နိုင်ငံတော်အကြီးအကဲရဲ့ ဩဝါဒခံယူမှုမှတစ်ဆင့် ဘဝမှာသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊ လိုက်နာရမယ့် စိတ်နေစိတ်ထားတွေကို သိရှိခဲ့ရပါတယ်

 

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ် ခံရသော        နေပြည်တော်၊  တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ လူရည်ချွန်ကျောင်းသား၊     ကျောင်းသူ  ၅၅၄ ဦးတို့အား ယနေ့တွင်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က  တွေ့ဆုံကာ     ဩဝါဒစကား မြွက်ကြားခဲ့သည်။
ထို့ပြင်           လူရည်ချွန်မောင်မယ်များ အသိပညာ၊  အတတ်ပညာများ  တိုးပွား စေပြီး  နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်   တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်  ဝန်ကြီး ဌာနအလိုက်   လုပ်ငန်းဆောင်ရွက်နေမှု ပြခန်းများကို    ခင်းကျင်းပြသထားရှိရာ လူရည်ချွန်မောင်မယ်များ  စိတ်ပါဝင်စား စွာဖြင့် ကြည့်ရှုလေ့လာကြသည်။ 
ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများ၊ လူရည်ချွန် မောင်မယ်များနှင့်တွေ့ဆုံ၍    နိုင်ငံတော် ဝန်ကြီးချုပ်၏  ဩဝါဒမြွက်ကြားခဲ့မှုအပေါ် ရရှိခဲ့ကြသည့် အသိပညာဗဟုသုတများ နှင့်   ပြခန်းများ  ခင်းကျင်းပြသမှုအပေါ် ၎င်းတို့၏  ဝမ်းသာပီတိစကားသံများကို တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။ 
ဒေါက်တာစိုးဝင်း (အမြဲတမ်း
အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန)
ဒီနှစ်မှာ       နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့  ပြည်နယ်အသီးသီးက လူရည်ချွန် စုစုပေါင်း  ၅၅၄ ဦး  ရွေးချယ် ခဲ့ပါတယ်။   ရွေးချယ်ခံရတဲ့  လူရည်ချွန် တွေဟာ အခြေခံပညာအဆင့်က လူရည်ချွန် တွေပဲဖြစ်ပါတယ်။  ဒီလူရည်ချွန်တွေမှာအတန်းပညာအားဖြင့် ၉ တန်း၊ ၁၀ တန်း၊ ၁၁တန်းနဲ့ ၁၂ တန်းတွေ   ပါဝင်ပါတယ်။ လူရည်ချွန်တွေ ရွေးချယ်တဲ့အခါ စာတော်ရုံ တင်မက ဗဟုသုတပိုင်းမှာလည်း ကြွယ်ဝ ရပါမယ်။ အားကစားပိုင်းမှာလည်း ထူးချွန် ရပါမယ်။  အခုရွေးချယ်ခဲ့တဲ့    လူရည်ချွန် တွေဟာ ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝကို   လျှောက်လှမ်းတဲ့အခါ မှာ စာတော်ရုံတင်မက ပေါင်းသင်းဆက်ဆံ ရေးလည်း ကျွမ်းကျင်ရပါမယ်။
လူရည်ချွန်တွေစခန်းတွေကို လေ့လာ ရေး    သွားတဲ့အခါမှာလည်း     အသိပညာ ဗဟုသုတတွေနဲ့    ဒေသန္တရဗဟုသုတ များစွာ       ရရှိလာကြမှာဖြစ်ပါတယ်။ နောက်ပြီး  တိုင်းပြည်နဲ့ လူမျိုးချစ်စိတ်တွေ လည်း တိုးပွားလာလိမ့်မယ်လို့  မျှော်လင့် မိပါတယ်။ လက်ရှိတော့  လူရည်ချွန်တွေ ကို နေပြည်တော်စုရပ်စခန်းမှာ စုစည်းပြီး နေပြည်တော်က အထင်ကရနေရာတွေကို လေ့လာရေး   ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့လို အခမ်းအနားတွေပြုလုပ်ပေးခြင်း အားဖြင့်  လူငယ်တွေအတွက်  အသိပညာ ပိုင်းရော၊  ဉာဏ်ပညာပိုင်းရော ပြည့်စုံသွား မှာဖြစ်ပါတယ်။      ဒီလိုပြည့်စုံသွားရင် တိုင်းပြည်     တိုးတက်ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ 
