
နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာ သင်္ကြန် အကျနေ့ဖြစ်သော ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ မဟာသင်္ကြန် ရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုရေကစားမဏ္ဍပ်၌ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့ များက သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်/ မိသားစုများနှင့်အတူ ကြည့်ရှု အားပေးပြီး ပျော်ရွှင်စွာ သင်္ကြန်ရေကစားကြသည်။
အလားတူ ညနေပိုင်းတွင် လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ နေပြည် တော်တိုင်းမဏ္ဍပ်၊ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် နှင့် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု သင်္ကြန်မဏ္ဍပ်များတွင် နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန်ယိမ်းအက အဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကများ ဖြင့် သီဆိုကပြ ဖျော်ဖြေနေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင် ပွဲဆင်နွှဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးကြပြီး သီဆိုကပြ ဖျော်ဖြေကြသည့် အနုပညာရှင် များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့အတူ နေပြည်တော် လမ်းလျှောက်သင်္ကြန်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်း အတွင်းရှိ စိန်ပန်းမဏ္ဍပ်နှင့် မကျည်းရိပ်မဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူ များဖြင့် အထူးစည်ကားလျက် ရှိပြီး မိသားစုသင်္ကြန်ယိမ်းအက အဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်း များ၊ ယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ် များတွင် စတုဒိသာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်