နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   မတ်   ၂၈


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် များနှင့်   ကွန်ပျူတာတက္ကသိုလ်များ၏   တက္ကသိုလ် ပေါင်းစုံဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားပြိုင်ကွင်း၌   ကျင်းပရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တက်ရောက်ချီးမြှင့် သည်။

 


အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊        ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တပ်မတော်အရာရှိကြီး များ၊      ဒုတိယဝန်ကြီးများနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  မျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး    အခမ်းအနားကို ဖွင့်လှစ်ပေးသည်။  ထို့နောက် နည်းပညာတက္ကသိုလ် များနှင့်    ကွန်ပျူတာတက္ကသိုလ်များ၏    တက္ကသိုလ် ပေါင်းစုံဘောလုံးပြိုင်ပွဲဝင်  အားကစားအဖွဲ့များက အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။ 

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များ သည် ပြိုင်ပွဲဝင်အသင်းများနှင့်  အားကစားအဖွဲ့များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 


ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဖွင့်ပွဲစဉ်အဖြစ် အုပ်စု(၃)ပွဲစဉ် များဖြစ်သည့်  နည်းပညာတက္ကသိုလ်   (အထက်မြန်မာ ပြည်) (က) အသင်းနှင့် (ဃ) အသင်းတို့၏   ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

 


အကြိတ်အနယ်ယှဉ်ပြိုင်ကစား


ပြိုင်ပွဲပထမပိုင်း၌     နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်) (က)အသင်းက ပွဲကစားချိန် ၃၇မိနစ်တွင်  ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့သည်။ ဆက်လက်၍  ဒုတိယပိုင်း အကြိတ် အနယ်ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန် မိနစ် ၅၀ ၇ စက္ကန့်တွင် နည်းပညာတက္ကသိုလ် (အထက်မြန်မာ ပြည်)(က) အသင်းက ဒုတိယမြောက် ဂိုး၊ ပွဲကစားချိန် ၆၄ မိနစ်တွင်    တတိယမြောက်ဂိုး    ထပ်မံသွင်းယူခဲ့ရာ စုစုပေါင်း  သွင်းဂိုးသုံးဂိုးဖြင့်   နည်းပညာတက္ကသိုလ် (အထက်မြန်မာပြည်)(က)အသင်းက (ဃ)အသင်းကို အနိုင်ရရှိခဲ့သည်။

 


နည်းပညာတက္ကသိုလ်များနှင့်    ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ   ဘောလုံးပြိုင်ပွဲ ကို အုပ်စု (၄) စုခွဲ၍   ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အုပ်စု(၁) ကွန်ပျူတာတက္ကသိုလ်(အထက်မြန်မာပြည်)  အသင်း(က)တွင်  မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ၊ ဗန်းမော်)၊  အသင်း(ခ)တွင်    ကွန်ပျူတာတက္ကသိုလ်    (မန္တလေး၊   လားရှိုး၊ တောင်ကြီး)၊ အသင်း(ဂ) တွင်  ကွန်ပျူတာက္ကသိုလ် (မကွေး၊    မိတ္ထီလာ)     တို့မှ  အားကစားသမားများ ပါဝင်သည်။

 


 ယှဉ်ပြိုင်ကြမည်


အုပ်စု(၂)ကွန်ပျူတာတက္ကသိုလ်(အောက်မြန်မာ ပြည်)အသင်း(က)တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူ တာတက္ကသိုလ်  (စစ်တွေ၊  မြိတ်)၊  အသင်း(ခ)တွင် ကွန်ပျူတာတက္ကသိုလ်( ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ သထုံ)၊    အသင်း(ဂ) တွင်      ကွန်ပျူတာတက္ကသိုလ် (တောင်ငူ၊ ပြည်၊ ဘားအံ၊ လွိုင်ကော်)တို့မှ အားကစား သမားများပါဝင်ကြောင်း၊    အုပ်စု(၃)   နည်းပညာ တက္ကသိုလ် (အထက်မြန်မာပြည်)  အသင်း(က) တွင် မန္တလေးနည်းပညာတက္ကသိုလ်၊  နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား၊ ဗန်းမော်၊ မကွေး၊ ပခုက္ကူ)၊ အသင်း(ခ)တွင်    နည်းပညာတက္ကသိုလ်   (ကျောက်ဆည်၊ တောင်ကြီး၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ)၊ အသင်း(ဂ)တွင် နည်းပညာတက္ကသိုလ်   (မန္တလေး၊   ရတနာပုံ ဆိုက်ဘာစီးတီး၊ ကလေး၊မုံရွာ၊စစ်ကိုင်း)၊ အသင်း(ဃ)တွင် မြန်မာနိုင်ငံလေကြောင်းနှင့်  အာကာသပညာ တက္ကသိုလ်၊    နေပြည်တော်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်  (မိတ္ထီလာ၊  ရမည်းသင်း)တို့မှ အားကစားသမားများ    ပါဝင်ကြောင်း၊    အုပ်စု(၄)နည်းပညာတက္ကသိုလ် (အောက်မြန်မာပြည်) အသင်း (က)တွင်  ပြည်နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်  (မှော်ဘီ၊ တောင်ငူ) ၊ အသင်း(ခ)တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (စစ်တွေ၊ ပုသိမ်၊ ဟင်္သာတ)၊    အသင်း (ဂ)  တွင် နည်းပညာတက္ကသိုလ်( သန်လျင်၊ မော်လမြိုင်၊ ဘားအံ)၊ အသင်း(ဃ)တွင်  ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မအူပင်၊ ထားဝယ်၊ မြိတ်) တို့မှ   အားကစားသမားများ   ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး     အုပ်စုပတ်လည်ပြိုင်ပွဲအား ဧပြီ ၃ ရက်အထိ  လည်းကောင်း၊  ဆီမီးဖိုင်နယ်ပွဲစဉ် အား ဧပြီ ၅ ရက်တွင် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ် အား ဧပြီ ၇ ရက်တွင် လည်းကောင်း ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်