နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   မတ်     ၁၁


မြန်မာနိုင်ငံ   ကျန်းမာရေးပညာရပ်ဆိုင်ရာ   နှီးနှော ဖလှယ်ပွဲ(၂၀၂၃)အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟိုဌာန-၂   ၌   ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း တက်ရောက်ချီးမြှင့်သည်။ 

 


အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး      ကောင်စီဝင်များ၊       ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊   ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊      ပါမောက္ခချုပ်များ၊   နယ်ပယ်အသီးသီးမှ   ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်သည်။

 


သီဆိုကပြဖျော်ဖြေ


ညစာ မသုံးဆောင်မီနှင့်  သုံးဆောင်နေစဉ်အတွင်း  အနုပညာဦးစီး ဌာနမှ အနုပညာရှင်များက  တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေ ကြသည်။ 

 


ဂုဏ်ပြုပန်းခြင်း ပေးအပ်


ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကပြ ဖျော်ဖြေကြသည့်  အနုပညာရှင်များအား   ဂုဏ်ပြုပန်းခြင်း   ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                                          

သတင်းစဉ်