရေနှင့်    စားနပ်ရိက္ခာလိုအပ်မှု (Demand)   တိုးတက်လာနိုင်မှု၊    မြန်မာနိုင်ငံမှ   ကမ္ဘာတစ်ဝန်းအတွက် စားနပ်ရိက္ခာလုံခြုံရေး(Food Security)    အတွက်      ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ၊  မြန်မာနိုင်ငံအပါဝင် အာဆီယံဒေသမှ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး      (Food  Security)   အတွက်     အားဖြည့်ဆောင်ရွက်ပေးနိုင်မှုတို့ကို အများမြင်သာအောင် ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးမှုများနှင့်  ပတ်သက်ပြီး ရုရှားနိုင်ငံတွင်ရှိ သည့် မီဒီယာများမှ  အကျယ်တဝင့်ဖော်ပြခဲ့သည်ကို တွေ့ရပါကြောင်း ပြောကြားသည်။ 

 


မြန်မာနိုင်ငံသည်  သမုဒ္ဒရာကြီးနှစ်ခုကို       ပေါင်းကူးပေးရာတွင် အချက်အချာကျသည့်နေရာက  တည်ရှိ
ထို့အပြင် မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင် အာရှဒေသသည်   သဘာဝပထဝီဝင်အရ သမုဒ္ဒရာ ကြီးနှစ်ခုကို       ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့်နေရာက  တည်ရှိလျက်ရှိသည့် အားလျော်စွာ    အင်ဒို-   ပစိဖိတ်ဒေသကြီးတွင် အရေးပါသည့်နေရာက      ပါဝင်လျက်ရှိပြီး   အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့   (ASEAN) ၏  အဖွဲ့ဝင် နိုင်ငံများသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်း ရေးအတွက် များစွာအရေးပါပြီး  စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်     အခွင့်အလမ်းများစွာရှိသည့် နိုင်ငံများအဖြစ်             ရပ်တည်လျက်ရှိကြောင်းကို ဆွေးနွေးနိုင်ခဲ့ပါကြောင်း။ 

 


မြန်မာနိုင်ငံ၏  အရေးပါမှုနှင့်   ရင်းနှီးမြှုပ်နှံမှု အတွက်    အခွင့်အလမ်းကောင်းနှင့်   ပတ်သက်ပြီး ရေနံနှင့်   သဘာဝဓာတ်ငွေ့ကဏ္ဍနှင့်     စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်   ကမ်းလွန်ရေနံလုပ်ကွက်   ၅၁ ကွက်သတ်မှတ်ထားကာ  လုပ်ကွက်  ရှစ်ကွက်တွင် သဘာဝဓာတ်ငွေ့များ  တွေ့ရှိတူးဖော်ကာ ပြည်တွင်း၊ ပြည်ပကို  တင်ပို့ရောင်းချလျက်ရှိပြီး   လက်ရှိတွင် လည်း သဘာဝဓာတ်ငွေ့ နှစ်ထရီလီယံကုဗပေကျော် တွေ့ရှိထား၍  မကြာမီ  စီးပွားဖြစ်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း၊ ထို့ထက် ပိုမိုကြီးမားသည့်  ဓာတ်ငွေ့ သိုက်တစ်ခုကိုလည်း တူးဖော်နိုင်မည့် အလားအလာ များ တွေ့ရှိရကြောင်းကို ပြောကြားခဲ့ပါကြောင်း၊ နောင်လာမည့်   သုံးနှစ်အတွင်းတွင်  မြန်မာနိုင်ငံ အနေဖြင့်    သဘာဝဓာတ်ငွေ့ကို    အခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည့် အတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်   စိတ်ပါဝင် စားသူများကို ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ် သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင် များကို မြန်မာနိုင်ငံ၏ ရေနံနှင့်  သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ် မှုကဏ္ဍ၊   စွမ်းအင်ကဏ္ဍ၊  ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နှင့်     အခြားသောစွမ်းအင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊     သတင်းအချက်အလက် နည်းပညာနှင့်  ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍနှင့်  ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍများ၊ အထည်ချုပ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နိုင်ခဲ့ပါ ကြောင်း၊    အခြားပြည်ပကုန်သွယ်ရေးအတွက်ကိုလည်း အခွင့်အလမ်းများစွာ ပေးအပ်နိုင်စွမ်းရှိသည် ကို ပြောကြားခဲ့ပါကြောင်း။

