နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

 

ရန်ကုန်    ဇွန်   ၆
နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်ပတွင် ရောက်ရှိနေသည့်    အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသား များအပေါ် အလေးအနက်တန်ဖိုးထားသည့် အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံရသည့်တိုင်    မြန်မာကောင်စစ် ဝန်ချုပ်ရုံး မြန်မာသံရုံးနှင့်  သက်ဆိုင်ရာနိုင်ငံသံရုံးများချိတ်ဆက်၍ အမိနိုင်ငံသား များ   မြန်မာနိုင်ငံသို့    အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်     ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်လည်ခေါ်ဆောင်နိုင်
ထိုသို့    ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ မခင်မျိုးဌေးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင် နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်  ယူအေအီးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့်   လူ့ စွမ်းအားအရင်းအမြစ်နှင့်    နိုင်ငံသား အကျိုးစီးပွားမြှင့်တင်ရေးဝန်ကြီးဌာနတို့ မှ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ရာ မခင်မျိုးဌေးသည် ဇွန် ၅ ရက်၌ ဒူဘိုင်းမြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင်   လေကြောင်းခရီးစဉ် ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယမန်နေ့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ    မခင်မျိုးဌေးသည် မြန်မာနိုင်ငံမှ ဒူဘိုင်းမြို့သို့ လွန်ခဲ့သော ရှစ်လဝန်းကျင်ခန့်က ရောက်ရှိခဲ့ပြီး ပွဲစား များက အေဂျင်စီရုံးအဆင့်ဆင့်သို့ လက်လွှဲ မှုကိုခံခဲ့ရ၍ နောက်ဆုံးတွင် ဒူဘိုင်းမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားသည့် အဆောင်တွင်  မြန်မာနိုင်ငံသို့   မပြန်မီ အတွင်း နေထိုင်ခဲ့ရသည်။ ယူအေအီးနိုင်ငံ တွင် အခက်အခဲများ ကြုံတွေ့ရသူတို့သည် ထိုနိုင်ငံသို့အလည်အပတ်(Visit visa)ဖြင့် ရောက်ရှိခဲ့ကြပြီး ရန်ကုန်မြို့ရှိပွဲစားများ နှင့်   ဒူဘိုင်းမြို့ရှိပွဲစားများ   ချိတ်ဆက် ဆောင်ရွက်မှုဖြင့်  အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်ရာ အလုပ်အကိုင်ပါမစ်ဖြင့် သွားရောက် ခြင်းမျိုးမဟုတ်သဖြင့် ပွဲစားများနှင့်အလုပ် ရှင်တို့၏  ခေါင်းပုံဖြတ်မှုကို   ခံကြရလေ့ ရှိပြီး   ဘာသာစကား၊ ယဉ်ကျေးမှု၊  အစား အသောက်နှင့် လုပ်ငန်းခွင်အခက်အခဲတို့ ကြောင့် ထိုနိုင်ငံတွင်   အခက်အခဲများစွာ ကြုံတွေ့ရခြင်းဖြစ်သည်။   မခင်မျိုးဌေး အား မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ လိုအပ် သောကူညီမှုများကို စီစဉ်ဆောင်ရွက်ပေး ခဲ့ပြီး   အမိနိုင်ငံသို့   အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်     ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ  ပြန်လည်ထွက်ခွာခွင့်(Exit Permit)ရရှိ ခဲ့၍ ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ အဆင် ပြေချောမွေ့စွာရောက်ရှိခဲ့ခြင်း ဖြစ်သည်။ 
