နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများပြန်လည်ရောက်ရှိ

 

ရန်ကုန်   အောက်တိုဘာ    ၂၆


အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့်    အခက်အခဲများနှင့်    ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား  ကယ်ထုတ်ရေးစီမံချက် အရ    နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့်   ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သည့်     အစ္စရေးနိုင်ငံရောက်  မြန်မာနိုင်ငံသားများသည်   အောက်တိုဘာ ၂၅ ရက်တွင် တဲလ်အဗီးမှ EI  AI  Airline LY 081 ဖြင့် ထိုင်းနိုင်ငံ   ဗန်ကောက်မြို့သို့   ထွက်ခွာလာခဲ့ပြီး ယနေ့ညပိုင်းတွင်    မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအမှတ် 8M  351 ဖြင့်  ထိုင်းနိုင်ငံ  ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ  ရန်ကုန်မြို့ သို့  လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြ သည်။


မြန်မာနိုင်ငံသို့    ပြန်လည်ရောက်ရှိလာသည့် အစ္စရေးနိုင်ငံရောက်     မြန်မာနိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီးဌာန  စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာနနှင့်  ကောင်စစ်ရေးရာနှင့်   ဥပဒေရေးရာ ဦးစီးဌာနတို့မှ    တာဝန်ရှိသူများ၊    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်          ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ     တာဝန်ရှိသူများနှင့်   မိသားစုဝင်များက   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌      ကြိုဆို နှုတ်ဆက်ကြသည်။


မြန်မာနိုင်ငံသို့    ပြန်လည်ရောက်ရှိလာသော  အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများဖြစ်ကြ သည့်  မမိုးသီတာအောင် ၊  မခင်နှင်းအိ၊    ဒေါလမိုင်း မိုင်ရွာနှင့်     ဦးအောင်ကျော်ဦးတို့ ​  လေးဦးဖြစ် သည်။  ၎င်းတို့လေးဦးသည်  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ         မိသားစုဝင်များနှင့်အတူ   မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြသည်။    

   
သတင်းစဉ်