နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

 

၁။    ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်ကို         ပြန်လည်ဖွဲ့စည်းပြီး   မဲစာရင်းများ        စစ်ဆေးခြင်းများအပါ အဝင် လုပ်ဆောင်သင့်၊  လုပ်ဆောင်ထိုက် သည်များကို ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်။

၂။    လတ်တလော    ဖြစ်ပွားနေဆဲဖြစ် သည့်  COVID-19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို       အရှိန်အဟုန်မပျက် ထိထိရောက်ရောက်  ဆက်လက်ဆောင် ရွက်သွားမည်။

၃။    COVID-19      ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ   နည်းလမ်းများဖြင့်   အမြန်ဆုံး ကုစားသွားမည်။

၄။    တစ်နိုင်ငံလုံး     ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်   တစ်နိုင်ငံလုံး   ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး    သဘောတူစာချုပ်  (NCA) ပါ  သဘောတူညီချက်များအတိုင်း    ဖြစ်နိုင်သမျှ    အလေးထား    လုပ်ဆောင် သွားမည်။

၅။    အရေးပေါ်ကာလဆိုင်ရာ    ပြဋ္ဌာန်း ချက်များနှင့်အညီ  ဆောင်ရွက်ပြီးစီးပါက   ဖွဲ့စည်းပုံ   အခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) နှင့်အညီ    လွတ်လပ်ပြီး    တရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအား   ပြန်လည်ကျင်းပ၍   အနိုင်ရသည့် ပါတီအား  ဒီမိုကရေစီစံနှုန်းများနှင့်အညီ  နိုင်ငံတော်တာဝန်အား    လွှဲအပ်နိုင်ရေး  ဆက်လက်ဆောင်ရွက်သွားမည်။