နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်   ဇူလိုင်   ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ၂၀၂၂   ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ရေးဦးစီးကော်မတီ  ဒုတိယအကြိမ်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့မွန်းလွဲ   ၂   နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  စုပေါင်းအစည်းအဝေးခန်းမ၌  ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။ 

 


ရှေးဦးစွာ  ဝါဆိုသင်္ကန်း  ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ    ဥက္ကဋ္ဌ သာသနာရေးနှင့်        ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို က  ယနေ့ကျင်းပသည့် အစည်းအဝေးသည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ၂၀၂၂ ခုနှစ် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ    ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်သည်။

 


အခမ်းအနားအောင်မြင်စွာ     ကျင်းပနိုင်ရန် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ    ဆရာတော်ကြီး အပါအဝင် ပင့်သံဃာ ၂၇ ပါး ပင့်ဆောင်မည်ဖြစ် ကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကဆရာတော် ကြီးများကို   မြန်မာ့လေကြောင်းလေယာဉ်ဖြင့် နေပြည်တော်သို့    ပင့်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆွမ်းကပ်သည့် အချိန်တွင် တစ်ဝိုင်းလျှင် သုံးပါး နှုန်းဖြင့် စားပွဲ ကိုးဝိုင်းဖြင့် ဆွမ်းဆက်ကပ်သွားမည် ဖြစ်ကြောင်း။

 


အခမ်းအနားအတွက်  အထောက်အကူပြုအဖွဲ့၊ ဆွမ်းဆက်ကပ်မည့်အဖွဲ့၊ ဟိုတယ်ဝန်ထမ်း၊  အလုပ် သမားများကို  ဆပ်ကော်မတီအလိုက်  တာဝန်ပေး ကြရမည်ဖြစ်ပြီး  လုံခြုံရေးအတွက်  အခမ်းအနား အစမှအဆုံးထိ ပုံသေသတ်သတ်မှတ်မှတ် တာဝန်ပေး ကြရန်၊ လူပြောင်း လဲမှုမရှိစေရေး ဆပ်ကော်မတီများ က ကြပ်မတ်သွားရန် အရေးကြီးပါကြောင်း၊ လုံခြုံရေး ဆပ်ကော်မတီနှင့်       ညှိနှိုင်းဆောင်ရွက်စေလို ကြောင်း။

 


ဆရာတော်ကြီးများတည်းခိုမည့်   သံဃာရာမ အဆောင်ဝင်းအတွင်း ခြင်၊ ယင် မခိုအောင်းနိုင်ရန် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆေးဖျန်းခြင်းကို ဂေါပက အဖွဲ့နှင့်   ကျန်းမာရေးဆပ်ကော်မတီတို့   ညှိနှိုင်း ဆောင်ရွက်စေလိုပါကြောင်း၊ ဆရာတော်ကြီးများ၏ ကျန်းမာရေးကို     ကြည့်ရှုစောင့်ရှောက်နိုင်ရန် ဆေးခန်း၊ ဆေးဝန်ထမ်းများကို  ဖွင့်လှစ်တာဝန်ချ ပေးရမည်ဖြစ်ကြောင်း။

 


လုံခြုံရေးကျိုးပေါက်မှုမရှိစေရန်  ယခင်အခမ်း အနားများ၏ အားနည်းချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်ဆောင်ရွက်ရန်၊ ဆပ်ကော်မတီအားလုံးက လည်း လုံခြုံရေးဆပ်ကော်မတီ၏ လိုလားချက်များကို လိုက်နာပူးပေါင်းဆောင်ရွက်ရန်    အထူးလိုအပ်ပါ ကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုကို ဇူလိုင် ၆ ရက် တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးအေးထွန်း က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား    အောင်မြင်စွာ    ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိသည့် အသေးစိတ်အခြေအနေများ ကို ဆွေးနွေးတင်ပြပြီး  ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထား ရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ကို ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေး ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။                                              

သတင်းစဉ်