အကူအညီပေး
ဒူဘိုင်းမြို့တွင် အခက်အခဲများကြုံတွေ့ ခဲ့ရမှုနှင့်စပ်လျဉ်း၍ မခင်မျိုးဌေးက “ကျွန်မ က စစ်ကိုင်းတိုင်းဒေသကြီး အရာတော် မြို့နယ်က ရွာမှာနေပါတယ်။ အမေအိုကြီး ရှိတဲ့အတွက် ပြည်ပမှာ  အလုပ်လုပ်မယ် ဆိုပြီး   ပွဲစားနဲ့ချိတ်ဆက်ပြီး   ဒူဘိုင်းကို ရောက်ခဲ့ပါတယ်။ ရန်ကုန်ပွဲစားက ဒူဘိုင်း ပွဲစားနဲ့ချိတ်ဆက်ပြီး အလုပ်ကို စောင့်ခဲ့ရ တာမှာ ဟိုပြောင်းရ ဒီရွှေ့ရနဲ့ အလုပ်မလုပ် ရဘဲ ရှစ်လနီးပါးကြာခဲ့ပါတယ်။ ရန်ကုန် အေးဂျင့်ကို အလုပ်မရကြောင်းပြောတော့ နောက်ပိုင်းဖုန်းမကိုင်တောဘူး။ ရွာကနေ ရန်ကုန်အေးဂျင့်ကို ဖုန်းဆက်ပြီး ဘယ်လို နည်းနဲ့ဖြစ်ဖြစ်       ပြန်ခေါ်မယ်ဆိုပြီး ဆက်သွယ်ပေမယ့်   ဖုန်းမကိုင်တော့တဲ့ အတွက်  ပြည်ပမှာနေ့စဉ်   မျက်ရည်နဲ့ မျက်ခွက်နေခဲ့ရပါတယ်။  မြန်မာသံရုံးကို မိတ်ဆွေတစ်ဦးက အကြောင်းကြားပေး ပြီး အကူအညီပေးခဲ့တာကြောင့် မြန်မာ ပြည်ကို  မထင်မှတ်ပဲ   ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို အထူးပဲကျေးဇူး တင်ပါတယ်။  အတိုင်းမသိ   ဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်။ ဖြစ်နိုင်ရင် ပြည်ပ နိုင်ငံအကြောင်း၊ အေးဂျင့်တွေအကြောင်း မသိဘဲ   မသွားစေလိုပါဘူး။    ငွေကုန်ပြီး အလုပ်မရဘဲ ဒုက္ခမျိုးစုံကြားက ကံကောင်း ထောက်မစွာနဲ့ အမိနိုင်ငံကို   ပြန်ရောက် လာတာပါ။   သံရုံးကသာ   မကူညီရင် ရှေ့ဆက်ပြီး ဘယ်လိုဒုက္ခတွေ  ရင်ဆိုင် ရမလဲဆိုတာ မမှန်းရဲပါဘူး။ မြန်မာနိုင်ငံ ကို   စိတ်အေးချမ်းသာစွာ    ပြန်ရောက် အောင်ကူညီစောင်မပေးခဲ့တဲ့ နိုင်ငံတော် လူကြီးများ၊  တာဝန်ရှိသူတွေအားလုံးကို လက်အုပ်မိုးပြီး ကန်တော့ပါတယ်။ ကျေးဇူး အထူးတင်ပါတယ်ရှင်” ဟု   ပြောကြား သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့   ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက    ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး    ထိုနိုင်ငံ၌ အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင် မပြေမှုတို့တွင်     မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှု     မရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို  သိမ်းဆည်း ထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့် ဆင့်သို့     လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရ သည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး ၏  ညှိနှိုင်း‌ကူညီဆောင်ရွက်မှုဖြင့်   အမိ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ယခု ကဲ့သို့    အမိနိုင်ငံသားများ   အတိဒုက္ခ ကြုံတွေ့နေရစဉ်   ကူညီကယ်တင်ပေးမှု အတွက် အလုပ်သမားနှင့် မိဘဆွေမျိုးများ က နိုင်ငံတော်အစိုးရနှင့် မြန်မာကောင်စစ် ဝန်ချုပ်ရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူး ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိ သည်။                  

ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး