နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင်  ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ  ပြောရေးဆိုခွင့်ရှိသူများနှင့်  ဌာနဆိုင်ရာ  သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 

(ယမန်နေ့မှ အဆက်) 


Weekly Eleven ဂျာနယ်မှ သတင်းထောက် ဦးအောင်မင်းသိန်း က    ပြီးခဲ့သည့်ရက်ပိုင်းတွင် အစိုးရနှင့်   ပုဂ္ဂလိကဘဏ်များတွင်   အပ်ထား သည့် နိုင်ငံခြားငွေအကောင့်ထဲမှ    ဒေါ်လာများကို တစ်ဒေါ်လာကို ၁၈၅၀ နှုန်းဖြင့် လဲလှယ်ရမည်ဟု ပြီးခဲ့သည့် ဧပြီ ၃ ရက်တွင် ဗဟိုဘဏ်က အမိန့် ကြေညာချက်အမှတ် ၄/၂၀၂၂ ဖြင့် ထုတ်ပြန်လိုက် ကြောင်း၊ ဧပြီ ၅ ရက်တွင် အရောင်းအဝယ်အကောင့် ထဲက   ဝင်လာသည့်ဒေါ်လာများကို   အလုပ်ရက် တစ်ရက်အတွင်း   လဲလှယ်ရမည်ဟုလည်း   ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း၊ ဩဂုတ် ၅ ရက်တွင် အမိန့် ကြေညာချက် အမှတ် ၃၆/၂၀၂၂ ဖြင့် တစ်ဒေါ်လာကို ကျပ်ငွေ ၂၁၀၀ နှုန်းဖြင့်  လဲလှယ်ရမည်ဟု ဗဟို ဘဏ်က ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသို့ ဒေါ်လာ အပေါ်   ထုတ်ပြန်လိုက်သည့် သတ်မှတ်ထုတ်ပြန် ချက်များနောက်ပိုင်းတွင်       ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်ပြီး စီးပွားရေးကဏ္ဍတွင် အနည်း ငယ်ဂယက်ရိုက်ခဲ့ကြောင်း၊ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်က သတ်မှတ်သည့်အချိန် တွင် ပြင်ပတွင် တစ်ဒေါ်လာကို ၂၄၀၀ ကျပ်၊ ၂၅၀၀ ကျပ်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး ထုတ်ပြန်ခဲ့သည့် တစ်ဒေါ်လာကို   ၂၁၀၀  ကျပ် နှုန်းထားအခြေအနေတွင် ပြင်ပ၌   ၂၉၀၀ ကျပ်၊ ၃၀၀၀  ကျပ်ဈေးနှုန်းများအထိ   မြင့်တက်သွား ကြောင်း၊ ယင်းဒေါ်လာများကို ကုမ္ပဏီအကောင့်များ နှင့် တစ်ဦးချင်း Personal အကောင့်မှ ဒေါ်လာ များကို   ဗဟိုဘဏ်က   သတ်မှတ်သည့်ဈေးဖြင့် လဲလှယ်ရမည်ဟု ကြေညာသည့်အခါတွင် အကောင့် ပိုင်ရှင်အများစုသည်  ပမာဏအတော်များများကို လဲလှယ်လိုက်ရသည့်         အနေအထားဖြစ်သွား ကြောင်း။

 


ဗဟိုဘဏ်မှ    ကင်းလွတ်ခွင့်ပေးထားသည့် လုပ်ငန်းတချို့၌       မိမိတို့တွေ့ရသည့်လုပ်ငန်း ခြောက်ခုခန့်ရှိကြောင်း၊ ယင်းလုပ်ငန်းအပေါ် ဝင်လာ သည့် ဒေါ်လာပမာဏက  အနည်းငယ်သာရှိသည် ဟု သိရကြောင်း၊ စက်ရုံများ၊ ကုမ္ပဏီများ လည်ပတ် ရန်အတွက် Import လုပ်ရသည့်အခါတွင် OTD ကတစ်ဆင့် ဗဟိုဘဏ်က  သတ်မှတ်ထားသည့် သတ်မှတ်နှုန်းထားဖြင့် တစ်ဒေါ်လာကို ၈၀၀ ကျပ်၊ ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ် ယင်းကဲ့သို့ ကွာဟချက် များဖြင့် ဝယ်ပြီး လုပ်ရသလိုများ ဖြစ်လာကြောင်း၊ ထို့ပြင် ကုန်ကြမ်း Import လုပ်ရန်အတွက် ဒေါ်လာ ဝယ်ယူရန်အတွက်ကလည်း ပြင်ပတွင် မဖြစ်နိုင် လောက်သည့် အနေအထားအထိကို    ဖြစ်လာ ကြောင်း၊ ဒေါ်လာအကောင့်များကနေပြီး ဗဟိုဘဏ် က သတ်မှတ်ထားသည့်နှုန်းထားဖြင့် ငွေလဲလှယ် ခံလိုက်ရသကဲ့သို့ ယင်းငွေများမှတစ်ဆင့် ပြည်တွင်း တွင် နိုင်ငံခြားငွေများ၊ အိမ်ခြံမြေများ၊  ကားများ ယင်းတို့ကို ဝယ်သည့် အနေအထားဖြစ်လာကြောင်း၊ ဈေးကစားသည့်သူများကြောင့်လည်း ပုံမှန်မဟုတ် ဘဲ နှုန်းထားများထိုးတက်လာသည့် အနေအထား အထိ ဖြစ်လာကြောင်း၊          ဈေးကွက်ကလည်း ကမောက်ကမဖြစ်ပြီး  တိုင်းပြည်စီးပွားရေးသည် ယင်းအခြေအနေအတွင်းတွင်       ထိခိုက်ရသည့် အနေအထား ဖြစ်လာကြောင်း။

