နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    မေ   ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့ မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  သံတမန်ဆောင်ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။ (ယာပုံ)
မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
တွေ့ဆုံစဉ်  ဆိုင်ကလုန်းမုန်တိုင်းမိုခါနှင့် စပ်လျဉ်းသည့်  ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊  မြန်မာ - ရုရှား နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း      ပူးပေါင်းဆောင်ရွက်ရေးနှင့်    ခရီးသွားကဏ္ဍတိုးမြှင့်ရေး၊ မြန်မာ - ရုရှား   နှစ်နိုင်ငံ   လေကြောင်းလိုင်းများ   ပုံမှန်ပျံသန်းနိုင်ရေး၊   မြန်မာ့မီးရထားကဏ္ဍ  မြှင့်တင်နိုင်ရေးအခြေအနေ၊  မြန်မာနိုင်ငံအတွင်း အသေးစားနျူကလီးယား   လျှပ်စစ်ဓာတ်အား    ထုတ်လုပ်နိုင်ရေး၊  စွမ်းအင်ကဏ္ဍ၊   ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်  နည်းပညာကဏ္ဍ၊  လူသား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးနှင့်    ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ    ကိစ္စရပ်များကို     ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး    အမှတ်တရလက်ဆောင်ပစ္စည်း များ    အပြန်အလှန်လဲလှယ်ကြကာ    မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။
တာဝန်ရှိသူများ တက်ရောက်
တွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ     ပြည်ထောင်စုဝန်ကြီး   ဦးအောင်သော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့်   ဦးအောင်ကျော်ထွန်း၊   ဦးသန့်စင်၊ ဒေါက်တာအောင်ဇေယျနှင့်     တာဝန်ရှိသူများ    တက်ရောက်ကြပြီး      ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ဒူးမားလွှတ်တော်   ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သံအမတ်ကြီး  H.E.Mr.  Nikolay   LISTOPADOV   နှင့်   ဒူးမားလွှတ်တော်မှ   တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်