နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီး

 

ပဲခူး   စက်တင်ဘာ   ၈         


စာမတတ်ခြင်းသည်    လူ့အဖွဲ့ အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ   အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့်   ဆင်းရဲမွဲတေမှု တို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများ   ရှိနိုင်သဖြင့် လူတိုင်း     စာတတ်မြောက်ရန် အလွန်အရေးကြီးကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


တိုင်းဒေသကြီး      ဝန်ကြီး ချုပ်က ယနေ့ ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် အထက်ပါအတိုင်း      ပြောကြားခဲ့ခြင်းဖြစ်သည်။          

 


ထို့ပြင်     တိုင်းဒေသကြီး ဝန်ကြီးချုပ်က    နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်    လူတိုင်း စာတတ်မြောက်ရေးသည် အဓိက   အရေးကြီးသည့်     အပိုင်းတွင် ပါဝင်လျက်ရှိကြောင်း၊   စာတတ် မြောက်ခြင်းသည် လူသားအားလုံး အတွက် ပို၍တည်တံ့ ခိုင်မြဲသော အနာဂတ်ကို    တည်ဆောက်ရာ တွင်    အခြေခံအုတ်မြစ်တစ်ခု ဖြစ်ကြောင်း၊   ၂၀၂၂  ခုနှစ်  နိုင်ငံ တကာ  စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော    “သင်ယူမှု ဝန်းကျင်များ   ချဲ့ထွင်သင်ယူကြ ပါစို့” ဆိုသည့်အတိုင်း  လူတိုင်း စာတတ်မြောက်ရေးလုပ်ငန်းစဉ် များကို    အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းပြောကြားခဲ့သည်။

 


အခမ်းအနားတွင်   အမှတ် (၃)  အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက     “လူတိုင်းအတွက် ပညာရေး”    သီချင်းဖြင့်   သီဆို ဖျော်ဖြေကြပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဂုဏ်ပြုငွေများ     ချီးမြှင့်ခြင်း၊  ပဲခူးတိုင်းဒေသကြီး    ပညာရေး    ညွှန်ကြားရေးမှူးက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့     ပေးပို့သည့်    UNESCO အတွင်းရေးမှူး၏    သဝဏ်လွှာ  ဖတ်ကြားခြင်းနှင့်   နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်   Video Clip ပြသခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်