 


ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား  သံတမန်ဆက်ဆံမှုအပါအဝင်         ကဏ္ဍပေါင်းစုံ ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင် ရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည်  သဘာဝကပေးသည့် ရေမြေသယံဇာတ စိုက်ပျိုးမြေ ပေါများစွာရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်ပါကြောင်း၊ စိတ်ပါဝင်စားသူ၊ ရင်းနှီးမြှုပ်နှံ လိုသူများ  များပြားကြောင်းလည်း ယင်းခရီးစဉ်တွင် ထင်ထင်ရှားရှားတွေ့ခဲ့ရပါကြောင်း၊    မြန်မာနိုင်ငံ UMFCCI က စီးပွားရေးလုပ်နေကြသည့်   စီးပွားရေး လုပ်ငန်းရှင်များလည်း  ပါဝင်ပါကြောင်း၊    ၎င်းတို့ လည်း    အရှေ့ဖျားစီးပွားရေးဖိုရမ်သာမက     အခြား အစည်းအဝေးတစ်ခုကိုပါ   တက်နိုင်ခဲ့ပြီး  များစွာ ဆွေးနွေးနိုင်ခဲ့သည်ကို  တွေ့ရပါကြောင်း၊   မြန်မာ နိုင်ငံနှင့်ပတ်သက်ပြီး ခရီးစဉ်တစ်လျှောက်လုံးတွင် စီးပွားရေးလုပ်ငန်းရှင်များ၊        နည်းပညာကုမ္ပဏီ အနေဖြင့်လည်း စိတ်ပါဝင်စားမှုနှင့်  ရင်းနှီးမြှုပ်နှံ လိုသည်များ များစွာရှိကြောင်းကို တွေ့ရပါကြောင်း၊ ယင်းကဏ္ဍများ   ဖွံ့ဖြိုးတိုးတက်ရန်  အလားအလာ ကောင်းများ   တွေ့ရပါကြောင်း၊  မိမိတို့    နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ညီညွတ်ရန်နှင့် ကြိုးစားရန် လိုပါကြောင်း။ 

 


အရှေ့ပိုင်းတွင်  အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်


မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ  ၅ ရက်တွင်    ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ် လေ့ကျင့်ရေးသင်တန်းကျောင်း၊  အရှေ့ဖျားရေငုပ် သင်္ဘောဌာနချုပ်နှင့်            ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့        သွားရောက် လေ့လာခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သို့  သွားရောက်လေ့လာရာတွင် ယင်းဆိပ်ကမ်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အရှေ့ပိုင်းတွင်  အကြီးဆုံးဆိပ်ကမ်း တစ်ခုဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံ ၏ ရည်မှန်းချက်သည် ယင်းဆိပ်ကမ်းကို အသုံးပြုပြီး အာရှ-အရှေ့တောင်အာရှဒေသတွင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးတိုးချဲ့ရန်အတွက်     ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း     ပါဝင်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး   တည်းခိုသည့်  နေရာအတွင်းရှိ Medical School  နှင့်  Medical  Center  တို့ကို သွားရောက်လေ့လာခဲ့ပါကြောင်း၊ ဆေးပညာရပ် ဆိုင်ရာ သင်ကြားလေ့ကျင့်မှုများကို လေ့လာခွင့်ရ သကဲ့သို့ မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ် သင်ကြားနိုင်ရေးနှင့် ပတ်သက်သည့် အခြေအနေ များ၊  အဆင့်မြင့်   ဆေးပညာရပ်တက်ရောက် သင်ကြားနိုင်မည့်  အခြေအနေများ၊  သင်တန်းသား များ    လာရောက်တက်ရောက်လျှင်   ရရှိနိုင်မည့် အခွင့်အလမ်းများ၊   ဆေးတက္ကသိုလ်နှင့်   ဆေးရုံ အချင်းချင်း   ဆေးပညာရပ်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါကြောင်း။

 


ဆက်လက်ပြီး စက်တင်ဘာ ၆ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏          အကြံပေးဖိုရမ် ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူးနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ  သတင်းအေဂျင်စီတစ်ခု နှင့်    တွေ့ဆုံခဲ့ပါကြောင်း၊  RIA  သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင်      အာရှ-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ   သဘောထားအမြင်များ၊ မြန်မာ နိုင်ငံ၏  နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့်   ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများနှင့်  အခြားသိရှိလိုသည် များကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း။

