နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစ

နေပြည်တော်    ဇွန်    ၃၀


Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့   ကာကွယ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊    ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊    နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး       ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပို့ဆောင် ရေးနှင့်     ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပညာရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး            ဒေါက်တာသက်ခိုင်ဝင်း၊  လူမှုဝန်ထမ်း၊      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဗိုလ်ချုပ်စိုးတင့်နိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေး ဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်  ကိုကိုလွင်နှင့် တာဝန်ရှိသူများ   တက် ရောက်ကြသည်။ 


အဖွင့်အမှာစကားပြောကြား


ဦးစွာ  ကော်မတီဥက္ကဋ္ဌ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အဖွင့်အမှာစကားပြောကြားရာ တွင်       ယခုအခါ COVID-19 ရောဂါ ကူးစက်မှုနှုန်းများ မြင့်တက်လာမှုကြောင့်  ကူးစက်မှုလျှော့ချနိုင်ရေးအတွက် မိမိတို့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သင့်သည့်     ကိစ္စရပ်များကို ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ဆောင်ရွက်ရာတွင်     တစ်ဦးချင်း၏ ကြိုတင်ကာကွယ်မှုများသည်    အဓိက အကျဆုံးဖြစ်ကြောင်း၊     ယခုအခါ ကလေးငယ်များ   ပညာသင်ကြားရေး အတွက် စာသင်ကျောင်းများဖွင့်လှစ်ခြင်း၊ ခရီးသွားလုပ်ငန်းများနှင့်  ပတ်သက်၍ ဖြေလျှော့မှုများ    ပြုလုပ်ပေးခြင်းနှင့်  စေတီပုထိုးများနှင့် အခြားဘာသာရေး ဆိုင်ရာနေရာများ ပြန်လည်ဖွင့်လှစ်ခွင့် ပေးထားကြောင်း၊ အိမ်နီးချင်းနိုင်ငံများ ၌လည်း    မျိုးဗီဇပြောင်းကူးစက်မြန်  COVID-19 ရောဂါများဖြစ်ပေါ်နေသလို  မိမိတို့နိုင်ငံအတွင်း၌လည်း စတင်ဖြစ်ပေါ် နေပြီဖြစ်၍    မဖြစ်မနေ  ကျော်လွှား ဆောင်ရွက်သွားရမည်   ဖြစ်ကြောင်း၊ ထို့ပြင်  COVID-19  ရောဂါ  ကူးစက် ပြန့်ပွားမှု         အမြန်လျှော့ချနိုင်ရေးမှာ တစ်ဦးချင်း           ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ   ဆောင်ရွက်ရန်  လိုအပ် သကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံနိုင် ရေးအတွက်ကိုလည်း   ဆောင်ရွက်ပေး သွားရမည်ဖြစ်ကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏    ရုရှားနိုင်ငံခရီးစဉ်အတွင်း COVID-19 ရောဂါကာကွယ်ဆေးများ ရရှိရေး         ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးအလုံးရေ နှစ်သန်း ဝယ်ယူ ရန်    သဘောတူညီမှုရရှိခဲ့ပြီး    ရောဂါ စစ်ဆေးရန်အတွက်လည်း  PCR  စက် သုံးလုံး ဝယ်ယူခဲ့သည်ဟု သိရှိရကြောင်း၊ အဆိုပါ PCR စက်သည် တစ်ကြိမ်လျှင် လူဦးရေ ၁၄၀ ခန့်အား     ၁ နာရီခွဲအတွင်း        စစ်ဆေးနိုင်ကြောင်း၊       အလားတူ ကျန်းမာရေးနှင့်     အားကစားဝန်ကြီး ဌာနကလည်း          တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကာကွယ်ဆေးများ ဝယ်ယူ ရရှိရေး   ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ကာကွယ်ဆေးများ မရရှိသေး သည့် ကာလအတွင်း ယခုလ ၂၉ ရက်နေ့ တွင်   ရောဂါတွေ့ရှိသူ  ၁၃၁၂ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်       ၁၅ ဒသမ ၉၄ ရာခိုင်နှုန်းရှိကြောင်း၊  ကူးစက်မြန်သည့် ဗိုင်းရပ်စ်ပိုးဖြစ်သဖြင့် ရောဂါကူးစက်မှု များ    ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ရောဂါကူးစက်ခံရသူများအား ဆေးရုံများ ၌ ကုသပေးလျက်ရှိသော်လည်း ယခု ထက်ပို၍ ရောဂါကူးစက်မှု မြင့်တက်လာ ချိန်တွင် Quarantine Center များ ထပ်မံ ၍  လုံလောက်စွာထားရှိရေး ကြိုတင် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   အဓိကဦးစားပေး အနေဖြင့် ကျောင်းသား ကျောင်းသူများ ကူးစက်မှုမဖြစ်စေရန် လိုအပ်သည့် Face Mask များ လုံလောက်စွာ စဉ်ဆက်မပြတ် ဝေငှနိုင်ရေး၊  စာသင်ကျောင်းခန်းသို့ ဝင်/ ထွက်ရာတွင်  လက်ဆေးနိုင်ရေး ဆပ်ပြာ၊        သုံးရေရရှိစေရေးအတွက်         နိစ္စဓူဝ ကြပ်ကြပ်မတ်မတ်ဖြင့်      ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ လူအများစု   သွားလာလှုပ်ရှားလျက်ရှိ သည့် ဈေးများ၊ စက်ရုံအလုပ်ရုံများနှင့် ရုံးဌာနများအတွက်လည်း Face Mask များ ဝေငှနိုင်ရေးကမ်ပိန်း ဆောင်ရွက် ပေးရန်လိုကြောင်း၊     လူတစ်ဦးချင်း၏ ကာကွယ်ရေးအတွက် Face Mask များ တပ်ဆင်စေရေး ရပ်ကွက်၊ မြို့၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့်     ပြည်နယ်အလိုက် Face Mask တပ်ဆင်သည့် ကမ်ပိန်း များအား ယခုထက် မြှင့်တင်ဆောင်ရွက် ကြရန်အတွက် တိုက်တွန်းဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူများအတွက် Face Mask များ   လုံလောက်စွာရရှိစေရေး သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့  တပ်မတော်အနေဖြင့်လည်း Face Mask များ လိုအပ်သည့်အရေအတွက်ရရှိစေရေး တိုးမြှင့်ထုတ်လုပ်လျက်        ရှိကြောင်း၊ အလားတူ Stay at Home သတ်မှတ် ထားသည့်  မြို့နယ်များရှိ  ပြည်သူများ Face Mask များ တပ်ဆင်ရေး ကမ်ပိန်း များ ပြုလုပ်သွားရန်လိုကြောင်း မှာကြား သည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က မြန်မာနိုင်ငံအတွင်း  COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှု        အခြေအနေ၊  COVID-19 ရောဂါ     ဒုတိယလှိုင်းနှင့် တတိယလှိုင်းဖြစ်ပွားမှု     အခြေအနေ၊ တတိယလှိုင်းအတွင်း  ရောဂါစစ်ဆေး တွေ့ရှိမှု၊   ကုသပေးမှုနှင့်  သေဆုံးမှု အခြေအနေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာန များမှ ဝန်ထမ်းများတွင် ရောဂါကူးစက် ခံရမှုအခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်    ရောဂါကူးစက်မှု အခြေအနေ၊       ရောဂါကူးစက်မှုနှုန်း မြင့်မားသည့် မြို့နယ်များတွင် Stay at Home သတ်မှတ်ထားမှုအခြေအနေနှင့်  အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသူ များအား Facility Quarantine ထားရှိနိုင် ရန် ပြင်ဆင်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)  ဆေးဝန်ထမ်း    ညွှန်ကြားရေးမှူးတို့က လက်ရှိ   COVID-19  ရောဂါ  စစ်ဆေး တွေ့ရှိမှု၊ ကုသပေးမှုနှင့် သေဆုံးမှုအခြေ အနေ၊ အိမ်နီးချင်းနိုင်ငံများတွင် ကူးစက် ပြန့်ပွားနေမှုအခြေအနေ၊ ရောဂါစစ်ဆေး ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ COVID-19   ရောဂါထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများ သိသင့်သိထိုက် သည်များ ထုတ်လွှင့်ပြန်ကြားပေးရေး၊ ရောဂါတွေ့ရှိမှုများပြားလာပါက