 


သာမန်ပြည်သူများအနေဖြင့်လည်း ငွေကြေး ဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်း  ကြီးမြင့်သည့်ဒဏ်များ ကို ခံစားလိုက်ရကြောင်း၊ ယင်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေနှင့်ပတ်သက်၍ ပေါ်လစီအပြောင်းအလဲ နှင့် ပတ်သက်ပြီး  ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် သုံးခုကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲ  အနေ အထားများဟု ပြောရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ နှင့်ပတ်သက်၍ သိလိုသည်မှာ တစ်ဒေါ်လာကို ဗဟို ဘဏ်ကသတ်မှတ်သည့် ၁၈၅၀ ကျပ် နှုန်းထားဖြင့် အကောင့်မည်မျှက      ဒေါ်လာပမာဏမည်မျှထိ လဲလှယ်ပြီးစီးခဲ့ကြောင်း၊ ထိုမှရရှိလာသည့် ဒေါ်လာ များကို လိုအပ်သူများ၊ အပြင်တွင် အမှန်တကယ် အလုပ်လုပ်နေသူများရရှိအောင် မည်သို့ဆောင်ရွက် ပေးမည်ကို သိလိုကြောင်း၊ အစိုးရအနေဖြင့်  ဈေး သတ်မှတ်ပြီး လဲလှယ်သိမ်းဆည်းခဲ့သည့် ဒေါ်လာ များကို အမှန်တကယ်လိုအပ်၍ လာဝယ်မည်ဆိုပါက မည်သို့ဆောင်ရွက်ရမည်ဆိုသည့် ညွှန်ကြားချက် များ သတ်မှတ်ထုတ်ပြန်ပေးရန်   ရှိ၊   မရှိ  သိလို ကြောင်း၊ ထို့အပြင်      လက်ရှိနောက်ဆုံးထုတ်ပြန်ခဲ့ သည့် တစ်ဒေါ်လာကို ၂၁၀၀ နှုန်းထားကို ပြင်ပမှာ ဆိုလျှင်  ယင်းနှုန်းထားထက်  ပမာဏမြင့်မားပြီး ဈေးကစားနေသည်များရှိကြောင်း၊   ပေါက်ဈေး ရှိသည့်အတွက် ပြင်ပဈေးကွက်တွင် ဗဟိုဘဏ်မှ   သတ်မှတ်ထားသည့် နှုန်းထားနှင့် များစွာကွာဟ ချက်မဖြစ်အောင် ငွေလဲနှုန်းကိုလည်း တည်ငြိမ်မှု ရှိအောင်   အစိုးရအနေဖြင့် မည်သို့စီစဉ်ဆောင်ရွက် သွားမည်ကို သိလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရ အနေဖြင့်လည်း လက်ရှိဖြစ်ပေါ် နေသည့်   အကျပ်အတည်းများမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို မည်သို့ဖြေလျှော့မှုများ လုပ်ပေးရန် ရှိကြောင်း၊ နောက်ဆုံး    ဗဟိုဘဏ်နှင့်ပူးပေါင်းပြီး   မည်သည့် နည်းလမ်းများဖြင့်   စီးပွားရေးလုပ်ငန်း များနှင့် ပြည်သူများအတွက်   အဆင်ပြေအောင်      မည်သို့ဖြေရှင်းဆောင်ရွက်သွားမည်ကို        သိလို ကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး သည် Weekly Eleven လား Audit ဂျာနယ်လား တော့ မသိကြောင်း၊ မေးသည့်မေးခွန်းများက Audit ဂျာနယ်ဆန်ဆန် ဖြစ်ကြောင်း၊ မေးခွန်းများကလည်း ကောင်းပါကြောင်း၊ မိမိအနေဖြင့်   ကိန်းဂဏန်းများ ကိုတော့ မပြောနိုင်ကြောင်း၊ ကိန်းဂဏန်းများနှင့် ပတ်သက်၍ ဖြေနိုင်သမျှကို ဗဟိုဘဏ်ကို ဖြေခိုင်း ပေးမည်ဖြစ်ကြောင်း၊ မိမိပြောနိုင်သည်မှာ မူဝါဒပိုင်း ဆိုင်ရာကိုသာ ပြောမည်ဖြစ်ကြောင်း၊   နံပါတ် ၁ ယင်းမူဝါဒများချမှတ်ရသည့်    အကြောင်းရင်းမှာ မချမှတ်၍မဖြစ်သောကြောင့်   ချမှတ်ရခြင်းဖြစ် ကြောင်း၊ တချို့သည်လည်း   နာကျင်ရကြောင်း၊ နာကျင်အောင်လည်းလုပ်ရကြောင်း၊  ယင်းသည် ပေါ်လစီဖြစ်ကြောင်း၊ နံပါတ် ၂ ပြောလိုသည်မှာ မိမိတို့အနေဖြင့် လုပ်ဆောင်ရသည့် အကြောင်းအရာ သည် ဗဟိုဘဏ်က အတိုးနှုန်း၊ ၁၈၅၀  အမျိုးမျိုး ဖြစ်သည့်အတွက် ထိုသုံးခု၏ နောက်ပိုင်းမှာ ဖြစ်လာ ကြောင်း၊ ထိုသုံးခု၏ ရှေ့ပိုင်းတွင်လည်း    ဖြစ်ခဲ့ ကြောင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်ခဲ့သည်ဆို သည့်  အကြောင်းရင်းများ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတွင်းက အကြောင်းရင်းများရှိကြောင်း၊ မြန်မာ နိုင်ငံ၏ပြင်ပက အကြောင်းရင်းများလည်း   ရှိပါ ကြောင်း၊  မိမိတို့အစိုးရနှင့်      ဗဟိုဘဏ်သည် “ခြောက်ပြစ်ကင်း သဲလဲစင်” ဟု မိမိတို့ မပြောပါ ကြောင်း၊ မည်သူမှလည်း “ခြောက်ပြစ်ကင်း သဲလဲစင်” မရှိပါကြောင်း၊      ချို့ယွင်းချက်များရှိပါကြောင်း၊ ချို့ယွင်းချက်များပြင်နိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပနှင့် ပြည်တွင်း၏ကိစ္စများလည်း ရှိပါကြောင်း။

