
နေပြည်တော် ဇွန် ၃၀
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲ တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက် ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌက ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ မြန်မာ နိုင်ငံ၏ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ထုတ်ပေးနိုင်ရန်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အခြား စီးပွားရေးကဏ္ဍများ ပြန်လည် ထူထောင်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုနိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများဖွံ့ဖြိုးတိုးတက်မှုအတွက် သန်းပေါင်း များစွာသော အလုပ်အကိုင်နှင့် စီးပွား ရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် အပြင် သဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို အနာဂတ်မျိုးဆက် သစ်များ လက်ဆင့်ကမ်းခံစားနိုင်ရန်နှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် တွန်းအား တစ်ရပ်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော အချို့နိုင်ငံများတွင် ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေသည် နိုင်ငံစီးပွားရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ၏ တတိယအကြီးဆုံး ပို့ကုန်ကဏ္ဍဖြစ် ကြောင်း၊ ထို့ပြင် သဘာဝမျိုးစုံမျိုးကွဲများ ကို ကာကွယ်ထိန်းသိမ်းရေးနှင့် လူသား များအတွက် နေရာသစ်များ၊ ယဉ်ကျေးမှု များနှင့် အတွေ့အကြုံသစ်များကို စူးစမ်း ရှာဖွေဖော်ထုတ်ရာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍသည် အရေးပါသည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း။
တစ်ကမ္ဘာလုံးအတွက်အရေးပါ
ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်းသည် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသတစ်ခုတည်း အတွက်သာမက တစ်ကမ္ဘာလုံးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းကို စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက်များ (Sustainable Development Goals)နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားကန့်သတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ် သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ၏ အဆိုးရွားဆုံးသော နှစ်တစ်နှစ်ဖြစ်ခဲ့ ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization – UNWTO)၏ ၂၀၂၁ ခုနှစ် မတ်လ စာရင်းဇယားများအရ ကမ္ဘာအနှံ့ ခရီးသည်ဝင်ရောက်မှုသည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၉၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဥရောပ ဒေသတွင် ၈၃ ရာခိုင်နှုန်း၊ အာဖရိက ဒေသတွင် ၈၁ ရာခိုင်နှုန်း၊ အရှေ့အလယ် ပိုင်းဒေသတွင် ၇၈ ရာခိုင်နှုန်း၊ အာရှ-ပစိဖိတ်ဒေသတွင် ၉၄ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ထရီလီယံခန့်ဆုံးရှုံးခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင် ၇၀ ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းဒေသတွင် ၆၉ ရာခိုင်နှုန်း ကျဆင်းလာသည်ကို တွေ့ရကြောင်း။
ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ခရီးသည် ဝင်ရောက်မှု သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၇၉ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး ခရီးသွား လုပ်ငန်းမှရရှိသည့်ဝင်ငွေ ၈၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ ထို့ပြင်ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဆုံးရှုံးနစ်နာခဲ့သည် ကို တွေ့ရှိရကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ်မူတည် ၍ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် နိုင်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လဆန်းမှ စတင်ပိတ်သိမ်းထားခဲ့သည့် ခရီးစဉ်ဒေသများ၏ ၅၃ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်ခဲ့သည်ကို တွေ့ရ ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ၏ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ စစ်တမ်း ကောက်ယူချက်အရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်း၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၂ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ အပြည့် အဝ ထိန်းချုပ်နိုင်ပါက ၂၀၂၄ ခုနှစ်မှသာ ခရီးသွားလုပ်ငန်း ပုံမှန်အခြေအနေ ရောက်ရှိ နိုင်မည်ဖြစ်သည်ဟု ခန့်မှန်းထားကြောင်း။
ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး အတွက် Global Tourism Crisis Committee ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါကော်မတီက ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး အစီအမံများကို ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် Global Tourism Crisis Comm- ittee နှင့် UNWTO / IATA (International Air Transport Association) ပူးပေါင်း၍ Destination Tracker စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ Harmonize Common Guidelines Recommendations on Health and Safety Protocols ကိုလည်း ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း။
m စာမျက်နှာ ၆ မှ
ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်း အဖွဲ့၏ ၂၀၂၁-၂၀၂၃ ခုနှစ် နိုင်ငံတကာ ခရီးသည် ဝင်ရောက်မှုခန့်မှန်းစာရင်းအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ဝင်ရောက်မှုအများဆုံး ၁ ဒသမ ၈ သန်းမှ အနည်းဆုံး သုည ဒသမ ၅ သန်းရှိမည်ဟု ခန့်မှန်းသုံးသပ်ထားကြ ကြောင်း၊ အဆိုပါအခြေအနေများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ် နိုင်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု အပေါ် များစွာမူတည်နေသည်ကို သတိ ပြုကြရန် လိုကြောင်း။
အနည်းငယ်ထိန်းချုပ်လာနိုင်
လတ်တလောကာလတွင် အိမ်နီးချင်း နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကူးစက်မှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရ သည့်အတွက် နိုင်ငံတကာခရီးသွားများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အချိန်အတိုင်း အတာတစ်ခုအထိ ကြာမြင့်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်း စတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် ရောဂါကူးစက်မှု အနည်းငယ် ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များ၊ သတ်မှတ် ချက်များနှင့်အညီ ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင် တာဝန်ယူပြီးသည့် ကာလမှစတင်၍ ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း ခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက် များ၊ လမ်းညွှန်ချက်များအတိုင်း ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည့် ခရီးစဉ်ဒေသများ ကို သွားရောက်လည်ပတ်လျက်ရှိပြီဖြစ်ရာ ၂၀၂၁ ခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာ နိုင်ငံ ခရီးစဉ်ဒေသများတွင် ပြည်တွင်း ခရီးသွားဦးရေ ၄၃၂၈၂၉ ဦးအထိ သွားရောက် လည်ပတ်ခဲ့ကြကြောင်း။ သို့သော် ကိုဗစ်-၁၉ ကူးစက်မှုအနေဖြင့် ဇွန်လ ဒုတိယပတ်မှစ၍ မျှော်လင့်ထား သည့် ဗီဇပြောင်းရောဂါပိုးကူးစက်မှုများ ဖြစ်ပွားလာခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း။ ရောဂါကူးစက်မှု မြန်မြန် ဆန်ဆန် ရပ်တန့်စေရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ကုသမှုများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ခရီး သွားလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်နိုင်သည့် Agri Tourism, Faming Tourism, Nature-based Tourism စသည့် သဘာဝနှင့် နီးစပ်သော ခရီးသွားလုပ်ငန်း အမျိုးအစားများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ရှိရင်းစွဲခရီးသွား ဆွဲဆောင်မှုများအပြင် ခရီးသွားများ စိတ်ဝင်စားနိုင်မည့် အစီအစဉ်များကို ကြံဆဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံ ပြည်သူများ၏ ဝင်ငွေတိုးတက်စေရန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ဒေသထုတ်ကုန်များကို အရည်အသွေး ကောင်းမွန်ပြီး ခေတ်မီဆန်းသစ်သော ထုပ်ပိုးမှုပုံစံများဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ထုတ်ကုန်များ ထုတ်လုပ်ကြရမည်ဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ တကာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ASEAN Tourism Recovery Plan တွင် ပါဝင် သည့် ကိုဗစ်-၁၉ ကြောင့် ဒေသတွင်း သက်ရောက်မှုများ ကုစားဖြေလျှော့ရေး နှင့် ပြန်လည်တိုးတက်ကောင်းမွန်ရေး အတွက် အာဆီယံအဆင့် ဆောင်ရွက် ရမည့် မူဝါဒများ ချမှတ်ခြင်း၊ Common Health Guideline များ ရေးဆွဲဖော် ဆောင်ခြင်း၊ ASEAN Travel Corridor များ ဖော်ဆောင်ခြင်း၊ အာဆီယံအဆင့် Travel Pass နှင့် Safely Protocol များ ရေးဆွဲ၍ အပြန်အလှန်အသိအမှတ်ပြု ခြင်းနှင့် ASEAN Tourism Recovery Fund ထူထောင်ခြင်းကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးခွဲ များ၊ ခရီးစဉ်ဒေသများရှိ ဒေသခံအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ကနဦးစီမံချက် (Pilot Project) များ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဆို သည်ကို သိရကြောင်း၊ ကနဦးစီမံချက်ပါ အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည့် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး ကောင်စီများအနေဖြင့် ပူးပေါင်းဆောင် ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ခရီးသွားလုပ်ငန်းသည် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုသော်လည်း ခရီးသွားဧည့်သည် များကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားနိုင်သည့်အတွက် ခရီးသွား လုပ်ငန်း ပြန်လည်စတင်ဆောင်ရွက်ရာ တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပြုစုရေးဆွဲထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များကို အလေးထားလိုက် နာကြရန် အထူးကြပ်မတ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက ခရီးသွားလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုကိုပြသသည်။
ထို့နောက် ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမောင်မောင်ကျော်က ယခင် ဗဟို ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် များ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဖွဲ့စည်းမှုများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ပြည်တွင်း ခရီးသွားမြှင်တင်ရေး အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ခရီးသွား လုပ်ငန်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် စိန်ခေါ်မှုများ၊ ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက် နေမှုများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသွားလုပ်ငန်းတွင် ပြည်ဝင်ဗီဇာ ထုတ်ပေးနေမှုအခြေအနေ နှင့် ပြည်တွင်း ပြည်ပ ခရီးသွားလာကန့်သတ် မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာနိုင်မည့် အခြေအနေ များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်မှုများ၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်း ခွင့်ပြုဆောင် ရွက်နေမှုများ၊ သဘာဝအမွေအနှစ် တန်ဖိုးများနှင့် တည်ရှိမှုများ၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ ကူညီထောက်ပံ့မှု၊ ခရီးသွားလာခြင်းနှင့် စပ်လျဉ်းသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု များနှင့် အသွားအလာကန့်သတ်ထိန်းချုပ် ဆောင်ရွက်မှုများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာသို့ အသိပေးပြန်ကြားမှုများ ကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ ခရီးသွားအဖွဲ့ အစည်း ကိုယ်စားလှယ်များနှင့် ခရီးသွား လုပ်ငန်း တတ်သိပညာရှင်များက ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းသည့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းမြှင့်တင် ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ရေး၊ ခရီးစဉ်ဒေသအသစ် များ ဖော်ထုတ်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက် များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ခရီးသွားလုပ်ငန်းသည် ဦးစားပေး အစီအစဉ်အလိုက် ဖော်ဆောင်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ခရီးသွား များနှင့် ဒေသခံများ၏ လုံခြုံရေးအာမခံ ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများ က ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး အစည်းဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်