လူနာ  များထားရှိရန် Quarantine Center များ  ကြိုတင်ပြင်ဆင်ထားရှိမည့် အခြေအနေ၊ တပ်မတော်အနေဖြင့်      ရောဂါကုသ ထိန်းချုပ်ရေးလုပ်ငန်းများတွင်   ကူညီ ဆောင်ရွက်ပေးနိုင်ရေး     စုဖွဲ့ထားရှိမှု အခြေအနေ၊ ရောဂါတွေ့ရှိမှုများပြား လာပါက    အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရေး၊     ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ        အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရေး၊    မြို့ဝင်မြို့ထွက် များတွင် စနစ်တကျ စိစစ်ကြပ်မတ်ရေး နှင့် ရှောင်ကွင်းလမ်းများမှ  ဝင်ရောက်မှု မရှိစေရေး    ကြပ်မတ်ဆောင်ရွက်ရေး၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်း များ၊ သီလရှင်ကျောင်းများနှင့် ဘာသာ ရေးဆိုင်ရာကျောင်းများတွင် COVID-19 စည်းကမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ရေးညွှန်ကြားထားရှိမှု၊ COVID-19  ရောဂါဆိုင်ရာ    အချက်အလက်များနှင့် ရောဂါကာကွယ်ရေးအတွက် နှိုးဆော် ချက်များအား      အော်ပရေတာများမှ တစ်ဆင့်            ပြည်သူများသိရှိစေရေး ဆောင်ရွက်လျက်ရှိမှု   အခြေအနေများ၊ ပို့ဆောင်ရေးလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိသည့် ယာဉ်မောင်းများနှင့် ဝန်ထမ်း များ     ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ရောဂါစစ်ဆေးမှုများ   ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန်   လိုအပ်မှုအခြေအနေ၊ ရောဂါကူးစက်ခံရသည့်  အလုပ်သမား များအား လူမှုဖူလုံရေး ထောက်ပံ့ငွေများပေးအပ်ခဲ့မှုနှင့်   ဆေးဝါးကုသပေးမှု အခြေအနေ၊     တက္ကသိုလ်များတွင် ကျောင်းသား  ကျောင်းသူများ  ရောဂါ ကူးစက်မှုအခြေအနေ၊ Stay at Home ပြုလုပ်ထားသည့် မြို့နယ်များရှိ အခြေခံ ပညာကျောင်းအချို့ ယာယီပိတ်ထားမှု အခြေအနေများနှင့် ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ စာသင်ကျောင်းများတွင် ရောဂါကြိုတင် ကာကွယ်ရေး     အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေထားရှိမှုအခြေအနေ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့်  အခြေအနေ၊ Social Distancing  ရှိစေရေး ဆောင်ရွက်သွားရမည့် အခြေအနေများ နှင့်    COVID-19 စည်းကမ်းချက်များ၊ SOP/ Guideline များအား လိုက်နာမှု ရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက် ရန်လိုအပ်မှု၊ COVID-19 ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်  လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ သင်တန်းများပို့ချ ပေးနေမှုနှင့် ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေ များ၊ COVID-19 ရောဂါ ကူးစက်ခံရသူများ အတွက်လိုအပ်သည့်     အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး ကြိုတင်ပြင်ဆင်  ဆောင်ရွက်ထားရန်  လိုအပ်မှုများအား   ရှင်းလင်းဆွေးနွေး    အကြံပြုတင်ပြကြ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။


ယင်းနောက် Coronavirus Disease 2019(COVID-19)    ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ     ဥက္ကဋ္ဌ၊ နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ          ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က     နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်