မောင်အောင်ကောင်းပြည့် 
(ဒွါဒသမတန်း၊ သုံးထပ်ကွမ်းလူရည်ချွန်၊ 
ရန်ကုန်တိုင်းဒေသကြီး)
ကျွန်တော်က လူရည်ချွန်သုံးထပ်ကွမ်း အထိရရှိအောင်      ငယ်ငယ်ကတည်းက လူရည်ချွန်တစ်ယောက်ဖြစ်ဖို့     လိုအပ် တဲ့     ကာယကြံ့ခိုင်မှုနဲ့     အကျင့်စာရိတ္တ ကောင်းမွန်စေဖို့အတွက်    သင်ယူခဲ့ပါ တယ်။  နိုင်ငံတော်အကြီးအကဲရဲ့  ဩဝါဒ ခံယူမှုက       လူရည်ချွန်မောင်မယ်တွေ အားလုံးအတွက်   အလွန်အရေးပါလှပါ တယ်။     ကျွန်တော်တို့က   အနာဂတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို ပခုံးလွှဲပြောင်း တာဝန်ယူရမှာဖြစ်ပါတယ်။  အဲဒါကြောင့် နိုင်ငံတော်အကြီးအကဲရဲ့  ဩဝါဒခံယူမှုမှ တစ်ဆင့်     ဘဝမှာ     သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ၊    လိုက်နာရမယ့် စိတ်နေစိတ်ထားတွေကို  သိရှိခဲ့ပါတယ်။ ဝန်ကြီးဌာနတွေရဲ့ ပြခန်းတွေက ကျွန်တော် တို့အတွက်    အကျိုးကျေးဇူးအများကြီး ရရှိစေပါတယ်။     လူရည်ချွန်မောင်မယ် တွေအားလုံး    ဝန်ကြီးဌာနတစ်ခုချင်းစီနဲ့ သက်ဆိုင်တဲ့        ဆောင်ရွက်ချက်တွေကို သိရှိစေနိုင်တဲ့အတွက် အသိပညာဗဟုသုတ ရရှိစေတဲ့      ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်က  အနာဂတ်မှာ   နိုင်ငံတော်ရဲ့ တာဝန်တွေကို  တစ်ဖက်တစ်လမ်းကနေ တာဝန်ယူနိုင်တဲ့   ဆရာဝန်တစ်ယောက် ဖြစ်အောင်  ကြိုးစားသွားမှာဖြစ်ပါတယ်။  ကျန်းမာရေးဝန်ကြီးဌာနရဲ့      ပြခန်းမှာ ဆိုရင် စီနီယာ လူရည်ချွန် ဆေးကျောင်းသား အစ်ကို၊    အစ်မတွေဆီက     သိချင်တဲ့ မေးခွန်းလေးတွေ      မေးဖြစ်ပါတယ်။  ညီလေး၊  ညီမလေးတွေ  လူရည်ချွန်ဆိုတဲ့ ဂုဏ်ကိုထိန်းသိမ်းဖို့အတွက်   လူရည်ချွန် ကျင့်ဝတ်လေးတွေကိုလိုက်နာပြီး  နိုင်ငံ့ သားကောင်းတွေဖြစ်အောင်  ကြိုးစားကြ ပါလို့ တိုက်တွန်းချင်ပါတယ်။ 
မောင်သာထက် 
(ဒွါဒသမတန်း၊ တစ်ထပ်ကွမ်းလူရည်ချွန်၊ 
မန္တလေးတိုင်းဒေသကြီး)
ကျွန်တော်   လူရည်ချွန်တစ်ယောက် ဖြစ်ဖို့အတွက်       စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကိုယ်ကာယကြံ့ခိုင်မှု၊     အထွေထွေဗဟု သုတတွေကို  ကြိုးစားခဲ့ရပါတယ်။ ဒီနေ့ ဩဝါဒခံယူပွဲက    ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ  အများကြီးရရှိစေပါ တယ်။ ကျွန်တော်တို့  လူငယ်တွေအပေါ် မှာ  နိုင်ငံတော်အကြီးအကဲတွေရဲ့  အဆို အမိန့်တွေဆိုတာက တန်ဖိုးထားထိုက်တဲ့ စကားတွေဖြစ်တဲ့အတွက် နားထဲစွဲမြဲနေ အောင် မှတ်သားထားပါတယ်။   ဝန်ကြီး ဌာနတွေရဲ့ ပြခန်းတွေကလည်း ကျွန်တော် တို့ရဲ့  အသိပညာတွေတိုးပွားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော် က  ပြခန်းတွေထဲမှာ သမဝါယမပြခန်းကို ပိုပြီး  စိတ်ဝင်စားပါတယ်။ ကျွန်တော်က  အနာဂတ်မှာ          ဆရာဝန်တစ်ယောက် ဖြစ်ချင်တဲ့အတွက်  ကျန်းမာရေးပြခန်းကို လည်း လေ့လာဖြစ်ပါတယ်။   အဲဒီပြခန်း တွေကိုလေ့လာပြီး အနာဂတ်မှာ ကျွန်တော် တို့လူငယ်တွေ    ဘယ်လိုပါဝင်အားဖြည့် ရမယ်၊   လူငယ်တွေရဲ့   အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာကို သိရှိရပါတယ်။ ညီလေး၊ ညီမလေးတွေအနေနဲ့ လူရည်ချွန် တစ်ယောက်ဖြစ်အောင်        ကြိုးစားပါ။ နိုင်ငံတော်ရဲ့      သားကောင်းရတနာ တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ 
မသီရိထွန်း(ဧကာဒသမတန်း၊ 
နှစ်ထပ်ကွမ်းလူရည်ချွန်၊ 
မန္တလေးတိုင်းဒေသကြီး)
ဒီနေ့အခမ်းအနားကို တက်ရောက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဩဝါဒစကားကို နားထောင်ခွင့်ရတဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။     နိုင်ငံတော် အကြီးအကဲရဲ့      ဩဝါဒစကားကိုခံယူ ပြီး     နောင်တစ်ခေတ်ရဲ့       နိုင်ငံတော် တည်ဆောက်ရေး          လုပ်ငန်းတွေမှာ တစ်ထောင့်တစ်နေရာကနေ    ကြိုးစား ပါဝင်သွားမှာဖြစ်ပါတယ်။     နိုင်ငံသား ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစား သွားမယ်လို့လည်း  ခံယူချက်ထားပါတယ်။ ဝန်ကြီးဌာနအလိုက်        ပြခန်းတွေကို လေ့လာခွင့်ရတဲ့အတွက်လည်း ဗဟုသုတ တွေ  များစွာရရှိခဲ့ပါတယ်။  နည်းပညာ ဆိုင်ရာပြခန်းတွေကို    လေ့လာခွင့်ရတဲ့ အတွက်လည်း တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့    နည်းပညာအသစ်အဆန်း တွေကို လေ့လာခွင့်ရခဲ့ပါတယ်။ လူရည်ချွန် ဖြစ်ဖို့ဆိုတာ      လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပါဘူး။  ကာယပိုင်းနဲ့   ဉာဏပိုင်း ဆိုင်ရာတွေမှာ       အားလုံးပြည့်စုံနေမှ လူရည်ချွန်ဖြစ်ခွင့်ရမှာ        ဖြစ်ပါတယ်။ ဒါကြောင့် လူရည်ချွန်ဖြစ်ဖို့ဆိုရင် ငယ်ငယ် ကတည်းက  အစဉ်မပြတ်ကြိုးစားနေရ မှာဖြစ်ပါတယ်။
မဆုရည်ဝင်းထက်
(ဒွါဒသမတန်း၊ တစ်ထပ်ကွမ်းလူရည်ချွန်၊ 
မကွေးတိုင်းဒေသကြီး)
ဒီနေ့အခမ်းအနားကို  ကျွန်မအနေနဲ့ ပထမဆုံး     တက်ရောက်ဖူးတာဖြစ်တဲ့ အတွက်  အလွန်ကိုစိတ်လှုပ်ရှားမိပါတယ်။ နောက်ပြီး နိုင်ငံတော်အကြီးအကဲရဲ့ဩဝါဒ ကို        ခံယူရတဲ့အတွက်လည်း      ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။  ဩဝါဒဆုံးမစကား တွေဟာ  ကျွန်မတို့ဘဝအတွက် တန်ဖိုး မဖြတ်နိုင်တဲ့    အသိပညာဗဟုသုတတွေ လည်း ရရှိခဲ့ပါတယ်။  ဝန်ကြီးဌာနပြခန်း တွေမှာလည်း  နည်းပညာအသစ်အဆန်း တွေနဲ့   ကဏ္ဍပေါင်းစုံလင်စွာ   ပါဝင်တဲ့ အတွက်   စုံစုံလင်လင်လေ့လာခွင့်ရခဲ့ပါတယ်။      လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကျောင်းစာတွေကို    သေချာကြိုးစားရ တဲ့အပြင်         ပြင်ပဗဟုသုတွေကိုလည်း အမြဲမပြတ်   လေ့လာခဲ့ရပါတယ်။    နောင် မျိုးဆက်သစ်တွေအနေနဲ့လည်း ကျောင်းစာ အပြင်   ဘက်စုံထူးချွန်အောင်   လေ့ကျင့် သင်ကြားပြီး         လူရည်ချွန်ဖြစ်အောင် ကြိုးစားကြစေလိုပါတယ်။ 
