နိုင်ငံတစ်ခု တိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင်နေထိုင်ကြသူများက ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံကို ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် ပြုလုပ်ခြင်းဖြစ်၊ အဖျက်သမားများကို လူထုအားဖြင့် ဆန့်ကျင်ရန်လို

 

နေပြည်တော်   ဇွန်  ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အစည်း အဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်   တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊  အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီ ဝင်များအနေဖြင့်  သက်ဆိုင်ရာတာဝန်များအလိုက် လုပ်ငန်းများအောင်မြင်တိုးတက်မှုများကို  Check ၊ Recheck ၊ Counter Check ပြုလုပ်နေရန်လိုကြောင်း၊ ရှေ့လုပ်ငန်းစဉ် တစ်ချက်ချင်းအလိုက် ဖြည့်ဆည်းရန် နှင့် လုပ်ဆောင်ရန် ကျန်ရှိသည်များကို ကျရာတာဝန် များအလိုက် တတ်နိုင်သလောက်  ဆောင်ရွက်သွားရန် လိုကြောင်း။
စာမျက်နှာ ၃ ကော်လံ ၁ u

u ရှေ့ဖုံးမှ
ရှေ့လုပ်ငန်းစဉ်၏      ပထမအချက်ဖြစ်သည့် ပြည်ထောင်စုတစ်ဝန်းလုံး   တည်ငြိမ်အေးချမ်းရေး အတွက်  နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့်  လုံခြုံ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့် အကြမ်း ဖက်လုပ်ရပ်   ဆောင်ရွက်နေသည့်အဖွဲ့အစည်းများကို အကြောင်းအမျိုးမျိုးဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ၍   အကူအညီများပေးလျက်ရှိသည်ကို   တွေ့ရှိရ ကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် တစ်နိုင်ငံလုံးဖြန့်ကြက်၍ လုံခြုံရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည်   နိုင်ငံတော်၏    အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တာဝန်ထမ်းနေ ခြင်းပင်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် သက်စွန့်ဆံဖျား စရိတ်များကို     တိုးမြှင့်ပေးနိုင်ရေး        ဆောင်ရွက်ခဲ့ ကြောင်း၊     အလားတူ    နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် မြန်မာနိုင်ငံ    မီးသတ်တပ်ဖွဲ့ဝင်များအတွက်လည်း ထောက်ပံ့မှုများ  တိုးမြှင့်ပေးခဲ့သကဲ့သို့  အခြားနိုင်ငံ့ ဝန်ထမ်းများကိုလည်း     ထောက်ပံ့မှုများ     ပိုမို ဆောင်ရွက်ပေးနိုင်ရေး      စီမံဆောင်ရွက်လျက် ရှိကြောင်း။
အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့
လုံခြုံရေးနှင့်ပတ်သက်၍    အချို့ဒေသများတွင် ငြိမ်းချမ်းမှုကိုလိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍     အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး   သောင်းကျန်းသူများထံ ပေးပို့မည့် လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့ နိုင်ခဲ့ကြောင်း၊ တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ သည့်ဒေသများရှိ မြို့ရွာများပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း  စဉ်ဆက်မပြတ်  ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  အကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့် ၎င်းတို့လက်လွတ်ခဲ့ရသော မြို့ရွာများ ကို မီးရှို့ဖျက်ဆီးခြင်းများသည် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များပျက်စီးအောင် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် အလွန်စိတ်ထားသေးသိမ်သည့် လုပ်ရပ်များ ပင်ဖြစ်ကြောင်း။
စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်း နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သော် လည်း   အကြမ်းဖက်သမားများအနေဖြင့်   နိုင်ငံရေး ကိစ္စကို    အကြမ်းဖက်သည့်     နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေ ကြသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာ ရရှိရေးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်ကို တွေ့ရ ကြောင်း၊ မိမိတို့အနေဖြင့်      ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  နှင့်အညီသာ   ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး အခွင့်အရေး တန်းတူရရှိရေး     ရရှိအောင်     ဆောင်ရွက်ပေးလျက် ရှိကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်      လမ်းပန်း ဆက်သွယ်မှုများ    မပြတ်တောက်စေရေးနှင့်    ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊   အလားတူ   အကြမ်းဖက်သမားများ၏ တရားမဝင်မူးယစ်ဆေးဝါး သယ်ယူရောင်းဝယ်မှုများ ကို တားဆီးနိုင်ရေးနှင့် လက်နက်ခဲယမ်းမီးကျောက် သယ်ယူမှုများ     တားဆီးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့နေရာများရှိ လုံခြုံ ရေးစခန်းများကို     လာရောက်တိုက်ခိုက်မှုများ ရှိကြောင်း၊    မိမိတို့အနေဖြင့်    လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန် အဟုန်မြှင့်၍   ဆက်လက်၍    ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ရှေ့လုပ်ငန်းစဉ်   ဒုတိယအချက်ဖြစ်သည့်   နိုင်ငံ့ စီးပွားမြင့်မားရေး ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ သည်   စိုက်ပျိုးရေးနှင့်  မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သဖြင့်  ၎င်းလုပ်ငန်းများတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ GDP   များလည်း   တိုးတက်လာမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှု ကဏ္ဍကြီးများ  တိုးတက်ရန်လိုကြောင်း၊   မိမိတို့၏ အဓိကစီးပွားရေးလုပ်ငန်းသည်     စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်မှစ၍ အချို့ပြည်ပနိုင်ငံများနှင့်  အဖွဲ့အစည်းများအနေဖြင့် စီးပွားရေးနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးဖြင့် ပိတ်ဆို့မှုများရှိကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ် ရေးကို ထိခိုက်စေရန်အတွက် အကြမ်းဖက်သမား များအနေဖြင့်   နယ်စပ်ဒေသများတွင်   တိုက်ပွဲများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ သည်ကို တွေ့ရကြောင်း။
ကုန်ထုတ်လုပ်မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရန်လို
ကုန်သွယ်မှုလုပ်ငန်းများ    ဆောင်ရွက်ရာတွင် Normal Trade ဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ နယ်စပ် ကုန်သွယ်ရေးဖြင့်   ဆောင်ရွက်သည်ဖြစ်စေ   မိမိတို့ အနေဖြင့်  ပြည်ပသို့တင်ပို့နိုင်သည့်  ကုန်ထုတ်လုပ် မှုများတိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို အပြည့်အဝ    စိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိခဲ့သည်ကို တွေ့ရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သတ်မှတ်ထားသည့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်သကဲ့ သို့    သီးထပ်စွမ်းအားများ     တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍသည် များစွာတိုးတက်လာမည်ဖြစ်ပြီး   ပို့ကုန်များ  ပိုမိုရရှိ လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့်   ကောင်စီဝင်များ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧက ပန်းတိုင်ရည်မှန်းချက်များ  ပြည့်မီအောင်  ထွက်ရှိ စေရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း။