 


အဓိက    အစဉ်အဆက်လုပ်ခဲ့သည်များကို မည်သည်ကို  ထိသလဲဆိုလျှင်   ယခင်ကတည်းက အတိုင်း ပြည်တွင်း၏ ထုတ်ကုန်များကို အားမပေးဘဲ ပြည်ပမှတင်သွင်းကုန်များ   Import  ကုန်များကို အားပေးခဲ့ခြင်းကြောင့် မိမိတို့၏ နိုင်ငံခြားငွေလိုအပ် ချက်များလည်း ကြီးမားလာကြောင်း၊ ကုန်သွယ်ရေး တွင် လိုငွေများကြီးမားလာပြီး အကြွေးများ ထပ်မံ တင်လာသည့်  ကိစ္စများဖြစ်လာကြောင်း၊  မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းကိစ္စကို အတတ် နိုင်ဆုံး     ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ကမ္ဘာတွင်ဖြစ်နေသည့် ပဋိပက္ခများကြောင့် ရေနံဈေး၊ ဓာတ်မြေဩဇာဈေး၊ စားသောက်ကုန် ဈေးများကြီးပြီး ငွေကြေးဖောင်းပွမှု   မြင့်မားနေ သည်များရှိကြောင်း၊  တစ်ဖက်က (FRB) Fedral Reserve Bank က အတိုးနှုန်း မြှင့်တင်လိုက်သည် များရှိကြောင်း၊   ဗဟိုဘဏ်အနေဖြင့်   စီးပွားရေး တိုးတက်မှုနှုန်း အထောက်အကူဖြစ်မည့် ငွေကြေး မူဝါဒကို အကောင်အထည်ဖော်    ဆောင်ရွက်နေမှု များရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး   ထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   ထိန်းညှိ ဆောင်ရွက်သည့်အချိန်တွင် တချို့နေရာနှင့် တချို့ Sector  တွင်   ထိခိုက်မှုများရှိမည်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်တွင် ဖြေလျှော့၍မရကြောင်း၊ အချိန်အတိုင်းအတာတစ်ခုရောက်လျှင် ပေါ်လစီအရ ဖြေလျှော့၍ရလျှင်      လျှော့ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


One News Channal မှ ထုတ်လုပ်သူ ဦးသွင်ထူး အောင် က ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံ ခြားငွေလဲလှယ်နှုန်း ဆက်တိုက်မြင့်တက်နေသကဲ့သို့ ရွှေ၊ စားအုန်းဆီ၊ စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများ လည်း ဆက်တိုက်မြင့်တက်နေကြောင်း၊ ယင်းသို့ မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများ၊ ဝန်ထမ်းများအတွက် အတော်ကို အခက်အခဲ ဖြစ်နေ ကြောင်း၊ ထိုသို့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေ ဖြင့်ကြည့်လျှင် ငွေကြေးဖောင်းပွမှုများကို ရင်ဆိုင် နေရကြောင်း၊ ယင်းနိုင်ငံအသီးသီးတွင်    ငွေကြေး ဖောင်းပွမှုများကို ထိန်းချုပ်နိုင်ရန်၊ လျှော့ချနိုင်ရန် ရုန်းကန်ကြိုးပမ်းနေသည်ကို        တွေ့ရကြောင်း၊ မြန်မာကျပ်ငွေဖောင်းပွမှုနှုန်း ပြန်လျော့သွားအောင် မည်ကဲ့သို့ဆက်လုပ်မည့်အစီစဉ်  ရှိ၊ မရှိ   သိလို ကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က     မြန်မာကျပ်ငွေ ဖောင်းပွမှုနှုန်းကို လျော့ကျသွားအောင်   လုပ်နိုင် သည့်နည်းက မိမိတို့၏ထုတ်ကုန်များ   တိုးမြှင့် ထုတ်လုပ်ရန်နှင့်   ဈေးကွက်ရှာရန်    နည်းလမ်း ရှိကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဈေးကွက်ရှာရန်နည်းလမ်းတွင် မိမိတို့လုပ်ဆောင် နေခြင်းသည် နှစ်မျိုးရှိကြောင်း၊    ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်အတွက်        ပြည်တွင်းမှ လုပ်ဆောင်ရသည်များကို   အစိုးရနှင့်   ပြည်သူ များပါ လုပ်ဆောင်နိုင်ကြောင်း၊   သို့သော်  ရောင်းချ ရန်အတွက်   တချို့သော အခက်အခဲများ ရှိကြောင်း၊ ပိတ်ဆို့မှုများရှိကြောင်း၊    ဈေးကွက်ချဲ့ထွင်ရန် အတွက် ရုရှားနှင့်ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ တစ်ဖက် တွင်    တရုတ်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် မိမိတို့ဆောင်ရွက်လျက်ရှိကြောင်း      ပြန်လည် ဖြေကြားသည်။

 