 


သဘောတူညီမှုစာချွန်လွှာ  လက်မှတ်ရေးထိုး


ထို့ပြင် ဖိုရမ်အတွင်း  ခင်းကျင်းပြသထားသည့် ပြခန်းများဖြစ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးပြခန်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းနှင့် ရုရှားနိုင်ငံ   လေကြောင်းပြခန်းတို့ကို ရောက်ရှိခဲ့ပါ ကြောင်း၊   ရုရှားနိုင်ငံပိုင်      အဏုမြူကော်ပိုရေးရှင်း အမှုဆောင်          အရာရှိချုပ်နှင့်          အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပါကြောင်း၊       နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင်  အတွေ့အကြုံနှင့်   နည်းပညာများကို   လေ့လာခွင့် ရရှိနိုင်မည့် အခြေအနေများနှင့်    နှစ်နိုင်ငံပြည်သူ လူထု အကျိုးရှိစေနိုင်မည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊  နျူကလီးယား စွမ်းအင်ကို   နိုင်ငံသူ   နိုင်ငံသားများ၏   လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်    ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန်    ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော  လုပ်ငန်းအပါ အဝင် သိပ္ပံနှင့်  သုတေသနစမ်းသပ်ခြင်း၊  ဆေးဝါး ထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာအသုံးပြု ဆောင်ရွက်နိုင်မည့်အခြေအနေ များနှင့် ပတ်သက်၍    ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊    သိပ္ပံနှင့်        နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်းတို့အကြား     ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူ ညီမှုစာချွန်လွှာ           လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ကြပါကြောင်း ပြောကြားသည်။

 


ထို့ပြင်   အဖွဲ့ဝင်များအဖြစ်   လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်တို့သည်       Russia-ASEAN Business Dialogue သို့ တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များ  ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင် အရာရှိချုပ်တို့ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာကိစ္စရပ်များကို  ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန         ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေးစနစ်တွင် တွေ့ကြုံရသည့်    အခက်အခဲများနှင့်  ထိုအခက်အခဲ များကို   ကျော်ဖြတ်ရန်  ကြိုးပမ်းမှုများ၊  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်      ဖိုရမ်အတွင်းရှိ  Strategic    Technical    Alliance  တွင်   ပါဝင် တက်ရောက်ခဲ့ခြင်းများနှင့် သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်            ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး           ဦးခင်မောင်ရီသည် ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus ၌ ကျင်းပ ပြုလုပ်သည့် 2nd International Tiger Conse-rvation  Forum သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ တွင် ကျားထိန်းသိမ်းရေးဆောင်ရွက်မည့် အစီအမံ ဆိုင်ရာ   အကြောင်းအရာများနှင့်   ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါကြောင်း၊  ထို့ပြင်  မြန်မာ နိုင်ငံ၏  သတ္တုလုပ်ငန်းများကို    စိတ်ဝင်စားသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်း 
နိုင်ငံပိုင် Sputncik News Agency နှင့် မြဝတီရုပ်မြင် သံကြားတို့အကြား     နှစ်ဖက်သဘောတူညီမှု  ဆိုင်ရာ      စာချွန်လွှာတစ်ရပ်ကို    အတည်ပြု လက်မှတ်ရေးထိုးမှုတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး   စက်တင်ဘာ   ၉   ရက်တွင်  ဗလာဂါဗြဲရှပ်မြို့ရှိ အာကာသယာဉ် လွှတ်တင်ရေး စခန်းသို့          သွားရောက်လေ့လာခဲ့ပါကြောင်း၊ အာကာသယာဉ်        လွှတ်တင်ရေးစင်နှစ်ခုကို သွားရောက်လေ့လာခဲ့ပါကြောင်း၊  ဒုံးပျံများတပ်ဆင် ထုတ်လုပ်ရေးအလုပ်ရုံနှင့်  ဂြိုဟ်တုထုတ်လုပ်ရေးအလုပ်ရုံအတွင်း         လိုက်လံလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်    အတွေ့ အကြုံများ၊ အကြံပြုချက်များ၊ နည်းပညာဆိုင်ရာများ နှင့် လူသား အရင်းအမြစ် မွေးထုတ်ရေးဆိုင်ရာတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ   ကူညီဆောင်ရွက်သွား မည့်  အခြေအနေများ၊ နှစ်နိုင်ငံနည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့်   ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ ပါကြောင်း။ 

