နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်ဖွင့်လှစ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် 
ဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်ဖွင့်လှစ်ပေးပြီး အတာရေသဘင်ပွဲ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
 

 

နေပြည်တော်    ဧပြီ    ၁၃


မြန်မာသက္ကရာဇ်   ၁၃၈၄  ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး    မဟာအတာသင်္ကြန်ပွဲတော်   နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးပြီး   အတာရေသဘင်ပွဲကို   ပျော်ရွှင်စွာပါဝင် ဆင်နွှဲသည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်း နွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်   ပုဂ္ဂိုလ်များနှင့်      ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်   ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာန များ၊ ခရိုင်နှင့် မြို့နယ်များမှ သင်္ကြန်ယိမ်း အဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊    ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်      သင်္ကြန်ကို ချစ်မြတ်နိုးကြသည့်       ပြည်သူများ တက်ရောက်ကြသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ   လက်ထောက်ညွှန်ကြား ရေးမှူး ဦးဉာဏ်ဝင်းက   ၁၃၈၄  ခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် ပွဲတော်      နှစ်သစ်မင်္ဂလာပိုဒ်စုံရတုကို ဖတ်ကြားပြီး နေပြည်တော်မြို့တော်ဝန် ဦးတင်ဦးလွင်က   နှစ်သစ်ကူး  နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်   ကာကွယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်        ဦးတင်ဦးလွင်တို့က နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်ကို   ဖဲကြိုးဖြတ်   ဖွင့်လှစ်ပေးကြ သည်။

 


အတာသင်္ကြန်ရေပက်ဖျန်း


ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့ များက    မြူမှောင်ဝေကင်းသီချင်းဖြင့် စုပေါင်းသီဆို        ကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်နှင့်  ဇနီး၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊   ကောင်စီဝင်များနှင့်   ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်   ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ နေပြည်တော်မြို့တော်ဝန်နှင့် ဇနီး နှင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီး များက    သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များကို သပြေခက်ဖြင့် အတာသင်္ကြန်ရေပက်ဖျန်း ပေးကြသည်။

 


ထို့နောက် တေးသံရှင်များ၊ အနုပညာ ရှင်များနှင့်       သင်္ကြန်ယိမ်းအဖွဲ့များက တူးပို့တူးပို့၊   ရွှေမန်းမာလာ၊  ရွှင်လန်း ချမ်းမြေ့ပါစေသီချင်းတို့ဖြင့်   သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

 


ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်က  တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည့် နိုင်ငံကျော်တေးသံရှင် များ၊ အနုပညာရှင်များကို ဂုဏ်ပြုသစ်သီး ခြင်းနှင့်   သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာနမှ      ဂီတပညာရှင်များကို  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 


နေပြည်တော်မြို့တော်ဝန်   မဟာ သင်္ကြန်မဏ္ဍပ်တွင် မြန်မာအသံ ခေတ်ပေါ် တေးဂီတနှင့်တွဲဖက်၍ နိုင်ငံကျော်အနုပညာ ရှင်များနှင့် တေးသံရှင်များ၊ ဝန်ကြီးဌာန များ၊  ခရိုင်/မြို့နယ်များမှ  သင်္ကြန်ယိမ်း အကအဖွဲ့များ၏    ယိမ်းအကအလှများ ဖြင့်   သီဆိုကပြဖျော်တင်ဆက်သွားကြ မည်ဖြစ်ပြီး      သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအတွက် ဖျော်ဖြေရေး အစီအစဉ်နှင့်  ရေပက်ကစားခြင်းတို့ကို နေ့စဉ်နံနက်   ၉  နာရီမှ  ၁၂  နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။ 

 


နေပြည်တော်၌           မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အပြင်     နေပြည်တော်  လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ် တို့တွင်လည်း သင်္ကြန်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပြည်သူ များ အေးချမ်းပျော်ရွှင်စွာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ရေပက်ကစားနိုင်ရေး တာဝန်ရှိသူများက   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်    ရှိကြောင်းနှင့်   စတုဒိသာမဏ္ဍပ်များ၌       အကျွေးအမွေး များဖြင့်       ဧည့်ခံကျွေးမွေးသွားမည်     ဖြစ်ကြောင်း သိရသည်။

 


နေပြည်တော်မြို့တော်ဝန်     မဟာ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင် များသည်   နေပြည်တော်လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။

 


သင်္ကြန်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်


ဖွင့်ပွဲအခမ်းအနားတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူး ကြီး   စိုးဝင်း၊   ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် နေပြည်တော်မြို့တော်ဝန်  ဦးတင်ဦး လွင်တို့က   နေပြည်တော်လမ်းလျှောက် သင်္ကြန်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ 

 


ကပြသီဆိုဖျော်ဖြေ


ထို့နောက်  ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအလှသမီးပျိုများက တယောပညာ ရှင် ဂျူးဂျူးကေ၏ သင်္ကြန်မိုးတေးသီချင်း ဖြင့်   တီးခတ်မှုနှင့်အတူ  သံပြိုင်ညီညာ ကပြသီဆိုဖျော်ဖြေကြပြီး     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်   ဇနီး၊   ကောင်စီ အတွင်းရေးမှူး၊         တွဲဖက်အတွင်း ရေးမှူး၊    ကောင်စီဝင်များနှင့်  ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ နေပြည်တော်မြို့တော်ဝန်နှင့် ဇနီး တို့က       သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များကို     သပြေခက်ဖြင့် အတာသင်္ကြန်ရေ       ပက်ဖျန်းပေးကြသည်။

 


အတာရေသဘင်ပွဲ ပျော်ရွှင်စွာဆင်နွှဲ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် သနပ်ခါးသင်္ကြန် ဇုန်အတွင်း ရေပက်ကစားနေမှု၊ တိုင်းရင်း သားသင်္ကြန်ဇုန်အတွင်း     တိုင်းရင်းသား မောင်မယ်များ       ရေပက်ကစားနေမှု၊ နေပြည်တော်      လမ်းလျှောက်သင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်တွင် အနုပညာရှင်များ နှင့်  သင်္ကြန်ယိမ်းအဖွဲ့များ၏ ဖျော်ဖြေ တင်ဆက်နေမှု၊ လူငယ်သင်္ကြန်ဇုန်အတွင်း ရောင်စုံသင်္ကြန်ဆင်နွှဲရန် ပြင်ဆင်ထားမှု၊ ခေတ်  ၄ ခေတ် သင်္ကြန်ပွဲဆင်နွှဲမှုများကို အလှပြယာဉ်များဖြင့် သရုပ်ဖော်မှု၊  လူငယ် များအတွက်   Games   Show  များကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဝန်ထမ်း များ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့် အတူ   တစ်ခဲနက်  အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။

 


ယခုနှစ်   အတာသင်္ကြန်ပွဲတော်တွင် ပြည်ထောင်စုနယ်မြေ     နေပြည်တော်ရှိ  ဝန်ထမ်းများအချင်းချင်း၊      ဝန်ထမ်း မိသားစုများနှင့်   ပြည်သူများအချင်းချင်း ချစ်ကြည်ရင်နှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်၍ နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို သင်္ကြန်အကြိုနေ့မှစတင်ကာ  ပျဉ်းမနား  -  တောင်ညို   လမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဇုန်(၄) ဇုန်   သတ်မှတ်ကာ    ခေတ်နှင့်အညီ ထည့်သွင်းကျင်းပလျက်ရှိသည်။

 


ဇုန် (၁) တွင် သနပ်ခါးသင်္ကြန်၊  ဇုန် (၂) တွင် တိုင်းရင်းသားသင်္ကြန်၊ ဇုန်(၃) တွင်   မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီ     အလှပြ ဖျော်ဖြေရေးအစီအစဉ်များနှင့် ဇုန်(၄)တွင် လူငယ်နှင့်     ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန် အစီအစဉ်များကို ထည့်သွင်းကျင်းပပေးလျက်ရှိကြောင်းနှင့် ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီး များ   အပါအဝင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်သူများ ယဉ်ကျေး သိမ်မွေ့စွာ   ရေပက်ကစား၍  အေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်