
နေပြည်တော် ဇွန် ၅
နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ် စာစောင်များပုံနှိပ်ခြင်းကို အစိုးရ ပိုင်ပုံနှိပ်စက်များတွင် စနစ်တကျ အပ်နှံ လုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ အစိုးရ ဆိုင်ရာပုံနှိပ်လုပ်ငန်းများ စီမံခန့်ခွဲ မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ကော်မတီ ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူ များက အွန်လိုင်းမှ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အစိုးရဌာနများမှ ရိုက်နှိပ်ရမည့် စာအုပ်စာစောင်များ ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့တွင် အပ်နှံဆောင် ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ပြင် စာအုပ်စာစောင်များ ရိုက် နှိပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကကပြည်ကွပ်ကဲမှု အောက်ရှိ မြဝတီစာပေတိုက်တွင် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး ဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနနှင့် သတင်းနှင့်စာနယ် ဇင်းလုပ်ငန်းတို့ရှိ ပုံနှိပ်တိုက်တို့ တွင်လည်းကောင်း၊ သာသနာရေး ဦးစီးဌာနရှိ ကမ္ဘာအေးစာပုံနှိပ် တိုက်တွင်လည်းကောင်း လုပ်ငန်း အပ်နှံနိုင်ရေး ဆက်သွယ်ဆောင် ရွက်ရန်နှင့် မဖြစ်မနေအခြေအနေ မှသာ ပြင်ပ၌ ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်ရန် ထပ်ဆင့်ညွှန်ကြား ပါကြောင်း၊ ညွှန်ကြားချက်အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက် နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အစိုးရဆိုင်ရာပုံနှိပ် လုပ်ငန်းများ စီမံခန့်ခွဲမှုကော်မတီ ကို ဖွဲ့စည်းခဲ့ကြောင်း။
ဧပြီ ၃၀ ရက်တွင် ပထမအကြိမ် ကော်မတီအစည်းအဝေး ကျင်းပ ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် အရ ပုံနှိပ်ပေးရမည့်ဌာနများမှ ပုံနှိပ်ပေးနိုင်မည့် အခြေအနေ ကို တောင်းခံခဲ့ပြီး အကြောင်း ပြန်ကြားချက်များလည်း ရရှိခဲ့ပါ ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြု၍ ရိုက်နှိပ်ရမည့်စာအုပ်စာစောင်များကို အစိုးရပိုင်ပုံနှိပ် စက်များတွင် ရိုက်နှိပ်နိုင်ရန်၊ စက် များကို စွမ်းအားပြည့်လည်ပတ်နိုင် အောင်ဆောင်ရွက်ပြီး ဝင်ငွေ တိုးတက်ရရှိစေရန်နှင့် ကုန်ထုတ် လုပ်မှုတိုးတက်စေရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ဌာနဆိုင်ရာများမှ အပ်နှံ နိုင်မည့် လုပ်ငန်းပမာဏများကို တင်ပြကြစေလိုကြောင်း၊ လက်ရှိ တွင်လည်း ဌာနဆိုင်ရာများက ပုံနှိပ်အပ်နှံမှုများ ယခင်ကထက် ပိုမိုများပြားမှု ရှိလာပါကြောင်း၊ အလားတူ ကကပြည်နှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုံနှိပ်တိုက်တို့သို့လည်း ဆက်သွယ် အပ်နှံမှုများ ရှိလာပြီဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် နှင့် ပုံနှိပ်လုပ်ငန်းဆောင်ရွက်ပေးရမည့်ဌာနများမှ တာဝန်ရှိသူများ က ပုံနှိပ်ဆောင်ရွက်ပေးနိုင်မှု အခြေ အနေ၊ ပညာရေးဝန်ကြီးဌာန မှ ကျောင်းသုံးစာအုပ်အပ်နှံမှု၊ နိုင်ငံတော်အဆင့် ဆောင်ရွက်ခဲ့ သည့် ပုံနှိပ်လုပ်ငန်းများ၊ တပ်ဆင် ထားသည့်ပုံနှိပ်စက်များ၏ စက် စွမ်းအားနှင့် လုပ်ငန်းဆောင်ရွက် နိုင်မှုပမာဏ၊ လုပ်ဆောင်ပေးနိုင် မည့် ပုံနှိပ်လုပ်ငန်းအမျိုးအစား များ၊ စက်ပစ္စည်းနှင့် ကုန်ကြမ်း အခြေအနေ ကန့်သတ်ချက်အရ ဆောင်ရွက်ခြင်း မပြုနိုင်သေး သည့်အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်း အဝေး တက်ရောက်လာသည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်း များ၊ ဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များမှ တာဝန် ရှိသူများက ပုံနှိပ်လုပ်ငန်း အပ်နှံ နိုင်မည့် လုပ်ငန်းပမာဏနှင့် ညွှန်ကြားချက်နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးမည့် အစိုးရပိုင် ပုံနှိပ်စက်များ၌ အပ်နှံကြရန်၊ အပ်နှံ မည့် အမျိုးအစားအရေအတွက် စာရင်းကို ကြိုတင်ပေးပို့ကြရန်နှင့် ညွှန်ကြားချက်နှင့်အညီ ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြား သည်။ သတင်းစဉ်