မန္တလေး အောက်တိုဘာ ၂၁
ပုသိမ်ကြီးမြို့နယ် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို အဆိုပါ တက္ကသိုလ် မြရတနာခန်းမတွင် ယနေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆေးဘက် ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ နှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကူညီပံ့ပိုးပေးလျက်ရှိ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားရာ တွင် နိုင်ငံတော်အတွက် အရည်အချင်း ပြည့်ဝသော ဆေးဘက်ဆိုင်ရာ နည်းပညာ ရှင်များ ဖြစ်ရုံသာမက နိုင်ငံတကာ အဆင့်မီပညာရပ်များ လေ့လာတတ် မြောက်သည့် သုတေသနပညာရှင်များဖြစ် အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ အေးချမ်းစွာ ပညာသင်ကြားရေးနှင့် ဘက်စုံထူးချွန်နိုင်ရန် လိုအပ်သည် များကို နိုင်ငံတော်အဆင့်၊ တိုင်းအဆင့် ကူညီပံ့ပိုးပေးလျက် ရှိကြောင်း၊ တတ်မြောက်ထားသည့် ပညာဖြင့် ပြည်သူ့အကျိုးပြု ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်း တမံ ဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။
ဆက်လက်၍ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယပါ မောက္ခချုပ် ဒေါက်တာ လင်းထက်မြင့်က တက္ကသိုလ်၏ သမိုင်းကြောင်း၊ လက်ရှိ အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူ များ၏ ရတုအဆက်ဆက် ဆေးဘက် သမားတော် ကျောင်းဂုဏ်ပြုသီချင်း အပါအဝင် တေးသီချင်းသရုပ်ဖော် တင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ရင်းနှီးစွာ နှုတ်ဆက်ပြီး ဖျော်ဖြေတင်ဆက် သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းသား ကျောင်းသူများထံ ပေးအပ် သည်။
စေတနာထားဆောင်ရွက်
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးဘက် ဆိုင်ရာ နည်းပညာ တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ နှီးနွှယ် တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တက္ကသိုလ်၊ ကျောင်းများကိုအမြင်တင့်တယ်စေရန် သန့်ရှင်းသပ်ရပ် ရေးနှင့် ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများကို အလေးထားလိုက်နာ ကာ လုပ်ငန်းများအပေါ် စေတနာထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြား ပြီး တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ် ဆောင်ရွက်ပေးသည်။
အလေးထားဆောင်ရွက်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေး-ပုသိမ်ကြီး ကားလမ်း ဝဲယာ လမ်းတစ် လျှောက်ကြည့်ရှုစစ်ဆေးရာ သန့်ရှင်း သပ်ရပ်ပြီး စိုက်ပျိုးထားသည့်အပင်များ ပျက်စီးမှုမရှိစေရန် ဆောင်ရွက်ရေး၊ သစ်ပင်ကြီးများကို အလင်းဖွင့်ခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ ပန်းတင်ရေနုတ်မြောင်း ရေစီးရေလာ ကောင်းမွန်ရေး အလေးထားဆောင်ရွက် ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



