နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နေပြည်တော်  သြဂုတ်  ၂၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ်  ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)


ဆက်လက်၍     ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့်   အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ         ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr.Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏     မြန်မာနိုင်ငံအတွင်း     တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများကို ပြောကြားလိုပါကြောင်း၊  ယခုလ ၁၅  ရက်တွင်  နိုင်ငံ့အကြီးအကဲနှင့်    တွေ့ဆုံခဲ့ပါကြောင်း၊    တွေ့ဆုံစဉ်တွင်  မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲတွင်     မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်   တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေများ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ပြည်သူများ  လိုလားနေ သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရန်  ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်နေမှုများ၊   တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်ရန်အတွက်    လိုအပ်ချက်ရှိမှု  အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထို့ပြင်   မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့်ပတ်သက်ပြီး သတင်းမှားများ  ပျံ့နှံ့နေမှုနှင့် အခြေအနေမှန်များကို   နိုင်ငံတကာကသိရှိရန် လိုအပ်သည့် အခြေ အနေများ၊  လူသားချင်းစာနာထောက်ထားမှု  အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များတွင်   ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ ကို  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါကြောင်း။


အဆိုပါကိုယ်စားလှယ်အဖွဲ့သည်     နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံခဲ့သည့်အပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊     ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)  ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးတို့ နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများတွင် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူ များကို   ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးမှုအခြေအနေ၊ မိတ်ဆွေနိုင်ငံများအပါအဝင်  (UNOCHA)နှင့်  ပူးပေါင်းဆောင်ရွက် ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားရန်  လိုအပ်သည့် အခြေအနေများ၊ လူသားချင်းစာနာမှုဆိုင်ရာ  မိတ်ဖက်အဖွဲ့အစည်း များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် စိန်ခေါ် မှုများနှင့်ပတ်သက်ပြီး အသေးစိတ် အကျယ်တဝင့်   ဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို    ရယူနိုင်ခဲ့သည့် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားလိုပါကြောင်း ပြောကြားသည်။


မိမိအနေဖြင့် ဆွေးနွေးပြောကြားလိုသည်မှာ    ယခုလောက်သာ ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ ပြည်သူလူထု    စိတ်ဝင်စားနေသည့် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာအခြေအနေများကို သက်ဆိုင်ရာ ဝန်ကြီး ဌာန  တာဝန်ရှိသူများမှ  ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။         


ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေး ဆောင်ရွက်ချက်များ


ဆက်လက်၍     မြန်မာနိုင်ငံတော်ဗဟိုဘဏ်     ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာလင်းအောင်က  မိမိအနေဖြင့်    ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူဝါဒပိုင်း ဆိုင်ရာဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဓိက ရည်မှန်း ချက်ဖြစ်သော ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက်ရရှိစေရေး ဆောင်ရွက်ရာတွင် အတိုးနှုန်းမူဝါဒချမှတ်ခြင်း၊ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုး သတ်မှတ်ခြင်းနှင့် လွတ်လပ်သော ဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက် များ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့ရာ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေး ဖောင်းပွမှုနှုန်းလျှော့ချနိုင်ရေးအတွက် အတိုးနှုန်းမြှင့်တင်မှုများ ၂၀၂၂ ခုနှစ် မေလမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အတိုးနှုန်းမြှင့်တင်ခြင်း မပြုဘဲ ဖြေလျှော့ဆောင်ရွက်သည့်နိုင်ငံများလည်းရှိကြောင်း၊ ဥပမာ- တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ရုရှား စသည့်နိုင်ငံများတွင် အတိုးနှုန်းကိုမမြှင့်တင်ဘဲ လျှော့ချခဲ့သည် ကို တွေ့ရကြောင်း။


ငွေကြေးဖောင်းပွမှုနှုန်း အထိုက်အလျောက်မြင့်တက်


မိမိတို့မြန်မာနိုင်ငံ၌လည်း ငွေကြေးဖောင်းပွမှုနှုန်းများ အထိုက် အလျောက် မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းမှာ လုပ်ခ လစာမြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်းနှင့် ဝယ်လိုအားမြင့်တက်မှုများကြောင့်မဟုတ်ဘဲ သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့်သည့် ငွေလဲလှယ်နှုန်းများမြင့်တက်မှုကြောင့် သွင်းကုန် တန်ဖိုးများ မြင့်တက်ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုလိုငွေမြင့်မားခြင်း ကြောင့် နိုင်ငံခြားငွေလိုအပ်ချက်များ   များပြားလာရာမှတစ်ဆင့် ငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာရကြောင်း၊ စားသုံးသူဈေးဆနှုန်းကိန်း  Consumer Price Index  မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချ ရာတွင် အတိုးနှုန်းမြှင့်တင်သော နည်းလမ်းကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံအနေဖြင့် မေခရိုစီးပွားရေးအခြေခံအားနည်းသည့်အတွက် နိုင်ငံ ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အတိုးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက် ခဲ့ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ထိုနည်းတူစွာ စီးပွားရေး တိုးတက်မှုကို  တွန်းအားပေးဆောင်ရွက်ရန်  လိုအပ်သောကြောင့် အတိုးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊  သို့သော် လည်း နိုင်ငံ၏စီးပွားရေးတိုးတက်မှု  မေခရိုစီးပွားရေးအခြေအနေ အပေါ်မူတည်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုပြီး   အတိုးနှုန်းပြင်ဆင်ခြင်းကို   လိုအပ်သလို ဆောင်ရွက်သွားရန်ရှိကြောင်း။ 


ဘဏ်လုပ်ငန်းကဏ္ဍ၏   ငွေကြေးအခြေအနေမှာ  ၂၀၂၂  ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် ကောင်းမွန်လာခြင်းကြောင့် ငွေကြေး ဖောင်းပွမှုနှုန်းကို    သွယ်ဝိုက်သောနည်းဖြင့်    ထိန်းချုပ်နိုင်ရန် ဘဏ်များတွင် မြန်မာကျပ်ငွေဖြင့်ထားရှိရမည့်   အနည်းဆုံးသီးသန့်ငွေ အချိုးသတ်မှတ်ချက် ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ယင်းကိစ္စကို ဆောင်ရွက် ခဲ့ပြီး  တစ်ဖက်တွင်လည်း  ဘဏ်များ၏  လုပ်သာကိုင်သာရှိစေရန် ဘဏ်များအနေဖြင့် ဗဟိုဘဏ်တွင်ထားရှိသည့် စာရင်းရှင်အပ်ငွေစာရင်းများရှိကြောင်း၊ စာရင်းရှင်အပ်ငွေများထားရှိရမည့် အနည်းဆုံး သီးသန့်ငွေအချိုး သတ်မှတ်ချက်ထက် ကျော်လွန်သော ပိုလျှံသီးသန့် ငွေအပေါ် အတိုးပေးခြင်းကို ၂၀၂၂ ခုနှစ်  အောက်တိုဘာလမှစပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ဘဏ်များ၏ ငွေကြေးလည်ပတ် မှု အခြေအနေကောင်းမွန်ပြီး ငွေထုတ်သူများအား ကန့်သတ်ချက်များ ဖြေလျှော့ပြီး လက်ရှိတွင် ဆောင်ရွက်ပေးနေကြောင်း။ 


 ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ပြန်လည်ရောင်းချပေးခြင်း


ထို့ပြင် လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုမှတစ်ဆင့် ကုန်စည် ဈေးနှုန်းများမြင့်တက်ခြင်း မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသော သွင်းကုန်လုပ်ငန်း ရှင်များ၏  နိုင်ငံခြားငွေလိုအပ်ချက်များကို    အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ရန် ပို့ကုန်ရငွေများ၏ ၅၀ ရာခိုင်နှုန်း ရည်ညွှန်းငွေ လဲလှယ်နှုန်းဖြင့် ပြန်လည်ရောင်းချပေးခြင်းများ ဆောင်ရွက်ပေး ကြောင်း၊ သွင်းကုန်တန်ဖိုးကြီးမြှင့်မှုမှတစ်ဆင့် ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခြင်း မဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များကို သက်သာသောငွေလဲလှယ် နှုန်းဖြင့် ဝယ်ယူနိုင်စေရန်၊ ဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေရောင်းချ သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူများအကြား Matching  ပြုလုပ်ပေးသော Online Trading   စနစ်တစ်ရပ်ကိုလည်း   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်   မျှတ မှန်ကန်သည့်ရောင်းဝယ်မှုဖြစ်စေရန် Criteria များ သတ်မှတ်ပေး ထားကြောင်း၊ Criteria များအရ   စိစစ်ပြီး အရောင်းအဝယ်ပြုရမည့် ကုမ္ပဏီများ၊  အရောင်းအဝယ်ပြုရမည့်ပမာဏ၊ ငွေလဲလှယ်နှုန်း အစ ရှိသည်တို့ကို ဗဟိုဘဏ်နှင့် ဘဏ်များ ညှိနှိုင်းပြီး   ဆုံးဖြတ်ပေးလျက် ရှိကြောင်း၊  Exporter  နှင့်  နိုင်ငံခြားငွေဖြင့်   ဝင်ငွေရရှိသူများမှ ဝင်ရောက်ရောင်းချနိုင်ပြီး Importer များနှင့် Non -Trade အတွက် ပြည်ပကို နိုင်ငံခြားငွေလွှဲပြောင်းရန်ရှိသူများမှ ဝင်ရောက်ဝယ်ယူနိုင် ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် လိုင်စင်ချထားပေးပြီးဖြစ်သော ကုန်စည်တင်သွင်းသူများအနေဖြင့် ပြည်ပသို့ငွေပေးချေရာတွင် လိုအပ်သော နိုင်ငံခြားငွေဝယ်ယူရရှိရေး အတွက် ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင်  လိုအပ်ပါက   မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းများအား အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြုပြီးမှ အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို   ဖြည့်ဆည်းပေးခြင်းများ   ဆောင်ရွက်ပေးကြောင်း၊ တစ်နည်းအားဖြင့် ငွေလဲနှုန်းတည်ငြိမ်ရေးကို လိုအပ်သလို  ဆောင်ရွက် ပြီး ထိန်းကျောင်းပေးလျက်ရှိကြောင်း။


နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ညွှန်ကြားချက်များ


 ငွေလဲလှယ်နှုန်းများတည်ငြိမ်စေရေးအတွက် နိုင်ငံခြားငွေလဲလှယ် နှုန်းဆိုင်ရာ ညွှန်ကြားချက်များထုတ်ပြန်ထားကြောင်း၊   ထိုအထဲမှ အချို့ကို  ကောက်နုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဈေးနှုန်းသတ်မှတ် ရာတွင်လည်းကောင်း၊ မြန်မာကျပ်ငွေကိုသာ သုံးစွဲရန်ဖြစ်ကြောင်းကို လက်အောက်ခံအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များ၊ စည်ပင်သာယာရေး ကော်မတီများမှတစ်ဆင့် မိမိတို့အနေဖြင့် အကြောင်းကြားထားကြောင်း၊ နိုင်ငံခြားငွေသားများကို မလိုအပ်ဘဲ ကိုင်ဆောင်ထားခြင်းမရှိစေရေးအတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့်စည်းမျဉ်းများဖြင့်  ကန့်သတ်ထားပြီး ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင် နည်းလမ်းမှရရှိသော အမေရိကန်ဒေါ်လာတစ်သောင်းအထိ သို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက် မပိုသော နိုင်ငံခြားငွေကို လက်ခံရရှိသည့် နေ့မှ ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ပြုထားပြီး     ခြောက်လထက် ကျော်သည်အထိ အသုံးမပြုပါက နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင် ခွင့်  လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့်  ရောင်းချ လဲလှယ်ခြင်း   သို့မဟုတ်   ဘဏ်စာရင်းများသို့   ထည့်သွင်းခြင်းကို ဆောင်ရွက်ရန် သတ်မှတ်ချက်များ ထုတ်ပြန်ထားကြောင်း။ 


အသေးသုံးနိုင်ငံခြားငွေသားရောင်းချပေးမည့် အစီအစဉ်များ


နောက်တစ်ခုမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့် အညီ AD လိုင်စင်ရဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer ကောင်တာများရှိကြောင်း၊ ယင်းကောင်တာများတွင်လည်း ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်သူများ၊ ဆေးကုသရန်သွားရောက်မည့်သူ များ၊ ပညာတော်သင်သွားရောက်မည့်သူများကို အသေးသုံးနိုင်ငံခြား ငွေသားရောင်းချပေးမည့် အစီအစဉ်များကိုလည်း  မိမိတို့အနေဖြင့် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်စ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဘုရားဖူးသွားမည့်သူများ၊   ပြည်ပနိုင်ငံအစိုးရအသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်မည့်သူများကိုလည်း ၂၀၂၃ ခုနှစ် သြဂုတ် ၁၈  ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ဖွင့်လှစ်ထားသည့် AD လိုင်စင်ရဘဏ်များ၏ Money Changer  ကောင်တာများတွင်    တစ်ဦးလျှင်    နိုင်ငံခြားငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ ဝယ်ယူနိုင်ရေးစီစဉ်ပေးထားကြောင်း၊ နောက်တစ်ချက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံတကာကတ်များဖြစ်သော Visa Card၊ Master Card၊ JCB၊ UPI ကတ်ထုတ်ဝေခြင်း၊ ကတ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ်များသို့ ခွင့်ပြုပြီးဖြစ်ကြောင်း။


ပြည်ပသို့ သွားရောက်ကြမည့်   မြန်မာနိုင်ငံသားများအနေဖြင့် လည်း   Retail   ငွေပေးချေမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်နှင့်  နိုင်ငံပြင်ပတွင်  အသုံးပြုသူများအဆင်ပြေစေရန်  ကတ် အသုံးပြုခြင်းကို ခွင့်ပြုထားကြောင်း၊ ထို့ပြင် ကတ်အသုံးပြုခြင်းနှင့် စပ်လျဉ်း၍  နိုင်ငံခြားငွေပေးချေသော USD Inflow နှင့် Outflow ထိန်းညှိနိုင်ရန်ကိစ္စ၊ နိုင်ငံခြားငွေ Outflow များ လျှော့ချနိုင်ရေးအတွက် ပြည်တွင်းဘဏ်များမှထုတ်ဝေထားသော International   Credit  Card  များ၏ ပြည်တွင်းအသုံးပြုမှုကို မြန်မာကျပ်ငွေဖြင့်  CBM-NET မှတစ်ဆင့် စာရင်းရှင်းလင်းမှုပြုလုပ်ပေးရန် ညွှန်ကြားထားကြောင်း၊ ဗီဇာကတ်အသုံးပြုမှုအတွက် ပေးချေမှုကို ယခင်က Nostro တွင်သာ စာရင်းရှင်းလင်းခဲ့သော်လည်း  ၁၅-၈-၂၀၂၃  ရက်နေ့မှစပြီး    AD   လိုင်စင်ရပြည်တွင်းဘဏ်တစ်ခုတွင်  Local  Settlement  Bank အဖြစ် သတ်မှတ်ပေးပြီး ဆောင်ရွက်ကာ CBM-NET   မှတစ်ဆင့်   စာရင်းရှင်းလင်းဆောင်ရွက်ခွင့်ပြုခဲ့ခြင်းများရှိကြောင်း။


ပုံမှန်ကုန်သွယ်မှုတွင် ယွမ်နှင့်ဘတ်တို့ဖြင့် 
ဆောင်ရွက်ခွင့်ပြု


အမေရိကန်ဒေါ်လာလိုအပ်ချက်ကို     လျှော့ချနိုင်ရေးအတွက် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုတွင်ပါ ယွမ်နှင့်ဘတ် တို့ဖြင့် ဆောင်ရွက်ခွင့်ပြုခြင်း၊ နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှု  ပိုမိုလွယ်ကူစေရန်   နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင် သည့်ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြောင်း။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေစီးဝင်မှု စီးထွက်မှု အခြေအနေများကို အမြဲလေ့လာဆန်းစစ်ပြီး ဈေးကွက်လိုလားချက် အရ ဖြစ်သင့်သည့် ငွေလဲလှယ်နှုန်းကိုလည်း အမြဲတမ်းစိစစ်သုံးသပ် လျက်ရှိကြောင်း၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်   ငွေကြေး ဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရေးနှင့်   နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နိုင်ရေးအတွက်  တွန်းအားပေးလုပ်ဆောင်နေသည့်တိုင် အောင်   ပြင်ပတွင်   ဈေးနှုန်းများမြင့်တက်လျက်ရှိသည်ကို    တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြင့်မားနေရခြင်းသည် ကုန်သွယ်မှုနှင့် ပတ်သက်သော မှောင်ခိုရောင်းဝယ်မှုများ၊ တရားမဝင်တင်ပို့မှုများ ကြောင့်ဖြစ်ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သော နိုင်ငံခြားငွေလဲလှယ်နှုန်း မဟုတ်ဘဲ  နိုင်ငံခြားငွေလဲလှယ်နှုန်း   မြင့်တက်စေရန်ရည်ရွယ်၍ ဈေးကစားနေခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားမဝင် နိုင်ငံ ခြားငွေရောင်းဝယ်မှုများပပျောက်ရေး၊ ပို့ငွေရငွေများ သတ်မှတ်ချက် နှင့်အညီ  ပြန်လည်ဝင်ရောက်ရေး၊    တရားမဝင်ကုန်သွယ်မှုများ တားဆီးရေး၊ Online  Market  Rate ဖြင့် Importer အမည်ခံပြီး နိုင်ငံခြားငွေဝယ်ယူ၍ တခြားသူများကို တရားမဝင်ဈေးဖြင့်ညှိနှိုင်းပြီး ရောင်းချခြင်းမျိုးများ မဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။


 ထို့ပြင် ကုန်သွယ်မှုလိုငွေများလျှော့ချနိုင်မှု   သွင်းကုန်များကို ကန့်သတ်ခြင်း၊  သွင်းကုန်အစားထိုးပစ္စည်းများ  ထုတ်လုပ်နိုင်ရေး အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် သက်သာသော ချေးငွေများရရှိစေ ရန်  ဆောင်ရွက်ပေးခြင်းများလည်း   ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တိုင်းပြည်စီးပွားရေးတိုးတက်မှု အခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်း ကဏ္ဍ၏ ငွေကြေးအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ရေး၊   ငွေကြေး တည်ငြိမ်ရေး၊ ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးတို့ကို ချိန်ဆဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် အသိပေးပြောကြားလိုသည် မှာ ပြည်သူများအနေဖြင့် လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖြစ်ပေါ်နေသော ကောလာဟလသတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ကြရန်နှင့် အခြေအမြစ်မရှိသောသတင်းများကိုမယုံကြည်ကြရန်၊ အခြေအမြစ် မရှိသည့် မမှန်သတင်းထုတ်ပြန်ခြင်းများကို သတိပြုကြရန်လိုအပ် ကြောင်း ပြောကြားသည်။ 


(ဆက်လက်ဖော်ပြပါမည်)