နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော်  စက်တင်ဘာ   ၃ဝ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊       သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ ကြိမ်မြောက် သတင်း စာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြား ရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ    သတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက  သတင်း မီဒီယာများ၏   သိရှိလိုသည့်   မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။


သတင်းစာရှင်းလင်းပွဲမစတင်မီ  တက်ရောက်လာ ကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက်    တာဝန်ရှိသူများက     လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများ        ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း   နေရာချထားပေး သည်။


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်အစိုးရအနေ ဖြင့်  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နှင့်    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေ များနှင့် ထိုသို့ဆောင်ရွက်ရာတွင်    ပြည်ထောင်စု စိတ်ဓာတ်     ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မည့်လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်း သားများ ပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း ခြင်းနှင့် လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်ခြင်း  ဟူသည့် အဆင့် ၃ ဆင့်ကို အဆင့်လိုက်ဆောင်ရွက် သွားမည်ဖြစ်သည့် အခြေအနေများ၊   တပ်မတော် အနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊    ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက်   ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်း အခြေ အနေများ။


 ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန် ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့သည့် အခြေအနေ များနှင့် လက်ရှိတွင်လည်း (၇၅)နှစ်ပြည့်  စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌   နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏   လုံခြုံရေးနှင့်     အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန် မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲပေးခဲ့ သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုးခရီးစဉ်များတွင် ပြောကြားခဲ့သည့် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပထမအချက်အနေ ဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက် ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင် လျက်ရှိမှုနှင့် ဒုတိယအချက်အနေဖြင့်   တိုင်းပြည် သာယာဝပြောရေးနှင့်    စားနပ်ရိက္ခာပေါများရေး ကို  ဦးစားပေးဆောင်ရွက်လျက်ရှိမှုစသည့်   အချက် ၂ ချက်ကို အဓိကထား၍   အလေးထားဆောင်ရွက် လျက်ရှိသည့်  အခြေအနေများနှင့်    ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး  NUG အမည်ခံ   အကြမ်းဖက် အဖွဲ့များအနေဖြင့် စက်တင်ဘာ ၇ ရက်တွင် အကြမ်း ဖက်လုပ်ရပ်များ ပိုမိုဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့ ပြီးနောက်ပိုင်းတွင် မြို့အချို့နှင့် ဒေသအချို့တို့တွင် မိုင်းထောင်၊ မိုင်းခွဲခြင်း၊ ဗုံးပစ်ခတ်ခြင်း၊ ဒလန်ဟု စွပ်စွဲ၍ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းစသည့် ဖြစ်စဉ်များ ပိုမိုများပြားလာသည့် အခြေအနေများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင် ရာတွင် အများပြည်သူအသုံးပြုသည့် လမ်း၊   ရုံး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် နေရာများနှင့် ဆက်သွယ်ရေး တာဝါတိုင်များကို အဓိကပစ်မှတ်ထား ဆောင်ရွက်လာသည်ကို တွေ့ရှိရပြီး အသက်အရွယ် ငယ်ရွယ်နုနယ်သည့် ကလေးငယ်များကိုပါ ရာဇဝတ် မှုကြီးများ ကျူးလွန်လာစေရန်  သွေးထိုးလှုံ့ဆော် စေခိုင်းဆောင်ရွက်ခဲ့မှုများကို တွေ့ရှိရသည့် အခြေ အနေများ၊ ရန်ကုန်-မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်အချို့၌ အကြမ်းဖက်သမားများကို လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု များနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက် များကို PowerPoint  Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


ထို့နောက်         ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ ရွေးကောက်ပွဲ ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ  ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲရလဒ် များကို ပယ်ဖျက်ကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့မှုများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ PowerPoint  Presentation များဖြင့် ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့    ကိုယ်စား လှယ်များက    ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် များ၊   တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊        နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊  မေးမြန်းဖြေကြားမှု အပြည့် အစုံကို   ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                              

 သတင်းစဉ်