 


ရထားသီးသန့်ဆောင်ရွက်ပေးပြီး 
မြန်မာနိုင်ငံခေါင်းဆောင်အပေါ် အလေးအနက်ထားကြောင်း ဖော်ပြ


ဆက်လက်၍       ရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့ကို ရောက်ရှိပြီး ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဗက်နှင့် ဗုဒ္ဓဘာသာ  လေ့လာရေးအင်စတီကျု ဆိုက်ဘေးရီး ယားဌာနခွဲ၊       နျူကလီးယားဆေးဘက်ဆိုင်ရာ စင်တာ၊ ရထားစက်ခေါင်းပြင်ဆင်ရေးအလုပ်ရုံတို့ သို့  သွားရောက်လေ့လာခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာ နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Ulan-Ude မြို့ အီကုစ်ပြည်နယ်သို့  သီးသန့် အထူးရထား ခရီးစဉ်ဖြင့် သွားရောက်ခဲ့ပါကြောင်း၊  လမ်းခရီးကြာ မြင့်ချိန် ၆ နာရီခန့်ကြာပါကြောင်း၊  အဆိုပါ  သီးသန့် ရထားသည်   ရုရှားနိုင်ငံရှိ   နိုင်ငံ့အကြီးအကဲများ သီးသန့်စီးနင်းရန်အတွက် စီစဉ်ထားသည့် ရထား ဖြစ်ပြီး   မြန်မာနိုင်ငံ၏   နိုင်ငံ့အကြီးအကဲ  ခရီးစဉ် အတွက်    မော်စကိုမြို့မှ    တိုက်ရိုက်စေလွှတ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံခရီးစဉ် တစ်လျှောက်လုံး   အလေးပေးမှု၊  အလေးထားမှုကို တွေ့ရပါကြောင်း၊ ရုရှားနိုင်ငံ မော်စကိုမြို့နှင့် Ulan-Ude မြို့တို့သည် အလွန်ဝေးကွာသည့် ခရီးဖြစ်ပါ ကြောင်း၊    အကြီးအကဲများစီးသည့်   ရထားကို သီးသန့်စီစဉ်ပြီး ခရီးစဉ်ကို  သီးသန့်ဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံခေါင်းဆောင်အပေါ် အလေးအနက်ထားကြောင်း  ဖော်ပြမှုကို  တွေ့ရပါ ကြောင်း၊ မီးရထားလမ်းကြောင်းနည်းပညာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုများကို       လေ့လာခဲ့ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်   ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲများနှင့်     တွေ့ဆုံခဲ့ပါကြောင်း၊ အီကုစ်ပြည်နယ် အီကုစ်မြို့ရှိ လေယာဉ်ထုတ်လုပ် ရေးစက်ရုံတွင် လေယာဉ်ကြီးများ ထုတ်လုပ်တပ်ဆင်  နေမှုအခြေအနေများကို        လေ့လာခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော်အတွက်  ထုတ်လုပ်လျက်ရှိသည့် Su-30   တိုက်ခိုက်ရေးလေယာဉ်များ   ထုတ်လုပ် တပ်ဆင်နေမှုနှင့်     လေ့ကျင့်စမ်းသပ်နေမှုများကို လေ့လာကြည့်ရှုခဲ့ပါကြောင်း၊  Su-30  လေယာဉ် သည်   ခေတ်မီလေယာဉ်တစ်စင်းဖြစ်ပါကြောင်း၊  ယင်းခေတ်မီလေယာဉ်ကို    မြန်မာနိုင်ငံအနေဖြင့် လေ့ကျင့်သင်ကြားပြီးဖြစ်ပါကြောင်း၊      မကြာမီ အပြည့်အစုံ        ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းပြည်နယ်သည် ရုရှားနိုင်ငံ၏ အလယ်ဗဟိုချက်မ ဖြစ်ပြီး အရေးပါသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါ ကြောင်း၊  ရုရှားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုအကြီးစား စက်ရုံ အများအပြားသည် ယင်းပြည်နယ်တွင်ရှိပြီး  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၀၀၀ ကျော် လည်ပတ် လျက်ရှိပါကြောင်း၊ ခရီးစဉ်ကာလအတွင်း မြန်မာ နိုင်ငံနှင့်  ယင်းပြည်နယ်တို့အကြား  မဟာဗျူဟာ မြောက်   စီးပွားရေးဆိုင်ရာ     ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊  ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဆိုင်ရာ၊    စိုက်ပျိုးမွေးမြူရေး   စသည့် အခြေအနေများကို ဆွေးနွေးခဲ့ပါကြောင်း။

 


ခရီးစဉ်တွင် Republic of Buryatia ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲနှင့်      တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း၊  အဆိုပါခရီးစဉ်တွင် ရုရှား-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကို  တိုးမြှင့်ဆောင်ရွက်ရန်နှင့်  မြန်မာ နိုင်ငံ၏   အမျိုးသားအကျိုးစီးပွားကို    တိုးမြှင့် ဆောင်ရွက်ရန်တို့အတွက်       အကျိုးများစွာရှိခဲ့ ကြောင်း၊   မြန်မာနိုင်ငံ၏       အနာဂတ်အတွက်  အရေးပါသည့်   အဏုမြူစွမ်းအင်ကို   ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးနှင့်    အာကာသနည်းပညာတို့နှင့် ပတ်သက်၍            ပူးပေါင်းဆောင်ရွက်ရေးများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊      ယခု     ခရီးစဉ်သည် မျှော်လင့်ထားသည်ထက်          ပိုမိုအောင်မြင်ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ယခုခရီးစဉ်၏ အောင်မြင် မှုနှင့် မြန်မာနိုင်ငံအစိုးရ၏ ဂုဏ်သိက္ခာမြင့်မားမှုတို့ကို ရုရှားနိုင်ငံမှ မီဒီယာများနှင့် မိမိတို့နိုင်ငံမှ မီဒီယာများ မှတစ်ဆင့် တိုင်းရင်းသားလုပ်သား ပြည်သူအားလုံး မျက်ဝါးထင်ထင် တွေ့မြင်ရပြီးဖြစ်ကြောင်း၊ ရုရှား နိုင်ငံသမ္မတကြီးနှင့်    တွေ့ဆုံရာတွင်လည်း  မိမိတို့ နိုင်ငံဝန်ကြီးချုပ်ကို   နှုတ်ဆက်ခဲ့သည့်  နှုတ်ဆက် စကားထဲ၌ပင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နေသည်ကို  တွေ့ရမည်ဖြစ်ကြောင်း၊    ထိုသို့  တွေ့ဆုံခဲ့သည့် ငါးမိနစ်စာခန့်ရှိသည့် Video File ကို မိမိတို့နိုင်ငံမှ မီဒီယာများထံသို့ အချိန်မီ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ မီဒီယာများကလည်း      အချိန်မီ   ဖြန့်ဖြူးပေးခဲ့ကြ ကြောင်း၊ ထို့အတွက် အားလုံးကိုလည်း ကျေးဇူးတင် ရှိပါကြောင်း၊ ခရီးစဉ်အပြန်တွင်လည်း ပြည်သူလူထု က ဝမ်းပန်းတသာကြိုဆိုကြသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ မြန်မာကိုတန်ဖိုးထားသည့်၊ မြန်မာ့ဂုဏ်ကို အလေးထားသည့်၊ မြန်မာကိုချစ်သည့် ပြည်သူလူထု ကို    မိမိတို့အစိုးရအနေဖြင့်  အလေးထားဂုဏ်ယူ ကျေးဇူးတင်ပါသည်ဟု ပြောကြားလိုကြောင်း၊ ယခု ကဲ့သို့     အောင်မြင်မှုရရှိရန်အတွက်   နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်     နှစ်ပေါင်းများစွာ    ပြင်ဆင် တည်ဆောက်ခဲ့ရကြောင်း၊ ခရီးစဉ်ကာလအတွင်း၌ နေ့စဉ်အချိန်တိုင်းအစိုးရအဖွဲ့ဝင်များနှင့်  တွေ့ဆုံပြီး  အသေးစိတ်ဆွေးနွေး    ညှိနှိုင်းခဲ့ရကြောင်း၊ အနားယူ ချိန်မရှိသလောက်ပင်ဖြစ်ကြောင်း၊ ယခင်ကတည်း က  တည်ဆောက်ခဲ့သည့်  မဟာဗျူဟာအမြင်ဖြင့် လုပ်ဆောင်ချက်များနှင့်  လက်ရှိအခြေအနေအပေါ်  မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်သည့် နိုင်ငံတော် ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်များသည် မြန်မာ နိုင်ငံနှင့် ပြည်သူလူထု၏ ဂုဏ်သိက္ခာနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဒုတိယအချက်အနေဖြင့်         ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို    တင်ပြလိုကြောင်း၊   မိမိတို့အစိုးရ အနေဖြင့်  စတင်တာဝန်ယူကာလကစပြီး စီးပွားရေး ဦးတည်ချက် (၃)ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့သကဲ့သို့ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာမည့် စီးပွား ရေးလုပ်ငန်းများ          ပြန်လည်ဦးမော့လာစေရန် အတားအဆီးများကြားက          ဆောင်ရွက်နေရပါ ကြောင်း၊    မျိုးစုံသောဖိအားများနှင့်    မျိုးစုံသော အတားအဆီးများကြားမှ နိုင်ငံတော်နှင့်   နိုင်ငံသား တို့၏   လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်တွေ့ကျမည့်  နည်းလမ်းပေါင်းစုံကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

 


မြန်မာနိုင်ငံတော်         ဗဟိုဘဏ်အပိုင်းကလည်း ရွှေနှင့်   ငွေကြေးဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရွှေနှင့် ငွေကြေးဈေးကွက်၊ စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏       ကြီးကြပ် လမ်းညွှန်မှုများနှင့်အညီ      ရွှေဈေးကွက်အတွင်း အရောင်းအဝယ်များအား    ဘဏ်ငွေစာရင်းများ    အသုံးပြု၍ ပေးချေနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

 


ပြည်ပတွင်     သွားရောက်အလုပ်လုပ်ကိုင်နေ ကြသည့်    မြန်မာနိုင်ငံသားများက   ပြည်တွင်းကို ပြန်လည်လွှဲပို့လာသည့်  လုပ်ခနှင့်လစာများကိုလည်း မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူများကို ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချ ခြင်းတို့ကို   လွတ်လပ်စွာ  ဆောင်ရွက်နိုင်သည်ဟု လည်း   ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊  အဆိုပါ  ငွေလွှဲ၊ ငွေပို့ခြင်းလုပ်ငန်းများဖြင့် စီးပွားဖြစ်နေကြသူများလည်းရှိကြောင်း၊ ၎င်းတို့၏ လှုံ့ဆော်မှုများကိုလည်း တွေ့ရကြောင်း၊ ဘဏ်များမှ  ငွေလွှဲပါက  အသိမ်းခံရ မည်၊ ဈေးနှုန်းအနိမ့်ဆုံးဖြင့် လဲလှယ်ခြင်းခံရမည်ဟု လှုံ့ဆော်ခဲ့ကြသည်ကိုလည်း      တွေ့ရကြောင်း၊ လက်တွေ့လုပ်ဆောင်ရာတွင် အမှန်တကယ်မဟုတ် သည်ကိုလည်း   အားလုံးသိပြီးဖြစ်လိမ့်မည်ဖြစ် ကြောင်း၊ အချို့ဘဏ်များဆိုပါက မြန်မာနိုင်ငံပြင်ပ တွင်   လုပ်ကိုင်နေကြသည့်  သင်္ဘောသားများနှင့် ပတ်သက်ပြီး ဘဏ်စာရင်းများဖွင့်လှစ်ပေးခြင်းနှင့် မည်ကဲ့သို့လုပ်ဆောင်မည်ဟု   ကြေညာခဲ့ကြသည် ကိုလည်း    တွေ့ရမည်ဖြစ်ကြောင်း၊   ဘဏ်များကို ရောင်းချခိုင်းခြင်းသာမကဘဲ  မိမိကိုယ်တိုင် သုံးစွဲ ခြင်းနှင့်   အခြားသူများကို   ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု  ထပ်မံအသိပေးလိုကြောင်း ပြောကြားသည်။          

(ဆက်လက်ဖော်ပြပါမည်)