Myanmar Public Press မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်  က   တောင်သူလယ်သမားများ စိုက်ပျိုးထားသည့်   ကောက်ပဲသီးနှံများထွက် ပေါ်သည့်အချိန်တွင် ပြည်ထောင်စုအစိုးရအနေဖြင့်  သင့်တင့်သည့်‌ ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူရန် ရှိ/ မရှိ၊ နွေစပါးစိုက်ပျိုးသည့်   တောင်သူလယ်သမား များတွင် စက်သုံးဆီများလိုအပ်သောကြောင့် အစိုးရ အနေဖြင့် ထောက်ပံ့ပေးမှု ရှိ၊ မရှိ   သိရှိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က နွေစပါးနှင့် ပဲတီ စိမ်းကို     အထူးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း       ပြောပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်များ၊ လယ်/ဆည်ဝန်ကြီးဌာနတွင်လည်း     နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက်          အရင်းမပျောက် မတည်ငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ လယ်/ဆည်ဝန်ကြီး ဌာနလက်အောက်ခံဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေး အရှိန် မြှင့်တင်ရန်အတွက် နွေစပါးနှင့် ပဲတီစိမ်းကို အဓိက ထား  ဆောင်ရွက်သည့်အတွက်ကြောင့်    ယင်း လုပ်ငန်းများနှင့် ပတ်သက်သည့်    သွင်းအားစုများ၊ လုပ်ဆောင်ရမည့်အချက်များအား တောင်သူများကို  အကူအညီပေးခြင်းအားဖြင့်         အလျင်အမြန် အောင်မြင်မှုရရှိရန် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍  Myanmar   Public   Press  မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင် က ကြွေးမြီများ တင်ရှိ နေသည့် တောင်သူများအနေဖြင့်    တရားစွဲဆိုခံရ ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းတို့အား အစိုးရအနေဖြင့် ဖြေလျှော့ရန် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း  က   ကိုဗစ်ကာလ၌ ချေးထားသောချေးငွေများ၊   စိုက်ပျိုးစရိတ်များ အတွက် အခက်အခဲရှိသည့်ကိစ္စရပ်များကို ဖြေလျှော့ ပေးထားပြီးဖြစ်ကြောင်း၊ အချို့တောင်သူများသည် ယခင်ကတည်းက        ထွက်ပြေးတိမ်းရှောင်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေအနေအပေါ်မူတည် ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ပြန်လည် ဖြေကြားသည်။

 


နေပြည်တော် အွန်လိုင်းအေဂျင်စီမှ အယ်ဒီတာ ချုပ် ဦးမင်းမောင် က ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများ    ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ရောင်းချမှု ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့်   ရောင်းချ နေခြင်းကို နယ်မြေသတင်းအချက်အလက်များအရ သိရှိရပါကြောင်း၊  ယင်းကိစ္စအား   မည်သို့စိစစ် အရေးယူဆောင်ရွက်ထားသည်ကို  သိလိုကြောင်း၊ ကုန်သွယ်မှု နှင့်       ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန် စေရန် ကော်မတီများအနေဖြင့်လည်း ယခုဆီဈေး အပေါ်မှာ မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း၊   ကုန်စည်စီးဆင်းမှုများကိုလည်း   မည်သို့ဆောင်ရွက် ထားကြောင်း၊        စက်သုံးဆီတင်သွင်းရေးနှင့် သိုလှောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီအနေ ဖြင့်လည်း  ပြည်သူများစက်သုံးဆီကို    ဈေးနှုန်း မှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး       ဖြည့်တင်းကြပ်မတ် ဆောင်ရွက်မှုများ မည်ကဲ့သို့  စီစဉ်ဆောင်ရွက်ထား သည်ကို   သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က    ဆီဝယ်ယူမှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်  ဩဂုတ် ၁၅ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်ကို  တွေ့ရှိရကြောင်း၊ မသမာမှုများတွေ့ရှိပါက ကြေညာချက်ပါအတိုင်း ထိုနေရာများသို့ တိုင်ကြားနိုင်ကြောင်း၊ စက်သုံးဆီ နှင့်ပတ်သက်လျှင်   ရုရှားမှ     တင်သွင်းခွင့်ရပြီး ဖြစ်ကြောင်း၊ ထို့ပြင် တင်သွင်းခွင့်ရသည်များကို မှန်မှန် ကန်ကန်ဖြစ်အောင် ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း၊        နယ်များသို့ရောက်အောင် ပို့ဆောင်ရာတွင် နယ်စျေးနှုန်းနှင့် ရန်ကုန်စျေးနှုန်း တူစရာအကြောင်းမရှိပါကြောင်း၊ စက်သုံးဆီသည် ဆိပ်ကမ်းရှိရာ  ရန်ကုန်သို့သာ   ရောက်ရှိကြောင်း၊ နယ်များတွင်မူ  ရန်ကုန်စျေးနှုန်းထက်   သယ်ယူ ပို့ဆောင်စရိတ်  အနည်းငယ်ပို၍ ကြီးမြင့်နေမည် ဖြစ်ကြောင်း၊   တချို့သော    ဆိုင်ငယ်လေးများ၊  ဆိုင်များသည် တက်စျေးကိုမျှော်၍   လုပ်ဆောင် နေသည်များလည်းရှိကြောင်း၊     တချို့မှာလည်း တက်စျေးကို မျှော်ခြင်းမဟုတ်ဘဲ ရိုးရိုးသားသား ဖြစ်ခြင်းဖြစ်ကြောင်း၊ မီဒီယာများကိုလည်း  မိမိ ပြောပြီးဖြစ်ကြောင်း၊ မန္တလေး၌ ကောလာဟလများ ကြောင့် ဆီဆိုင်များတွင်    စုပြုံ၍ဝယ်လိုက်ကြ ကြောင်း၊ အရန်ဆီထဲက မဖြည့်နိုင်ခင် ပြတ်လပ် သွားသည့် အချိန်ပိုင်းအတွင်း ပိုပြီးဆိုးလာသည့် လုပ်ငန်းမျိုးလည်းရှိကြောင်း၊  စက်သုံးဆီ အလွယ် တကူရခြင်း၊      စက်သုံးဆီလိုသလောက်ရခြင်း၊ စျေးနှုန်းချိုသာခြင်းရှိသည်ဆိုလျှင် ကုန်စည်စီးဆင်း မှု မှန်ကန်မြန်ဆန်လာမည်ဖြစ်ကြောင်း၊  ထို့ပြင် မိမိတို့အနေဖြင့်   လုံခြုံရေးအရ  လိုအပ်သည်များကို ဖြည့်ဆည်းနိုင်မည်ဆိုလျှင်   ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်လာမည်ဖြစ်ပြီး    ယင်းကိုလည်း ဖြည့်ဆည်း      ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

 


နေပြည်တော်အွန်လိုင်း သတင်းအေဂျင်စီမှ လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင် က လတ်တလော လောင်စာဆီစျေးနှုန်းများ  မြင့်တက်သည့်အပေါ် ကုန်စျေးနှုန်းများကလည်း အဆမတန် မြင့်တက်နေ သည့်အတွက် ‌လောင်စာဆီစျေးနှုန်းကို အတည်ငြိမ် ဆုံးနှင့် အသက်သာဆုံးဖြစ်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မှုရှိသည်ကို    သိလိုပါကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က  မြန်မာနိုင်ငံသည် ‌‌ရေနံထွက်သည့်နိုင်ငံဖြစ်သည်ဆိုလျှင်   စျေးနှုန်း သတ်မှတ်ပြီးရောင်းချကာ       တည်ငြိမ်အောင် ‌ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရေနံဖူလုံစွာ မထွက်ရှိသည့် နိုင်ငံဖြစ်သည့်အတွက် အခြားနိုင်ငံများမှ       ဝယ်ယူတင်သွင်းရကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများမှ   တင်သွင်းနိုင်သည့် စျေးနှုန်း၊ ရောင်းချနိုင်သည့် စျေးနှုန်းအတိုင်း မိမိတို့ ဝယ်ယူရခြင်းဖြစ်ကြောင်း၊       ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လျှင် မြန်မာ့ရေနံစျေးနှုန်းလည်း မြင့်တက် လာမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လုပ်‌‌ဆောင် ပေးနိုင်သည့် အချက်နှစ်ချက်သာရှိကြောင်း၊ နံပါတ် တစ်အချက်အနေဖြင့် စက်သုံးဆီနှင့်ပတ်သက်လာ လျှင် အခွန်အခ  လျှော့ပေါ့ကောက်ခံရန်ဖြစ်ပြီး မိမိတို့အနေဖြင့် အခွန်အခကို အစွမ်းကုန်လျှော့ချ၍ ကောက်ခံကြောင်း၊ နံပါတ်နှစ်အနေဖြင့် စက်သုံးဆီ နှင့် ပတ်သက်လာလျှင် လိုအပ်သည့်‌နိုင်ငံခြားငွေ ကို ရောင်းချပေးရန်ဖြစ်ပြီး ယင်းကိုလည်း မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားငွေဆိုသည် မှာလည်း အလွယ်ရောင်း၍ မရကြောင်း၊ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဆိုလျှင်  စက်သုံးဆီနှင့် ပတ်သက်ပြီး ပြဿနာဖြစ်မည်စိုးသဖြင့်   အစိုးရ အနေဖြင့် ၎င်း၏အရန်ငွေထဲမှ ‌  အရောင်းအဝယ် လုပ်ပေးရာ အရန်ငွေသည် တောင့်ခံနိုင်သည့် အနေ အထား  မရှိတော့သည့်အခြေအနေအထိ   ဖြစ်ရ ကြောင်း၊ ထိုအခါ စက်သုံးဆီစျေးနှုန်းကို လွှတ်ပေး လိုက်သည့်အတွက်     စက်သုံးဆီစျေးနှုန်းသည် ၅၄ ရာခိုင်နှုန်းအထိ တက်သွားကြောင်း၊ ထို့ကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်လာကြောင်း၊   နောက်ထပ် အိမ်နီးချင်းနိုင်ငံသည်လည်း ထို့အတူပင်ဖြစ်ကြောင်း၊  ယင်းအခြေအနေများသည်     လက်တွေ့ဖြစ်နေ သည့်         အခြေအနေများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် စက်သုံးဆီနှင့် ပတ်သက်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနိုင်သည့်   အခွန် လျှော့ကောက်ခြင်း၊  ပြည်သူလူထု၏ လိုအပ်ချက် အရန်ထားရှိရမည့်အရာများကို ချိန်ညှိပြီး    နိုင်ငံခြား ငွေသုံးစွဲမှုများကို   ဆက်လက် ‌ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထို့ကြောင့်လည်း    မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၌   ဖြစ်နေသည့်    စက်သုံးဆီ စျေးနှုန်း၊ အရှေ့တောင်အာရှနိုင်ငံများ၌    ဖြစ်နေ သည့် စက်သုံးဆီစျေးနှုန်းကို    လေ့လာကြည့်စေလို ကြောင်း၊ မိမိတို့နိုင်ငံ၏ စက်သုံးဆီသည် ယခုအချိန် အထိ အနိမ့်ဆုံးထဲ (စျေးချိုသည့်အထဲတွင်) ပါဝင် ကြောင်း ပြန်လည်ဖြေကြားသည်။

 


နေပြည်တော်မှုခင်းနှင့် သတင်းစုံအေဂျင်စီမှ သတင်းထောက် ဦးဇော်ဝင်း က မြန်မာနိုင်ငံအတွင်း တွင်နေထိုင်ကြသည့် ဖခင် FRC ၊ မိခင်မြန်မာနိုင်ငံသူ၊ မိခင် FRC၊ ဖခင်မြန်မာနိုင်ငံသား၊ ဖခင်နှင့် မိခင် FRC များဖြစ်ကြသည့် ဟိန္ဒူလူမျိုးများသည် ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၂၀၁၀   ရွေးကောက်ပွဲအတွက် စီမံချက်ရေးဆွဲပြီး နိုင်ငံသားအစိမ်းရောင်ကတ်ပြားထုတ်ပေးပြီး ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ တွင် မဲပေးခွင့်ရရှိခဲ့ကြောင်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်  စီမံချက်ကာလတွင် အခြေအနေအရပ်ရပ်ကြောင့် မကွေးတိုင်း‌ဒေသကြီး သရက်မြို့၌ ၁၀ ဦးခန့်သာ ရရှိခဲ့ပြီး  အိမ်ထောင်စု ၃၀၀   ခန့်မှာ   စိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိသူ ၃၀၀ ခန့်ရှိနေ ကြောင်း၊ ၎င်းတို့အတွက် တစ်လျှောက်လုံး ကြိုးစား နေသော်လည်းမရကြောင်း၊   ယခု  ၂၀၂၃   ခုနှစ် ရွေးကောက်ပွဲကာလ ပန်းခင်းစီမံချက်တွင် ဗိုလ်ချုပ် ပြောသကဲ့သို့ မကွေးတိုင်းဒေသကြီးတွင်  ခြောက် မြို့နယ်ခန့် မရရှိသေးကြောင်း၊ ၎င်းပြည်သူများက မျှော်လင့်နေကြောင်း၊ ရနိုင်၊ မရနိုင် နိုင်ငံတော်အစိုးရ အနေဖြင့် ဖြေကြားပေးရန် တောင်းဆိုပါကြောင်း   မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထိုမေးခွန်းကို   ဖြေကြားပေးရန် ပြောကြားသည်။

 


လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က   နိုင်ငံသား နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် နိုင်ငံသား၊  ဧည့် နိုင်ငံသား၊         နိုင်ငံသားပြုခွင့်ဟူ၍       သုံးမျိုး ရှိကြောင်း၊နိုင်ငံသားတွင် မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း၊  တိုင်းရင်းသား များအနေဖြင့် မွေးရာပါ နိုင်ငံသားများဖြစ်ကြောင်း၊ ဥပဒေအရ နိုင်ငံသားဆိုသည်မှာ   တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာခြင်းမဟုတ်ဘဲ ဥပဒေ ကြောင်းအရ ရရှိသည့် နိုင်ငံသားကိုဆိုလိုကြောင်း၊ ဥပဒေကြောင်းအရ အချက်အလက်များ ညီညွတ် ပါက ဥပဒေအရနိုင်ငံသားပေး၍ရကြောင်း၊ ယင်း နိုင်ငံသားများအားလုံး မဲပေးခွင့်ရှိကြောင်း၊ သတင်း ထောက်ကြီးပြောသည့် လူ ၃၀၀ သည် စိစစ်ရေး ကတ်ပြားရရန် ကျန်ရှိသည်ဟုပြောကြောင်း၊ ၎င်းတို့ သည်   မွေးရာပါနိုင်ငံသားမဟုတ်နိုင်ကြောင်း၊ အဆိုပါကိစ္စများသည် လျှောက်ထားမှရသည့် ကိစ္စ များဖြစ်ကြောင်း၊ မွေးရာပါနိုင်ငံသားမဟုတ်သည့် ဥပဒေအရနိုင်ငံသားများကို တိုင်းရင်းသား မဟုတ် သည့်အတွက်  စီမံချက်ဖြင့်      ကွင်းဆင်းပြီး ဆောင်ရွက်ပေး၍မရကြောင်း၊ ရုံး၌သာဆောင်ရွက် ပေး၍ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိဘဘိုးဘွားများကို သေချာစိစစ်ပြီးမှသာ ဆောင်ရွက်ပေး၍ရမည်ဖြစ်ကြောင်း၊   ယင်းကိစ္စ ဆောင်ရွက်ရန် မြို့နယ်စုံ/စစ်အဖွဲ့ရှိကြောင်း၊ ယင်း အဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊      မြို့နယ်ဥပဒေအရာရှိနှင့် အခြားဌာနဆိုင်ရာ နှစ်ဦးပါဝင်ကြောင်း၊    မြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူးက    အတွင်းရေးမှူးဖြစ် ကြောင်း၊ ယင်းအဖွဲ့ဖြင့်စိစစ်ပြီး တိုင်းနှင့် ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့သို့   ဆက်လက်တင်ပြရ ကြောင်း၊ ထိုမှတစ်ဆင့်   ရုံးချုပ်ရှိ   ဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရကြောင်း၊ ဗဟိုအဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး ကာကွယ်ရေးဝန်ကြီးက နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ ထည့်သွင်းထားခြင်းဖြစ်ကာ ပြည်ထဲရေးဝန်ကြီးသည်    နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်၍   ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို နိုင်ငံတကာရေးရာနှင့် ပတ်သက်၍   ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအတွင်းဝန်က အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ယင်းဗဟို အဖွဲ့နှင့်စိစစ်ပြီး  နိုင်ငံသားဖြစ်ခွင့် သတ်မှတ်ပေး ရသည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကာယကံရှင်အနေဖြင့်    သက်ဆိုင်ရာ မြို့နယ်ရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့လျှောက်ထားရာတွင်         ဥပဒေနှင့်ညီရန် လိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ထိုလူ ၃၀၀ ၏ စာရင်းရမည်ဆိုပါက    သရက်မြို့နယ်ရုံး သို့မဟုတ် မိမိတို့  ဝန်ကြီးဌာနရုံးသို့ ပေးပို့ပေးရန် အကူအညီတောင်းခံလိုကြောင်း၊ ထိုသူများသည် ဥပဒေနှင့်ညီပါက    ကတ်ပြားတစ်မျိုးမျိုးရရှိမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က အထွေထွေကုန်ဈေးနှုန်း မြင့်တက်ခြင်းသည် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် အဓိက ဖြစ်သည်ဟုဆိုသော်လည်း မြန်မာနိုင်ငံ၏ တက်ပြီး ပြန်မကျသည့် ကုန်ဈေးနှုန်းသည်   လက်ရှိအနေ အထားအတိုင်း     ဆက်ဖြစ်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီဈေးနှုန်းကို အမှန်တကယ် လျှော့ချနိုင်သည့်ကုမ္ပဏီများကို   ခွင့်ပြုပေးသင့် ကြောင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်းသည် အဂတိမှုများကြောင့်ဖြစ်သည်ဆိုသည့်   အယူအဆများ လည်းရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ယင်းကိစ္စများနှင့် ပတ်သက် ၍ မည်သို့အရေးယူဆောင်ရွက်သွားမည်ကို သိလို ကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က အဂတိလိုက်စားမှု နှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မကြာခဏဖြေကြားခြင်းများ ဆောင်ရွက်နေကြောင်း၊ မိမိတို့အနေဖြင့်  အဂတိ လိုက်စားမှုသည် တိုင်ကြားမှုတိုင်းကို အရေးယူ၍ မရကြောင်း၊    အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး မိမိအနေဖြင့်  ယင်းဥပဒေအကြောင်းအရာများကို မဆွေးနွေးလိုကြောင်း၊ လူ့သဘောသဘာဝအရသာ ဆွေးနွေးလိုကြောင်း၊ လူတစ်ယောက်အား အဂတိ လိုက်စားမှုရှိသည်ဟု စွပ်စွဲရန်လွယ်ကူကြောင်း၊ ထို့အတူ အဂတိလိုက်စားမှုရှိသည်ဟု ပြောဆိုရန် လည်းလွယ်ကူကြောင်း၊ သို့သော် အဂတိလိုက်စားမှု ရှိသည်ဆိုသည့် သက်သေအထောက်အထားပြသ ရန် ခဲယဉ်းကြောင်း၊ အဂတိလိုက်စားမှုသည် စွပ်စွဲ ၍အကောင်းဆုံး  အကြောင်းခြင်းရာတစ်ခုလည်း ဖြစ်နေကြောင်း၊ အဂတိဆိုရာ၌ ငွေရေးကြေးရေးအရ ပြောခြင်းဖြစ်ကြောင်း၊   မိမိတို့အစိုးရအနေဖြင့် ယခင်ကဖြစ်စဉ်များကိုသာမက        လက်ရှိတွင် မည်သည့်ဖြစ်စဉ်များကို အရေးယူပြီးဖြစ်သည်ကို သိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ဥပမာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝန်ကြီးချုပ်တစ်ဦးကို အရေးယူ ထားကြောင်း၊  ဝန်ကြီးတချို့ကိုလည်း အရေးယူ ထားကြောင်း၊ မိမိပြောလိုသည်မှာ    နိုင်ငံတော် အစိုးရအနေဖြင့် ဥပဒေနှင့်ငြိစွန်းသည့် မည်သည့် ကိစ္စမဆို ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း၊   သို့သော်လည်း    အဂတိလိုက်စားမှု လျော့နည်းရေးဆိုသည်မှာ      ဖြစ်နိုင်သော်လည်း အဂတိလိုက်စားမှုပပျောက်ရေးဆိုသည်မှာ မဖြစ် နိုင်ကြောင်း၊ မည်သည့်နိုင်ငံမှ   ခြောက်ပြစ်ကင်း သဲလဲစင်ဟူ၍ မရှိကြောင်း၊ မိမိတို့အနေဖြင့် အတတ် နိုင်ဆုံးဆောင်ရွက်သွားမည်ဟု  ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

 


