နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဩဂုတ်   ၂၉
၂၀၂၄ ခုနှစ်  ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ   ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   တက်ရောက်အမှာစကား  ပြောကြားသည်။                           
အစည်းအဝေးသို့  ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာ       အကြီးအကဲများနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။
လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေး  ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ    ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက    အမှာစကား ပြောကြားရာတွင်     အားကစားနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက်  “အားကစား သည်    ယဉ်ကျေးသော  လူ့အဖွဲ့အစည်းတစ်ရပ်၏ အထိမ်းအမှတ်   လက္ခဏာဖြစ်သည်ဟု   မှတ်ယူကြ သည်၊ တစ်နည်းအားဖြင့် အားကစားသည် လူသားထု တစ်ရပ်လုံး၏     ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ်     လှုပ်ရှားမှုအဖြစ် လူတစ်ဦးချင်း၊ လူတစ်စု လူတစ်ဖွဲ့မှသည်  လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၊  လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံး မှသည်  လူမျိုးတစ်မျိုး၊  နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော  အပြန်အလှန် ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့်အရာဟု      သိရှိရပါကြောင်း၊ တစ်နည်းအားဖြင့်   ကမ္ဘာ့ငြိမ်းချမ်းရေး၏   သံတမန် အခင်းအကျင်းတစ်ရပ်အဖြစ် လွတ်လပ်ခြင်း၊ ညီမျှ ခြင်း၊  ချစ်ကြည်ခြင်းတည်းဟူသော  လောကပါလ တရားများကိုပင် ဖြစ်ထွန်းစေနိုင်သည်ဟု မျှော်လင့် ယုံကြည်ကြသည်”    ဟုလည်း     အဓိပ္ပာယ်ဖွင့် ဆိုကြကြောင်း။
မျှော်မှန်းကြိုးစားယှဉ်ပြိုင်သွားကြရမည်
ပဉ္စမအကြိမ် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးတွင်  ထူးချွန်ထက်မြက်ပြီး နိုင်ငံဂုဏ်ဆောင် သည့်   အားကစားသမားများ  ထွက်ပေါ်လာနိုင်ပြီး နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့် စံချိန်ချိုးနိုင်သည့် အားကစားသမားများလည်း     ထွက်ပေါ်လာနိုင် ကြောင်း၊ ထို့အတူ  ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက်  ထူးချွန်ထက်မြက်သည့် အားကစားသမားများ    ထွက်ပေါ်လာမည်ဖြစ်သည့် အတွက်    သက်ဆိုင်ရာ   တာဝန်ရှိသူများအနေဖြင့် အဆိုပါ   ထူးချွန်အားကစားသမားများကို     ရေရှည် ရပ်တည်နိုင်ရေး  ပံ့ပိုးပေးရန်လိုကြောင်း၊ အမျိုးသား အားကစားပွဲတော်ကြီးတွင်  ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် နိုင်သည့်    အားကစားသမားများအဖြစ်   မျှော်မှန်း ကြိုးစားယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း။
အမျိုးသားအားကစားပွဲတော် ကျင်းပရန် (၃)လ ဝန်းကျင်ခန့် အချိန်ရရှိသေးသော်လည်း ကော်မတီဝင် များ၊    ဆပ်ကော်မတီများမှ     တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်     ကြိုတင်မျှော်မှန်း ဆောင်ရွက်ထားရန်နှင့် ဖွင့်ပွဲ၊ ပိတ်ပွဲ၊ အခမ်းအနားများ ခမ်းနားထည်ဝါစွာ  ကျင်းပနိုင်ရေးနှင့်  ပြိုင်ပွဲ ပွဲစဉ် တစ်လျှောက် လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊      ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို        အောင်မြင်လိုသည့် စိတ်ဓာတ်ကောင်းများ၊   အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊      ထူးချွန် အောင်မြင်စွာ  ထွက်ပေါ်လာမည့် အားကစားသမား များကိုလည်း ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိုက်တန်စွာ  ဂုဏ်ပြုချီးမြှင့်သွား ကြရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရများ လက်ထက် တွင်လည်း  ထူးချွန်အောင်မြင်ခဲ့သည့် အားကစား သမားများကို   ဂုဏ်ပြုချီးမြှင့်ခဲ့သကဲ့သို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အစိုးရလက်ထက်တွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်လျက်ရှိကြောင်း။
ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်
ထိုသို့ ချီးမြှင့်ခဲ့မှုအနေဖြင့် အာရှနှင့် အရှေ့တောင် အာရှအဆင့်  အားကစားပြိုင်ပွဲကြီးများ  အပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးပေါင်း     ၂၂   ခုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၇၇)ခု၊ ငွေတံဆိပ် (၈၇)ခုနှင့်  ကြေးတံဆိပ် (၁၅၉) ခုရရှိအောင်   နိုင်ငံ့ ဂုဏ်ဆောင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင်  အားကစား သမားများကို အခမ်းအနားများကျင်းပပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီး ချုပ်ကိုယ်တိုင်  တက်ရောက်၍ ဆုကြေးငွေအားဖြင့် ငွေကျပ် (၇၄၅၂၃)  သိန်းနှင့်    အမေရိကန်ဒေါ်လာ (၁၃၃၉၀၀)   တို့ကို    အားကစားသမားများအား ထိုက်ထိုက်တန်တန်     ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ ထိုသို့ ချီးမြှင့်ခြင်းသည် မျိုးဆက်သစ်လူငယ်များအနေ ဖြင့် နိုင်ငံဂုဏ်ဆောင်လိုသည့် စိတ်ဓာတ်ပေါ်ပေါက် လာစေရန်    ရည်ရွယ်ပြီး   ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း။
အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်     ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဩဂုတ်လ(၁၂)ရက်တွင်  ကျင်းပခဲ့သည့် “၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”  အခမ်းအနား တွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်ကဏ္ဍနှင့် ပတ်သက် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လူမှုရေးဦးတည်ချက် (၃)ရပ်တွင် “နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော   လူငယ်များဖြစ်စေရန်  လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟု ထည့်သွင်းချမှတ်ထားရှိ ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့်  လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို   ယခင်ကထက်    ပိုမိုထိရောက်ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားကြရန်  တိုက်တွန်းမှာကြား ခဲ့ကြောင်း။
ထို့ပြင်    ယနေ့လူငယ်များ    ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  လူငယ်တိုင်း ကျန်းမာကြံ့ခိုင် အောင်   အားကစားနည်းတစ်မျိုးမျိုးကို    လေ့လာ လိုက်စားစေပြီး    အဆိုပါလူငယ်များထဲမှ    နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရေးသည်   အလေးထားဆောင်ရွက် ရမည့်     အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ကို အသိပေးမှာကြားလိုသည်ဟု  လမ်းညွှန်မှာကြားခဲ့ ပါကြောင်း၊ အဆိုပါမှာကြားချက်ကို လုပ်ငန်းလမ်းညွှန် ချက်အဖြစ်   မှတ်သားပြီး    ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
 မှန်မှန်ကန်ကန်ဆောင်ရွက်
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် ကြီးတွင်   ဝင်ရောက်ယှဉ်ပြိုင်ကြမည့်    ပြိုင်ပွဲဝင် အားကစားသမားများ၏  အသက်တိကျမှန်ကန်ရေး နှင့် ပတ်သက်ပြီး  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  E-id Software  အသုံးပြု စစ်ဆေးပေးရန်လိုကြောင်း၊ ယခင်က မိမိဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အောင်နိုင်လိုစိတ်ဖြင့် အသက်ကန့်သတ်ချက်များအား ကျော်လွှားဆောင်ရွက် ခဲ့မှုများရှိကြောင်း၊ သို့ဖြစ်၍ အသက်တိကျမှန်ကန်ရေး အတွက်    မှန်မှန်ကန်ကန်    ဆောင်ရွက်ကြရန် လိုကြောင်း၊   ထို့ပြင်    တားမြစ်ဆေးဝါးသုံးစွဲပြီး ယှဉ်ပြိုင်ခြင်းမရှိစေရန်လည်း  ကျန်းမာရေးဝန်ကြီး ဌာနက  ဆေးပညာရှင်များနှင့်  သေချာစွာ ကြပ်မတ် စစ်ဆေးမှသာ မှန်ကန်မျှတသည့် ပြိုင်ပွဲဖြစ်လာမည် ဖြစ်ကြောင်း။
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန် ရှိသူများက   ကဏ္ဍအလိုက်     အမျိုးသားရေးအသိ စိတ်ဓာတ်နှင့်   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နှင့်  မမျှော်မှန်းနိုင်သည့်   လုပ်ငန်းအခက်အခဲများ ပေါ်ပေါက်လာပါကလည်း တာဝန်ရှိသူအဆင့်ဆင့်က အချိန်နှင့်တစ်ပြေးညီ    တင်ပြဆောင်ရွက်သွားကြ ရန်လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်  ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ  အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ်  အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ ပြိုင်ပွဲအမျိုးအစားသတ်မှတ်ခြင်း နှင့် ပြိုင်ပွဲအစီအစဉ်များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊  ဒုတိယဝန်ကြီးနှင့်  နေပြည်တော်ကောင်စီဝင် တို့က ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားများကို  ခေတ်ကာလနှင့် လျော်ညီစွာ  နိုင်ငံတော်အဆင့်ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက်      ဆောင်ရွက်သွားမည့်  အစီအစဉ်လျာထားချက်များနှင့်  သက်ဆိုင်ရာကဏ္ဍ အလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍        ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊  ဘဏ္ဍာရေး နှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန် ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာ ရေးဆပ်ကော်မတီ၊  ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊  အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊  စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ တည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီနှင့် ခုံသမာဓိဆပ်ကော်မတီတို့မှ      ဥက္ကဋ္ဌများဖြစ်ကြ သည့်    ဒုတိယဝန်ကြီးများ၊     ဒုတိယစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က  ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်အခမ်းအနား    အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊  ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်က    ရှင်းလင်းဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ  အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်