နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်နှင့်ပြင်ဦးလွင်တပ်နယ်တို့ရှိအရာရှိ၊စစ်သည်၊မိသားစုများ၊သင်တန်းသားအရာရှိ၊စစ်သည်၊ဗိုလ်လောင်းများအားတွေ့ဆုံ

တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာအောင် ဆောင်ရွက်ရန်မှာကြား

နေပြည်တော်   မတ်   ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင်   ဗထူး တပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ သင်တန်းသားအရာရှိနှင့် ဗိုလ်လောင်းများ၊ သင်တန်းသား စစ်သည်များ၊ သန္ဓေစစ်သည်နှင့် မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အားပေးအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ   အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား အရာရှိ၊ စစ်သည်၊ ဗိုလ်လောင်းများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂ဝ၂ဝ  ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၉ ဒသမ၂ သန်း ကျော်ရှိသည့်အနက်  ၁ဝ  ဒသမ   ၄   သန်းကျော် မဲစာရင်းမှားယွင်းမှုကြီးမားစွာဖြစ်ပေါ်ကာ မဲမသမာ မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ နစ်နာသူပြည်သူ များနှင့် ပါတီများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ အဆိုပါ မဲစာရင်းမှားယွင်းမှုဖြစ်ပေါ် ခဲ့သည့် အခြေအနေများကို သံသယကင်းရှင်းစေရေး ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လျစ်လျူ ရှုကာ တာဝန်ယူဖြေရှင်းမှု မပြုလုပ်ပေးသည့် အခြေ အနေများ၊ မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ်နေမှုကို ဆွေးနွေးနိုင်ရေး ဒုတိယအကြိမ်လွှတ်တော်အတွင်း အထူးအစည်းအဝေးခေါ်ယူကျင်းပရန် လွှတ်တော် ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းကျော်က တောင်းဆိုမှု ကိုလည်း    ပြည်ထောင်စုလွှတ်တော်နာယက က ပယ်ချခဲ့မှုအခြေအနေများ၊     နောက်ဆုံးအဆင့် အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ၌ ရှင်းလင်းဆွေးနွေးခွင့်ပြုရန်   ၂   ကြိမ်တိုင်တိုင် တောင်းဆိုမှုကို နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်က လုံးဝ  လက်မခံဘဲ     ပယ်ချခဲ့မှုအခြေအနေများ၊ ကိုယ်ရေးစာဖြင့် မဲစာရင်းမှားယွင်းမှုများ စိစစ်ပေး ရန်၊ စိစစ်ရာတွင် UEC အသစ်ဖွဲ့စည်း၍ ဆောင်ရွက် ပေးရန်၊ စိစစ်ဆဲကာလအတွင်း လွှတ်တော်အသစ် ခေါ်ယူမှု ဆိုင်းငံ့ပေးရန်၊ နိုင်ငံတော်သမ္မတက ယခု တင်ပြချက်အပေါ်    အချိန်မီဖြေရှင်းပေးနိုင်ရန် တောင်းဆိုခဲ့မှုတို့အား လက်မခံခဲ့သည့် အခြေအနေ များ။
ရှင်းလင်းမှာကြား
သံသယဖြစ်ဖွယ်မဲစာရင်း ၁ဝ ဒသမ ၄ သန်း ကျော် မှားယွင်းနေမှုကို ပွင့်လင်းမြင်သာစွာ ဖြေရှင်း ဆောင်ရွက်ပေးခြင်း  မရှိသည့်အပြင် တတိယအကြိမ် လွှတ်တော်အသစ်အစည်းအဝေး ကျင်းပပြုလုပ်၍ နိုင်ငံတော်၏အာဏာ ၃ ရပ်အား  မတရားနည်းဖြင့် ရယူရန် ကြိုးပမ်းလာသည့်အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်၏ အာဏာအရပ်ရပ်အား မတရားနည်းဖြင့် ရယူရန် ကြိုးပမ်းလာမှုတို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈)ခုနှစ်၊ ပုဒ်မ ၂ဝ အရ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို   ကာကွယ် စောင့်ရှောက်ရန်   အဓိကတာဝန်ရှိသည်နှင့်အညီ  တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ကို ဖျက်သိမ်းခြင်းမရှိဘဲ  ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်အရေးပေါ်အခြေအနေ    ကြေညာပြီး အာဏာ  ၃  ရပ်အား   ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလသတ်မှတ်ချက်အတွင်း     ရယူဆောင်ရွက်ရသည့် အခြေအနေများ၊ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှစ၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ။ 
နိုင်ငံ့ဝန်ထမ်းများ CDM တွင် ပါဝင်လာစေရေး စည်းရုံးမှုမှစ၍ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ဖိအား ပေးမှုအထိ ပြုလုပ်လာသည့်အတွက် ဆူပူအကြမ်း ဖက်မှုများ မဖြစ်စေရေး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်အခြေအနေများ၊ နိုင်ငံ့ဝန်ထမ်း များ နားယောင်မှု၊ ကြောက်ရွံ့မှုတို့ကြောင့် CDM တွင် ပါဝင်ခဲ့ရခြင်းကြောင့်  မိသားစုများအပါအဝင် လူမှုစီးပွားဘဝ  ပျက်စီးဆုံးရှုံးရမှုအခြေအနေများ၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုမှ အကြမ်းဖက်ဆူပူမှု အသွင် (Riot) ၎င်းမှ မင်းမဲ့စရိုက်ဆန်သော လူအုပ်စု ဖြင့် အကြမ်းဖက်လာမှုသည် (Anorchy Mob) အသွင် ပြောင်းလဲလာမှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၁၊ ပုဒ်မ ၃၆၂ အရ ဘာသာ၊ သာသနာ ကိုးကွယ်မှုဆိုင်ရာများကို လွတ်လပ်စွာ ဆောင်ရွက် ခွင့် ပြုထားသော်လည်း မိမိတို့နိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပျက်စီးလာအောင် အမျိုးသမီး ထဘီများ လမ်းလုံးပြည့်ချိတ်ဆွဲခြင်း၊  နိုင်ငံတော် ၏ အဓိပတိဆရာတော်  ထေရ်ကြီးဝါကြီးများ၏ ပုံတော်များကို  မဖွယ်မရာ  ဆောင်ရွက်လာမှုနှင့် ဘာသာ၊ သာသနာညှိုးနွမ်းအောင်ဆောင်ရွက်လာမှု အခြေအနေများ၊ လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ လူ့အခွင့်ရေးဆုံးရှုံးသည်အထိ မျက်ခုံးမွေး ရိတ်ခြင်း၊ လေးကွက်ကျား ကတုံးတုံးခြင်း၊ ရာဇဝတ် သားကဲ့သို့ လည်ပင်းစာတန်းချိတ်ဆွဲ၍  အရှက်ခွဲ ခြင်းအပြင် လူ့ကျင့်ဝတ်သိက္ခာနှင့်မညီသော နဖူးနှင့် ပါးပေါ်တွင် တက်တူးများ  ရေးထိုးစေလွှတ်ခြင်း၊ ရဲစခန်းများအပါအဝင်   အုပ်ချုပ်ရေးမှူးရုံးများကို ထိပါးနှောင့်ယှက်လာခြင်းအပြင် လုံခြုံရေးတပ်ဖွဲ့ ဝင်များအပေါ်      သေစေနိုင်လောက်သည်အထိ ရေနွေးပူလောင်းချခြင်း၊ တုတ်၊ ဓား၊   လှံ၊  မှိန်း၊ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိ စသည်တို့ဖြင့် ထိပ်တိုက်အကြမ်းဖက်မှု   ဆောင်ရွက်လာမှု အခြေ အနေများ၊ ထိုသို့ပြုမူဆောင်ရွက်မှုများနှင့်   ဆူပူ အကြမ်းဖက်မှုများ   ဆောင်ရွက်လာခြင်းကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက   ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲဥပဒေ (၁၉၅၆ ခုနှစ်)နှင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာ နိုင်ငံရဲတပ်ဖွဲ့ လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်း ခြင်း လက်စွဲစာစောင်(၂ဝ၁၅ ခုနှစ်)ပါ ပြဋ္ဌာန်းဥပဒေ များနှင့်အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှ စ၍   ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊  အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့်  လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့်  နေထိုင်ကာ တပ်တွင်း စည်းလုံးညီညွတ်ရေးကို   ကျစ်လျစ်ခိုင်မာအောင် ဆောင်ရွက်ရန်၊ မြဲသုံးမြဲအား အမြဲလက်ကိုင်ထား၍ ရဲသုံးရဲဖြင့်   ကျရာတာဝန်ကို    ကျေပွန်အောင် ဆောင်ရွက်ရန်၊ တစ်ဦးချင်း၏   ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာသန်စွမ်းအောင် နေထိုင်လေ့ကျင့် ရန်နှင့်  မိမိကိုယ်တိုင်နှင့် မိမိမိသားစုကြောင့် မိမိ အဖွဲ့အစည်း၏ ပုံရိပ်များ၊ ဂုဏ်သိက္ခာများ ပျက်ယွင်း ကျဆင်းမှုမရှိစေရေး  လိုက်နာစောင့်ထိန်းရမည့် အခြေအနေများအား       အသေးစိတ်ရှင်းလင်း မှာကြားခဲ့သည်။
ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ ဝင်များက ဗထူးတပ်နယ်နှင့်    ပြင်ဦးလွင်တပ်နယ် တို့ရှိ အရာရှိ၊ စစ်သည်၊   မိသားစုများ၊ သင်တန်းသား အရာရှိ၊  စစ်သည်၊     ဗိုလ်လောင်းများအတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများ က လက်ခံရယူသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည်   တွေ့ဆုံပွဲများသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊  မိသားစု များ၊ သင်တန်းသား အရာရှိ၊  စစ်သည်၊ ဗိုလ်လောင်း များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် မွန်းလွဲပိုင်းတွင်    ဗထူးတပ်မြို့၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစုပေါင်း စားရိပ်သာ၌  သင်တန်းသားများနှင့်အတူ နေ့လယ် စာ  အတူတကွ   သုံးဆောင်ခဲ့ကြကြောင်း  သတင်း ရရှိသည်။                                               သတင်းစဉ်