နိုင်ငံတစ်ဝန်းလုံး စနေနေ့တိုင်း မြို့၊ ရွာများတွင် သန့်ရှင်းသာယာရေး အားတက်သရောဆောင်ရွက်

 

နေပြည်တော်     စက်တင်ဘာ     ၁၇


ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ    နိုင်ငံတစ်ဝန်းလုံး၌    အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့်  ဆောင်ရွက် လျက်ရှိကြပြီး   အပတ်စဉ်စနေနေ့တိုင်းတွင်လည်း  မိမိတို့၏    မြို့၊  ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော    ဆောင်ရွက်လျက်ရှိကြသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင်   နေပြည်တော် ကောင်စီနယ်မြေ     ဇေယျာသီရိမြို့နယ်အပါအဝင်   မြို့နယ် ရှစ်မြို့နယ် တို့၌လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အပါအဝင်   မြို့နယ်သုံးမြို့နယ်တို့၌ လည်းကောင်း၊    ရှမ်းပြည်နယ် (မြောက်ပိုင်း)    လားရှိုးမြို့နှင့်     ကွတ်ခိုင်မြို့ တို့၌   လည်းကောင်း၊    ရှမ်းပြည်နယ်(တောင်ပိုင်း)   ခိုလမ် မြို့နယ်အပါအဝင်     မြို့နယ်သုံးမြို့နယ်တို့၌    လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်း တုံမြို့နယ်အပါအဝင်    မြို့နယ် ငါးမြို့နယ်တို့၌  လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ် တို့၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးခရိုင်ရှိ မြို့နယ် တစ်မြို့နယ်၊ မှော်ဘီခရိုင်ရှိ မြို့နယ်  နှစ်မြို့နယ်၊    လှည်းကူးခရိုင်ရှိ မြို့နယ် တစ်မြို့နယ်၊မင်္ဂလာဒုံခရိုင် ရှိ  မြို့နယ် နှစ်မြို့နယ်၊ အင်းစိန် ခရိုင်ရှိ   မြို့နယ်    သုံးမြို့နယ်၊ မရမ်းကုန်းခရိုင်ရှိ  မြို့နယ် သုံးမြို့ နယ်၊ အလုံခရိုင်ရှိ  မြို့နယ် သုံးမြို့ နယ်၊     ကျောက်တံတားခရိုင်ရှိ မြို့နယ်   ငါးမြို့နယ်၊   ဒဂုံမြို့သစ် ခရိုင်ရှိ    မြို့နယ်    လေးမြို့နယ်၊ သင်္ဃန်းကျွန်းခရိုင်ရှိ     မြို့နယ် လေးမြို့နယ်၊   တွံတေးခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ဗိုလ်တထောင် ခရိုင်ရှိ မြို့နယ် ငါးမြို့နယ်၊ ကမာ ရွတ်ခရိုင်ရှိ  မြို့နယ်  နှစ်မြို့နယ်၊ သန်လျင်ခရိုင်ရှိ  မြို့နယ် ငါးမြို့ နယ်တို့၌လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆   မြို့နယ်တို့၌   လည်းကောင်း၊ ရခိုင်ပြည်နယ်   စစ်တွေမြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့ ၌လည်းကောင်း၊    စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ်  ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့၌     လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ်အပါအဝင် မြို့နယ်  ၁၁  မြို့နယ်တို့၌လည်း ကောင်း၊    ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့ တို့၌လည်းကောင်း ဘုရား၊ စေတီ ပုထိုးများ၊ ဌာနဆိုင်ရာ အဆောက် အအုံများ၊ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊  ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊   အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊   ဌာနဆိုင်ရာဝန်ထမ်း များ၊   စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊   ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊     မြန်မာ နိုင်ငံ  ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက   ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများ     တူးဖော်ပေးခြင်း နှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်အသီးသီးမှ    တိုင်းမှူးများ နှင့်   တာဝန်ရှိသူများက   လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်