မမြင့်မြတ်ကြည်
(ဒွါဒသမတန်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်၊ 
စစ်ကိုင်းတိုင်းဒေသကြီး)
ကျွန်မအနေနဲ့         နှစ်ထပ်ကွမ်း လူရည်ချွန်အဖြစ်  နိုင်ငံတော်အကြီးအကဲ ရဲ့  ဩဝါဒခံယူပွဲကို  တက်ရောက်ခွင့်ရတဲ့ အတွက် များစွာဂုဏ်ယူမိပါတယ်။ ဝန်ကြီး ဌာနအလိုက်   ပြခန်းတွေကို   ကြည့်ရှုခွင့် ရတဲ့အတွက်လည်း ပြင်ပဗဟုသုတများစွာ ရရှိပါတယ်။  လူရည်ချွန်တစ်ယောက်ဖြစ် ဖို့ အိမ်ကမိသားစုက အများကြီးထောက်ပံ့ ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက အထွေထွေ ဗဟုသုတတိုးပွားစေဖို့   သတင်းစာတွေ ဖတ်ပါတယ်။    ရုပ်မြင်သံကြားကလာတဲ့ သတင်းတွေကိုလည်း  အမြဲမပြတ်ကြည့် ဖြစ်ပါတယ်။   ကျောင်းစာထူးချွန်အောင် လည်း ကြိုးစားခဲ့ရပါတယ်။ ကိုယ်ကာယ ပိုင်း ကြံ့ခိုင်အောင်လည်း   သေချာလေ့ကျင့် ခဲ့ပါတယ်။  ဆရာ၊ ဆရာမတွေကလည်း ဂရုတစိုက်နဲ့    သင်ကြားပေးခဲ့ပါတယ်။ လူရည်ချွန်ဖြစ်ရတာ   များစွာဂုဏ်ယူစရာ ကောင်းတဲ့အတွက် မောင်လေး၊ ညီမလေး တို့အနေနဲ့   ကြိုးစားကြပါလို့   အားပေး လိုပါတယ်။ 
နော်မိုးကဗျာမောင် 
(ဒသမတန်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်၊ 
ကရင်ပြည်နယ်)
နိုင်ငံတော်က  ကျွန်မတို့ လူရည်ချွန် မောင်မယ်တွေအတွက်    ကျင်းပပေးတဲ့ အခမ်းအနားကို  တက်ရောက်ရတဲ့အတွက် များစွာ    ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း  ဂုဏ်ယူမိ သလို     နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း အထူးပင်  ကျေးဇူးတင်ရှိပါတယ်။  ကျွန်မ တို့    လူရည်ချွန်တွေ  အသိပညာတိုးပွား အောင်  ဝန်ကြီးဌာနပြခန်းတွေ ခင်းကျင်း ပြသပေးတဲ့အတွက်လည်း       ဗဟုသုတ များစွာ ရရှိခဲ့ပါတယ်။ ပြခန်းတာဝန်ရှိသူ တွေကလည်း   ကဏ္ဍအလိုက်   လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အားလုံး ကို    ရှင်းလင်းပြောကြားပေးတဲ့အတွက် လည်း      သေချာသိရှိခွင့်ရခဲ့ပါတယ်။ လူရည်ချွန်ဆိုတာ      အဘက်ဘက်က ထူးချွန်ရမှာဖြစ်ပါတယ်။   အားနည်းချက် မရှိအောင်ကို        ကြိုးစားခဲ့ရပါတယ်။ လူရည်ချွန်ဖြစ်ချင်တဲ့   မောင်၊   ညီမလေး တွေ   ကြိုးစားကြပါ။   တစ်ခါတလေမှာ စိတ်ပင်ပန်းမှုတွေ၊  ကျရှုံးချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။  ဒီစိတ်တွေကို အကောင်းဆုံးကျော်လွှားပြီး ကြိုးစားကြ ပါ။   လူရည်ချွန်ဖြစ်ဖို့ဆိုရင်   စိတ်ဓာတ် ခိုင်မာရပါမယ်။ ဒါကြောင့် ကိုယ့်တိုင်းဒေသ ကြီးနဲ့  ပြည်နယ်ဂုဏ်ကို  ဆောင်နိုင်မယ့် လူရည်ချွန်ဖြစ်အောင်     ကြိုးစားကြစေ လိုပါတယ်။ 

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - နော်ပြည့်စုံ