
နေပြည်တော် ဧပြီ ၂၅
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃) ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်
ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ဆောင်ရွက်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာ ရေး ညီလာခံ (၂၀၂၃) အတွက် ဆက်စပ်သည့် ဝန်ကြီး ဌာနများ အားလုံးပူးပေါင်းကျင်းပနိုင်ရန် ဆွေးနွေး ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပထမဆုံးအကြိမ်ကျင်းပမည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို ချို့ယွင်း ချက်မရှိ အမှားအယွင်းမရှိအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ မေလဆန်းပိုင်းတွင် နေပြည်တော်၌ ကျင်းပရန်စီမံ ထားရှိပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာ ညီလာခံများနည်းတူ Keynote Address များ၊ Panel Discussion များ ပါဝင်မည်ဖြစ်ကြောင်း၊ အလားတူ Parallel Session နှင့်အတူ Themes, Sub-themes ၊ Presentation ၊ အမေးအဖြေနှင့် အကြံပြုချက် ကဏ္ဍများပါဝင်မည် ဖြစ်ကြောင်း၊ ညီလာခံကို မေလ တွင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပြင်ဆင်စရာ ရှိသည်များကို စနစ်တကျပြင်ဆင်ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် ချက်နှင့်အညီ ဆွေးနွေးရမည့်ခေါင်းစဉ်များကို အပြီးသတ် ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
အနာဂတ်ပညာရေးအတွက် ဝိုင်းဝန်းဆွေးနွေး
အကြံပြုဆုံးဖြတ်ကြရမည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေး ကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက် ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြု ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း။
ပညာရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် စတင်တာဝန်ယူချိန်မှစ၍ ပညာရေးကဏ္ဍတိုးတက် စေရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၁၂) ရပ်၏ နောက်ဆုံးအချက်တွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုသည့် အချက်ပါဝင်ကြောင်း၊ အဆိုပါ ဦးတည်ချက်နှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာ ရေး ညီလာခံ (၂၀၂၃) ကို ကျင်းပသွားကြရမည် ဖြစ်ကြောင်း။
ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်များ
တိုးမြှင့်ခွင့်ပြုပေးထား
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင် ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်များ တိုးမြှင့်ခွင့်ပြုပေးထားကြောင်း၊ ထို့အတူ ဆရာ၊ ဆရာမများအတွက်လည်း ထောက်ပံ့ ပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက်လည်း အလားတူ ထောက်ပံ့ပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍ အတွက် ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် (၆) လ ဘတ်ဂျက် BE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့် ခွင့်ပြုပေးထားခဲ့ကြောင်း၊ BE ၏ GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE ၏ GDP အချိုးကို ကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်ကို ပြန်ကြည့်မည်ဆိုပါက BE တွင် ခွင့်ပြု ငွေကျပ် သန်းပေါင်း ၂၁ သိန်းကျော်နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၂၂ သိန်းကျော် တိုးမြှင့်ပေးခဲ့ ကြောင်း၊ GDP ရာခိုင်နှုန်းကို ပြန်ကြည့်မည်ဆိုပါက ၁ ဒသမ ၇၃ ရာခိုင်နှုန်းနှင့် RE တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ပညာရေးနှင့်ပတ်သက်၍ အသုံးပြု ခဲ့သည်ကို ပညာရေးကဏ္ဍမြှင့်တင်ရေး အားပေးမှု အဖြစ် တွေ့မြင်နိုင်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ခုနှစ် BE ၏ ခွင့်ပြုငွေကို ကြည့်မည်ဆိုပါက ငွေကျပ်သန်း ပေါင်း ၂၁ ဒသမ ၈ သိန်းကျော် ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင် ဘာ ၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့အပြင် ဆရာ၊ ဆရာမများနှင့်ပတ်သက်၍ ၂၀၂၁ အောက်တို ဘာလမှစတင်၍ ပါရဂူဘွဲ့အတွက် ငွေကျပ် သုံးသောင်း၊ မဟာဘွဲ့အတွက် ငွေကျပ် ၂ သောင်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ်တစ်သောင်း ထောက်ပံ့ခဲ့ပြီး ကျောင်းအလိုက် အုပ်ချုပ်မှုစရိတ်များ ကိုလည်း ထောက်ပံ့ခဲ့ကြောင်း၊ ပညာရေးကဏ္ဍ အတွက် အသုံးစရိတ်များ တိုးမြှင့်ခွဲဝေချထားပေး သကဲ့သို့ ဆရာ၊ ဆရာမများ ပညာအရည်အချင်း မြင့်မားရေးအတွက် မွမ်းမံသင်တန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် ရည်ရွယ်ချက်များ၊ ဆွေးနွေးရမည့် ခေါင်းစဉ်များ၊ ဆွေးနွေးရမည့် အချက်အလက်များကို ချမှတ်ပေးထားကြောင်း၊ ပထမအချက်အနေဖြင့် ပညာရေးတန်းစဉ် ကူးပြောင်းမှု နည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းရှာရန်ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စ တစ်ရပ်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးက ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တတိယအချက်သည် သက်မွေးဝမ်းကျောင်း အခြေခံရရှိရေးအတွက် Grade 10, Grade 11, Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်း ပညာရပ် များ သင်ကြားရန်ဖြစ်ကြောင်း၊ စတုတ္ထအချက်သည် လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် ပညာရပ်၊ ကျွမ်းကျင်မှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံကျောင်းများတွင် ထိရောက်စွာ သင်ကြား ပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန် ဖြစ်ကြောင်း၊ ပဉ္စမအချက်သည် အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက် အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရန်ဖြစ်ကြောင်း၊ ဆဋ္ဌမအချက်သည် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာရှင်များ မွေးထုတ်ရန်တို့အပြင် လူငယ် လူရွယ်များ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် များ ရှိလာစေရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို ထည့်သွင်း အဖြေရှာကြရန် ချမှတ်ပေးထားကြောင်း။
ကောင်းမွန်သည့်ရလဒ်များ
ထွက်ပေါ်လာလိမ့်မည်ဟု အပြည့်အဝယုံကြည်
အဆိုပါ လမ်းညွှန်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နည်းလမ်း များ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှား နိုင်မည့် နည်းလမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာရန် ကျင်းပမည့် ပညာရေးညီလာခံတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် အပြန်အလှန်ဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၌ Myanmar Sustainable Development Plan (MSDP) ရှေ့လုပ်ငန်းစဉ် နှစ် (၃၀) နှစ်ရှည် စီမံကိန်းရှိပြီးဖြစ်ကြောင်း၊ ယခုကျင်းပမည့် ညီလာခံ တွင် ကာလတို၊ ကာလလတ် စီမံကိန်းများကို မည်သို့ ဆောင်ရွက်သွားကြရမည်ဆိုသည်ကို နိုင်ငံတော် ဝန်ကြီးချုပ် ချမှတ်ပေးထားသည့် ဆွေးနွေးရမည့် အချက်များကိုမူတည်၍ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျင်းပမည့် ပညာရေးညီလာခံမှ နိုင်ငံ၏အနာဂတ်လူငယ်များ အတွက် ကောင်းမွန်သည့် အဖြေများ၊ ကောင်းမွန် သည့် အချက်အလက်များနှင့် ကောင်းမွန်သည့် ရလဒ် များ ထွက်ပေါ်လာလိမ့်မည်ဟု အပြည့်အဝယုံကြည် ပါကြောင်း။
နိုင်ငံတော်မှ အကောင်အထည်ဖော်နေသည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး နှင့် အနည်းဆုံး KG+9 ပြီးမြောက်အောင် ပညာသင်ယူ ရေး၊ ကျောင်းထွက်သူ လျော့နည်းရေးမှသည် လုံးဝ မရှိတော့သည်အထိ ဆောင်ရွက်နိုင်ရေး အစီအစဉ် များ ချမှတ်နိုင်ရန် ဆွေးနွေးကြရမည်ဖြစ်ကြောင်း။
KG+9 ပညာရေးပြီးမြောက်သည့်အခါ စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များ၊ သက်မွေး ပညာရပ်များကို သင်ယူတတ်မြောက်စေပြီး လက်တွေ့လုပ်ငန်းခွင်သို့ သွားရောက်နိုင်သည့် လမ်းကြောင်းနှင့် ထိုမှတစ်ဆင့် အဆင့်မြင့်ပညာအထိ ပေါင်းကူးတက်ရောက်နိုင်ရန် လမ်းကြောင်းများရှိပြီ ဖြစ်သည့်အပြင် လက်တွေ့လုပ်ငန်းခွင်သို့ ဦးမတည် ဘဲ အဆင့်မြင့်ပညာရေးသို့ ဆက်လက်လေ့လာ ဆည်းပူးနိုင်သည့် လမ်းကြောင်းများ ထင်ထင်ရှားရှား ရှိပြီဖြစ်ကြောင်း၊ အသိပညာ အတတ်ပညာ ပြည့်စုံ သည့် ပညာတတ်များ ပေါများစေရေး နည်းလမ်းများ ရှာဖွေနိုင်ရန် ဦးတည်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ကောင်းမွန်သည့် စာတမ်းများပြုစု၍
ဝိုင်းဝန်းဆွေးနွေးအဖြေရှာ
ညီလာခံတွင် ဆွေးနွေးကြမည့် ကာလတို၊ ကာလလတ် စီမံကိန်းများတွင် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာ ရေး ရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေ အနေများ ရရှိစေရန် ဝိုင်းဝန်းဆွေးနွေးသွားကြရမည် ဖြစ်ကြောင်း၊ စာတမ်းပြုစုကြသည့် ပညာရှင်များ အနေဖြင့် မြန်မာ့ပညာရေးတိုးတက် ကောင်းမွန် စေရန် ကောင်းမွန်သည့် စာတမ်းများပြုစု၍ ဝိုင်းဝန်း ဆွေးနွေး အဖြေရှာသွားကြရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် အစိုးရအဆက်ဆက်၌ မြန်မာ့ပညာရေးတိုးတက်မြင့်မားစေရန် နည်းလမ်း အမျိုးမျိုးဖြင့် စီမံဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံ၏တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်များ၏ ပညာရေးသည် ကောင်းမွန်အောင် မြင်သည့် ပညာရေးဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အောင်မြင် ကောင်းမွန်စေရန် ယခုကဲ့သို့ ပညာရေး ညီလာခံကြီးကိုလည်း ကျင်းပခြင်းဖြစ်ကြောင်းနှင့် အားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် ကျင်းပမည့် ညီလာခံကြီးဖြစ်သည်နှင့်အညီ အောင်မြင်အောင် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ ဆွေးနွေးမည့် စာတမ်းခေါင်းစဉ်များနှင့် ပညာရေးညီလာခံ ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။
ကဏ္ဍများအလိုက် အကြံပြုဆွေးနွေး
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဆွေးနွေးအကြံ ပြုတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်