97 Media မှ သတင်းထောက်ချုပ် ဦးနန္ဒလင်း (ထားဝယ်) က ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ    ရုရှားဘာသာကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိသည်ဟု သိရှိရကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အတွက် ပူးပေါင်းဆောင်ရွက်သွား မည့်အခြေအနေကို   ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က ခရီးသွားလုပ်ငန်း ကဏ္ဍမြှင့်တင်ရေးအတွက် ရုရှားနှင့်မြန်မာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံ  မော်စကို မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့်  နိုင်ငံတကာ ခရီးသွားပြပွဲ (၂၀၁၅-၂၀၁၆)တွင် မြန်မာခရီးသွား လုပ်ငန်းရှင်များအသင်းက    သွားရောက်ပြသခဲ့ သကဲ့သို့ ၂၀၁၈ ခုနှစ်တွင်လည်း ဆောင်ရွက်သည် များရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်   မတ်   ၁၆  ရက်မှ ၁၈ ရက်အထိ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပ မည့် (၂၉)ကြိမ်မြောက်         နိုင်ငံတကာခရီးသွားပြပွဲ (မော်စကို)တွင်လည်း      မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ပြသရန် စီစဉ်ထားကြောင်း၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း   ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံမူဘောင်အောက်မှ အာဆီယံ-ရုရှား ခရီးသွားလာရေးညှိနှိုင်းအစည်းအဝေးနှင့်    အာဆီယံ- ရုရှားခရီးသွားလာမှုလုပ်ငန်းဆိုင်ရာ အစည်းအဝေး များတွင်     ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
ယခုနှစ်အပါအဝင် (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းတွင်   ရုရှားခရီးသွား ဈေးကွက် ပိုမိုရရှိရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်မှ သင်တန်းသားများအား ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့တို့တွင်   ရုရှားဘာသာစကားပြော အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တွင်ရှိသည့်   ဟိုတယ်နှင့်ခရီးသွားလာမှု ညွှန်ကြားရေးဦးစီးဌာန  ခရီးသွားလာရေးဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာနမှ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ပြီး သင်တန်းသား ၅၀ ကို    ရုရှားဘာသာ စကား အခြေခံသင်တန်းဖွင့်လှစ်လျက်ရှိကြောင်း၊ မန္တလေးတွင်လည်း နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်  အဆိုပါရက်တွင် သင်တန်းသား ၆၀ အား တစ်ရက်လျှင် သုံးနာရီပို့ချ ပေးလျက်ရှိကြောင်း၊ ပြင်ဦးလွင်၌ ရုရှားဘာသာ အခြေခံသင်တန်းကို စစ်တက္ကသိုလ်မှ ရုရှားဘာသာ ကျွမ်းကျင်သည့်   နည်းပြများ၏    အကူအညီဖြင့် ယခုလ ၁၅ ရက်မှ စတင်၍ ခြောက်လသင်တန်းအား သင်တန်းသား ၅၀ ကို   ဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း၊ လက်ရှိတွင် ရုရှားခရီးသွားဧည့်သည်များ ကို ဝန်ဆောင်မှုပေးနိုင်ရန်   ရုရှားဘာသာစကား ဧည့်လမ်းညွှန် ၈၉ ဦးအား မှတ်ပုံတင်ထားရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားနိုင်ငံသို့သွားစဉ်တွင် ရုရှားနှင့်မြန်မာ     တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ပါက ရုရှားခရီးသွားများ မြန်မာနိုင်ငံ ကို ပိုမိုရောက်ရှိလာမည်ဖြစ်ကြောင်း၊ ရုရှားတို့ အနေဖြင့်   မြန်မာနိုင်ငံ၏   ခရီးစဉ်များဖြစ်သည့် ပင်လယ်ကမ်းခြေများကို သဘောကျ၍ နှစ်နိုင်ငံ တိုက်ရိုက် လေကြောင်းလိုင်းပြေးဆွဲပြီး ခရီးသွားလာရေးမြှင့်တင်ရေးလုပ်ငန်းများနှင့်အတူ ရုရှား ခရီးသွားများ မြန်မာနိုင်ငံကို    ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် နှစ်ဆန်းပိုင်းခန့်တွင် ပိုမို ဝင်ရောက်လာနိုင်မည်ဟုခန့်မှန်းကြောင်း ပြန်လည် ဖြေကြားသည်။

 


ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင် က လက်ရှိတွင်    နိုင်ငံတစ်ဝန်းအကြမ်းဖက် လူသတ်မှုများက နေ့စဉ်နှင့်အမျှ  ကြားသိနေရ ကြောင်း၊ ယခု ပိုမိုအတင့်ရဲလာသည်မှာ လူအများ ရှိပါလျက် နေ့ခင်းတွင် သေနတ်ဖြင့် အကြမ်းဖက် ဝင်ရောက်ပစ်ခတ်ခဲ့သည့် သင်္ဃန်းကျွန်း လဝကရုံး ဖြစ်စဉ်နှင့်  သံဃာတော်များကို ဆွမ်းလောင်းရန် ချက်ပြုတ်နေသည့်လူများကို အကြမ်းဖက်ဖောက်ခွဲ သည့် လုပ်ရပ်မျိုးများ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး များကို  အပြစ်မရှိဘဲ   ဒလန်ဟုစွပ်စွဲ၍    လုပ်ကြံ သတ်ဖြတ်နေသည်မှာ နေ့စဉ် လစ်လျှင်လစ်သလိုလုပ်ကြံသတ်ဖြတ်ခြင်းများကို ကြားသိနေရကြောင်း၊ ယခုဆိုလျှင်   ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လည်း  ကိုယ့်ရပ်ကွက်၊    ကိုယ့်ကျေးရွာ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ရဲရဲဝံ့ဝံ့မလုပ်ရဲသကဲ့သို့ ဖြစ်နေကြောင်း၊ ထိုသို့လက်နက်ဖြင့် အကြမ်းဖက် မှုများ၊ ရာဇဝတ်မှုများ နည်းပါးလာစေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးစီမံချက် များချမှတ်ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိ နှင့် အစိုးရဌာနများ၌ ၎င်းတို့၏လုံခြုံရေးအတွက် လက်နက်တပ်ဆင်ပေးပြီး ဌာနများ၏ လုံခြုံရေး အတွက် သီးသန့်လက်နက် တပ်ဆင်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ် ဇော်မင်းထွန်း က အကြမ်းဖက်နှိမ်နင်း ရေးနှင့်ပတ်သက်ပြီး   အထူးဆောင်ရွက်နေသည့် လုပ်ငန်းများရှိကြောင်း၊   ယင်းလုပ်ငန်းများနှင့် ပတ်သက်၍   ယခုလို သတင်းစာရှင်းလင်းပွဲတွင် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို     ထုတ်‌ဖော် ပြောကြား၍မရကြောင်း၊ သို့သော် အထူးစီမံချက် ချ၍ ဆောင်ရွက်နေသည့်  လုပ်ငန်းများရှိသည် ဟုသာ မိမိအနေဖြင့်အသိပေးလိုကြောင်း၊ အစိုးရ ဌာနများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနမှ အဓိက   တာဝန်ယူဆောင်ရွက်ပေး လျက်ရှိကြောင်း၊   လိုအပ်ပါက   အစိုးရဌာနများ လုံခြုံရေးကို ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ပေါင်းစပ်၍ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ပြန်လည် ဖြေကြားသည်။           ။