
အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များ၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစား ချက်များကို ဖော်ထုတ်ရေးသား တင်ပြ လိုက်ပါသည်-
ဦးခင်မောင်တင့် (ဥပဒေချုပ် -
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)
ကျွန်တော်က ပဲခူးတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အောက်တိုဘာ ၁ ရက်ကနေ ၂၁ ရက်အထိ ပြိုင်ပွဲဝင် တွေကို စခန်းသွင်းလေ့ကျင့်ပါတယ်။စခန်း သွင်းပြိုင်ပွဲဝင်တွေ ရရှိဖို့အတွက် ဩဂုတ် လကုန်မှာ ခရိုင်အဆင့် ပြိုင်ပွဲတွေကျင်းပ ခဲ့ပါတယ်။ စက်တင်ဘာလမှာ တိုင်းဒေသ ကြီးအဆင့် ပြိုင်ပွဲတွေ ကျင်းပပြီးတဲ့အခါ မှာ ပြိုင်ပွဲဝင် ၂၁၇ ဦး ရရှိပါတယ်။ ပြိုင်ပွဲ ဝင်တွေကို ပဲခူးမြို့မှာ စခန်းသွင်းလေ့ကျင့် ပြီး ၂၂ ရက်မှာ နေပြည်တော်ကို ရောက်ရှိ ပါတယ်။ (၂၃)ကြိမ်မြောက် ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးက အဆင့်(၄)နေရာ ရရှိခဲ့ပါတယ်။ ဒီနှစ်မှာ ပြိုင်ပွဲဝင်အင်အား လည်းများတယ်။ ပြိုင်ပွဲဝင် ဘာသာရပ် တွေလည်း များတဲ့အတွက် ဘာသာစုံ ဝင်ပြိုင်နိုင်ဖို့ အကောင်းဆုံးကြိုးစားထား ကြပါတယ်။
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် အလွန်ဝမ်းသာ ရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနု ပညာတွေက ဒီလိုနည်းနဲ့မှ ပြန်လည် ဖော်ထုတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒီလိုပွဲကြီး မျိုး မကျင်းပဘူးဆိုရင် မြန်မာ့ယဉ်ကျေးမှု အနုပညာတွေက တိမ်ကောသွားနိုင်ပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမြော် အမြင်ကြီးစွာနဲ့ ဆောင်ရွက်ပေးတဲ့ အတွက် မျိုးဆက်သစ်အနုပညာရှင်တွေအားလုံးက ဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်း ပါဝင် ဝင်ရောက်ယှဉ်ပြိုင်နေကြပါပြီ။ ဒီပြိုင်ပွဲကြီးဟာ တန်ဖိုးရှိတဲ့ ပွဲကြီးဖြစ် ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ လူငယ်ဝါသနာရှင်တွေ ရှိပါတယ်။ အဲဒီ လူငယ်တွေလည်း ပြိုင်ပွဲဝင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ပညာရှင်လူကြီး တွေက သေသေချာချာ လေ့ကျင့်သင်ကြား ပေးကြပါတယ်။ ပညာရှင်တွေက မြေတောင်မြှောက်ပေးတဲ့အတွက် အခုလို ပြိုင်ပွဲဝင်အင်အားများများနဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်ပါတယ်။
ဒေါ်ခိုင်ဝါ(အကဲဖြတ်ပညာရှင်)
ကျွန်မက ကာလပေါ် အဆိုပြိုင်ပွဲမှာ အကဲဖြတ်ပညာရှင်အဖြစ် တာဝန်ယူ ဆောင်ရွက်ပါတယ်။ ကာလပေါ်အဆို ပြိုင်ပွဲမှာ အသံကောင်းတဲ့ ကလေးတွေ ပါပါတယ်။ ဆရာတွေရဲ့ စနစ်တကျ သင်ကြားပေးမှုအပေါ်မှာ ကြိုးစားပြီး တက်လာတဲ့ ကလေးတွေဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ ဒီပြိုင်ပွဲလာတဲ့ အခါမှာ အခက်အခဲတွေကြားထဲကနေ ကြိုးစားပြီး လာရောက်ယှဉ်ပြိုင်ကြရ တယ်လို့ သိရပါတယ်။ သီဆိုတဲ့အခါမှာ လည်း ကြိုးစားကြလို့ ဗဟိုအဆင့်ကို ရောက်လာကြတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ယှဉ်ပြိုင်မှုတွေဟာ တစ်ဦးနဲ့တစ်ဦး မတိမ်းမယိမ်းတွေပဲ ဖြစ်ပါတယ်။ အလွန် တော်ကြပါတယ်။ ကျွန်မတို့က အသံအနေ အထား၊ စာသားအနေအထား၊ စည်းဝါး မှန်ကန်မှုတွေကို ကြည့်ပြီး အမှတ်ပေးပါ တယ်။
ဒီပြိုင်ပွဲကြီးကနေတစ်ဆင့် ရွက်ပုန်း သီး အနုပညာရှင်လေးတွေ ပေါ်လာတဲ့ အတွက် ကျွန်မတို့အနေနဲ့ ဝမ်းသာရ ပါတယ်။ မြန်မာတို့ရဲ့ အမျိုးသားရေး ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပတဲ့အခါ တိုင်းရင်းသားပေါင်းစုံက ပြိုင်ပွဲဝင်တွေ ပါဝင်လာပါတယ်။ ဒီပြိုင်ပွဲဝင်တွေက အသံကောင်းကြတယ်။ စည်းဝါးမှန်မှန် လည်း ဆိုတတ်ကြတယ်။ တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေက ထိထိမိမိနဲ့ ပိုပြီး သင်ကြားပေးမယ်ဆိုရင် နောက်ထပ်လည်း ရွက်ပုန်းသီးတွေ အများကြီး ပေါ်ထွန်းလာ နိုင်ပါတယ်။ ဒီပြိုင်ပွဲကြီးကို လာရောက် ယှဉ်ပြိုင်ကြတဲ့အတွက် အလွန်ဝမ်းသာ ပါတယ်။ နောက်နှစ်တွေမှာလည်း တိုင်း ဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင် တွေ ကြိုးစားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ် ပါတယ်။
မောင်တိုးပွားအောင် (မန္တလေးတိုင်း
ဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်တော်က အကပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အက ပြိုင်ပွဲမှာ သီချင်းသုံးပုဒ် လေ့ကျင့်ရပါ တယ်။ ဒီထဲကမှ တစ်ပုဒ်ကို မဲနှိုက်ပြီး ကျရာတစ်ပုဒ်ကို ပိုင်နိုင်စွာ ကပြယှဉ်ပြိုင် ရပါတယ်။ အရင်နှစ်တွေတုန်းကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆု ငွေတံဆိပ်ကို ရရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ ရွှေတံဆိပ်ရဖို့ မျှော်မှန်းထားပါတယ်။ အကပညာရပ်ကို စတုတ္ထတန်းကတည်း က စတင်သင်ယူခဲ့ပါတယ်။ နောက်အနု ပညာကျောင်းတက်ပြီး အကပညာကို တစိုက်မတ်မတ် လေ့လာသင်ယူ ကပြ ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲ တွေ ကျင်းပပေးတဲ့အတွက် လာမယ့် မျိုးဆက်သစ်တွေ အနုပညာရပ်ကို ပိုမို လုပ်ဆောင်နိုင်စွမ်းရှိလာပါမယ်။ ယဉ်ကျေး မှု အနုပညာရပ်တွေလည်း မပျောက်ပျက် နိုင်တော့ပါဘူး။ ဒါကြောင့် ပြိုင်ပွဲကျင်းပ ပေးတာကို ကျေးဇူးတင်ရှိပါတယ်။
မနန်းနန္ဒာချမ်းမြေ့ (ကရင်ပြည်နယ်
ကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်မက အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုး သမီး အကပြိုင်ပွဲမှာ ကရင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်လို့ စိတ်လှုပ်ရှား မှုတွေရှိပေမယ့် အကောင်းဆုံးယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပ ပေးတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ နောင်လာမယ့် အနာဂတ်မျိုးဆက်သစ် လူငယ်တွေကို လည်း ဝင်ပြိုင်စေချင်ပါတယ်။ ကျွန်မတို့ လို ဝါသနာပါတဲ့ လူငယ်တွေအတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲက အရေးပါတဲ့ပွဲကြီး တစ်ပွဲပဲဖြစ်ပါတယ်။
မောင်ဇော်ရဝေထွန်း (ရှမ်းပြည်နယ်
ကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်တော်က အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုး သား စန္ဒရားအတီးပြိုင်ပွဲမှာ ရှမ်းပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် တာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီစန္ဒရားပြိုင်ပွဲကို ပထမဆုံး ဝင်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်က စန္ဒရားပညာ ရပ်ကို အသက်၇ နှစ်အရွယ်ကတည်းက လေ့လာခဲ့တာပါ။ ရွှေတံဆိပ်ဆုကိုရအောင် ယူဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် အများကြီးကြိုးစားခဲ့ရပါတယ်။ ကျွန်တော်က မြို့နယ်နဲ့ ခရိုင်တွေမှာ ကြိုးစားခဲ့လို့ ရွှေတံဆိပ်ဆုတွေရခဲ့ပါတယ်။ ဗဟိုအဆင့်မှာလည်း ရွှေတံဆိပ်ဆုပဲ မျှော်မှန်းထားပါတယ်။ ဗဟိုအထိ တက်ခွင့်ရလို့လည်း အလွန်ဝမ်းသာမိ ပါတယ်။
မောင်လင်းညီညီခန့် (မွန်ပြည်နယ်
ကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်တော်က ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားအကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားလေ့ကျင့်ထားပါတယ်။ အရင်က လည်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီးရထားပါတယ်။ ဒီနှစ်လည်း ရွှေတံဆိပ်ရရှိအောင် ကြိုးစား ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတာ အများကြီး အကျိုးရှိစေပါတယ်။ မျိုးဆက်သစ်တွေကို လည်း လက်တွဲခေါ်လို့ရသလို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးက အကပညာ ရှင်တွေ အများကြီးထွက်ပေါ်လာနိုင်ပါ တယ်။ ဒါကြောင့် ပြိုင်ပွဲပြုလုပ်ပေးတာကို အများကြီးကျေးဇူးတင်ရှိပါတယ်။
မနန်းထက်ထက်အောင် (တနင်္သာရီတိုင်း
ဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်မက အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုး သမီး အကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အများ ကြီး ကြိုးစားခဲ့ရပါတယ်။ ဗဟိုအဆင့် ရောက်ဖို့အတွက် ဆရာရော ကျွန်မပါ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရပါ တယ်။ ဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိအောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်ကာလအတွင်း တိုင်းရင်းသား ပေါင်းစုံနဲ့ တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာရ သလို တနင်္သာရီတိုင်းဒေသကြီးအတွက် ကိုယ်စားပြုခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူရပါတယ်။
မောင်အေးချမ်းအောင် (ရခိုင်ပြည်နယ်
ကိုယ်စားပြု ပြိုင်ပွဲဝင်)
ကျွန်တော်က အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုး သား စန္ဒရားအတီးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ စန္ဒရား ပြိုင်ပွဲကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ပြိုင်ပွဲစတင်တော့မယ်ဆိုကတည်း က ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ ရွှေ တံဆိပ်ဆုရရှိဖို့အထိ မျှော်မှန်းပြီး ကြိုးစား သွားမှာ ဖြစ်ပါတယ်။ စန္ဒရားအတီးကို Grade - 2 ကတည်းက လေ့လာခဲ့တာဖြစ် ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရလို့ အလွန်ပျော်ပါတယ်။ ပြိုင်ပွဲဝင်ခါနီးရင် တော့ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တိုင်းရင်းသား အများကြီးနဲ့ တွေ့ရလို့ အလွန်ဝမ်းသာမိ ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊
အေးအေးသန့်၊ ဓာတ်ပုံ - ကိုအေးသန်း