
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၆ ရက်
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၅ ရက်နေ့တွင် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် ဝန်အား လျှော့ချရခြင်းများအပေါ် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အမြန်ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံကိန်းသစ်များကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းကို “နိုင်ငံတော် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသည့် အခြေအနေနှင့် စပ်လျဉ်း၍ အများပြည်သူသို့ ပန်ကြားချက်” ဖြင့် အသိပေးပန်ကြားခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ၎င်းပန်ကြားချက်ပါ ဝန်အားထိန်းညှိဆောင်ရွက်ရသည့် အချိန်များဖြစ်သည့် ဓာတ်အား သုံးစွဲမှု များပြားသော နံနက် (၀၇:၀၀)နာရီမှ ည(၁၁:၀၀)နာရီအတွင်းနှင့် ညအချိန် (၁၇:၀၀) နာရီမှ (၁၉:၀၀) နာရီအတွင်း ဖော်ပြချက်အစား “နံနက် (၀၇:၀၀) နာရီမှ နေ့လယ် (၁၁:၀၀) နာရီအတွင်းနှင့် ညအချိန် (၁၇:၀၀) နာရီမှ (၁၉:၀၀) နာရီအချိန်အတွင်း” ဟု ပြင်ဆင်အသိပေးအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန