နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

 

နေပြည်တော်  အောက်တိုဘာ  ၄


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်    (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း သည်    ယနေ့   နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့         တပ်မတော် နည်းပညာတက္ကသိုလ်၌    ပြုလုပ် သည့်    တပ်မတော်နည်းပညာ တက္ကသိုလ်      ဗိုလ်လောင်းသင်တန်း အမှတ်စဉ်  (၂၆)    စစ်လက်ရုံး ရွေးချယ်ပွဲသို့   တက်ရောက်စိစစ် ရွေးချယ်သည်။


အဆိုပါ စစ်လက်ရုံး  ရွေးချယ် ပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်        ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊   ကာကွယ်ရေး ဦးစီးချုပ်    (ရေ)   ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး  ထွန်းအောင်၊ ကာကွယ်ရေး      ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊        အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊      တပ်မတော် နည်းပညာတက္ကသိုလ်    ကျောင်း အုပ်ကြီးနှင့်    တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်း များအား    တစ်ဦးချင်းစီတွေ့ဆုံ မေးမြန်း၍  နည်းပညာဘာသာရပ် ပိုင်းဆိုင်ရာများနှင့်     လေ့ကျင့်ရေး ပိုင်းဆိုင်ရာတို့တွင်    နှစ်အလိုက်   ထူးချွန်ထက်မြက်မှု၊   စည်းကမ်း လိုက်နာမှု၊ ကြိုးစားအားထုတ်မှုနှင့် ၎င်းတို့ စိတ်ပါဝင်စားမှုများအပေါ် မူတည်၍       သင့်လျော်သည့် တပ်မတော်   (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံးအသီးသီးအတွက် စိစစ် ရွေးချယ်ပေးကြသည်။


မွန်းလွဲပိုင်းတွင်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်   အဖွဲ့ဝင် များသည်      ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာ၌   သင်တန်း သား    ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို  အတူတကွ  သုံး ဆောင်ကြပြီး ဗိုလ်လောင်းများ အား    ရင်းရင်းနှီးနှီး     လိုက်လံ နှုတ်ဆက်၍         အားပေးစကား ပြောကြားခဲ့သည်။   ယင်းနောက် စစ်လက်ရုံး      ရွေးချယ်မှုအား ဆက်လက်       ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။    
   

သတင်းစဉ်