ငွေကြေးအရင်းအနှီး တတ်နိုင်သူများအနေဖြင့် လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါ ကလည်း  နိုင်ငံ၏  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက် မည်ဖြစ်ကြောင်း၊  အသားစားကြက်၊  ဥစားကြက်၊ အသားစားနွား၊ နို့စားနွား၊ အသားတိုး ဝက်နှင့် ဆိတ် မွေးမြူရေးလုပ်ငန်းများသည်လည်း အမြတ်အစွန်းရ သည့်လုပ်ငန်းများဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက် မည်ဆိုပါက နိုင်ငံအတွက်လည်း အကျိုးရှိမည်ဖြစ် ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင်လည်း စနစ်တကျ ဖြင့် စိုက်ပျိုး၍ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက အမြတ်အစွန်းများရရှိမည် ဖြစ်ကြောင်း၊       စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွင်    ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းဖြင့်   လုပ်ငန်း ဆောင်ရွက်သူနှင့်  နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊    စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စိုက်ဧက များ တိုးချဲ့ခြင်းထက်ရှိပြီးသား   စိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း။
ငွေကြေးတတ်နိုင်သူများအနေဖြင့် အကျိုးအမြတ် မြိုးမြိုးမြက်မြက်ရသည့်    လုပ်ငန်းများကိုသာ အားသန်ကြကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့်  နိုင်ငံတော်၏  စီးပွားရေး အတွက်   အထောက်အကူပြုမည့်အပြင်   ပုဂ္ဂလိက အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့်    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိစစ်ချက်အရ ငွေကျပ် သိန်း ၄၀၀၀ ရင်းနှီးမြှုပ်နှံ၍ ဥစားကြက်ကောင်ရေ ၁၀၀၀၀ ကို ဥသက်တမ်းကာလ ၂၀ လအထိ မွေးမြူ မည်ဆိုပါက   အမြတ်ငွေ  ကျပ်သိန်း  ၇၀၀    ကျော်၊ အသားတိုးကြက်ကောင်ရေ   ၁၇၀၀၀  မွေးမြူမည် ဆိုပါက အမြတ်ငွေကျပ်သိန်း ၅၀၀ ကျော်၊ အသားတိုး ဝက် အကောင်ရေ ၄၀၀ မွေးမြူမည်ဆိုပါက အမြတ် ငွေကျပ်သိန်း ၂၅၀ ခန့်၊ အသားတိုးဆိတ် အကောင်ရေ ၅၀၀ မွေးမြူမည်ဆိုပါက အမြတ်ငွေ ကျပ်သိန်း ၁၅၀ ခန့်၊ နို့စားနွားအကောင်ရေ ၈၀ ကို  ၂ နှစ်အကြာ မွေးမြူမည်ဆိုပါက အမြတ်ငွေကျပ်သိန်း ၁၇၀၀ ကျော်၊ အသားစားနွားအကောင်ရေ ၈၀ ကို မွေးမြူ မည်ဆိုပါက   ကျပ်သိန်း   ၂၀၀  ကျော်ရရှိမည်ဟု တွက်ချက်မှုများအရ သိရှိရကြောင်း။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းတွင် ကျပ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍  အစေ့ထုတ်ပြောင်း ဧက ၅၀၀  စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း  ၅၀ ခန့်၊ ပဲပုပ် ဧက  ၈၀၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ် သန်း ၃၂၀ ခန့်၊  နေကြာ  ဧက  ၆၄၀  စိုက်ပျိုးမည် ဆိုပါက အမြတ်ငွေကျပ်သန်း ၁၇၀ ကျော်၊ ကြက်သွန်နီ ဧက ၂၀၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေကျပ်သန်း ၅၀၀၊ ကြက်သွန်ဖြူ ဧက ၁၆၀ စိုက်ပျိုးမည်ဆိုပါက အမြတ်ငွေ   ကျပ်သန်း  ၅၀၀  ကျော်   ရရှိမည်ဟု တွက်ချက်မှုများအရ သိရှိရကြောင်း။
မွေးမြူရေးလုပ်ငန်းများကို 
တိုးတက်ထုတ်လုပ်
မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင်လိုအပ်လျက် ရှိသည့်   စားသောက်ကုန်များကို   လေ့လာကြည့်ရာ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် ပဲပုပ်တန်ချိန် ၉၂ သန်း၊ ၂၀၂၃ ခုနှစ်တွင် ၉၄ သန်းကို ဘရာဇီးနှင့် ဥရုဂွေးနိုင်ငံတို့မှ တင်သွင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အမဲသားတန်ချိန် ၂ ဒသမ ၃ သန်း၊ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၇ သန်းကိုတင်သွင်းခဲ့ရပြီး အခြားအသားငါး များကိုလည်း ပြည်ပမှ တင်သွင်းခဲ့ရသည်ဟု ၎င်းတို့ ၏ ထုတ်ပြန်ချက်များအရသိရှိရကြောင်း၊  အလားတူ အိန္ဒိယနိုင်ငံနှင့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည်လည်း ကြက်သွန်နီနှင့်   ကြက်သွန်ဖြူကို   အသုံးများသည့် နိုင်ငံများဖြစ်သဖြင့်     ဈေးကွက်လိုအပ်ချက်များ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ပဲပုပ်နှင့် ကြက်သွန်နီ၊   ကြက်သွန်ဖြူများကို  ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်ထုတ်လုပ်နိုင်အောင်   ဆောင်ရွက်သွားရန် လိုကြောင်း၊  ၎င်းသည်   ဥပမာအနေဖြင့်   ရှင်းလင်း ပြောကြားခြင်းသာဖြစ်ပြီး အခြားဈေးကွက် လိုအပ် ချက်များစွာရှိနေသေးသည်ကို သိရှိနိုင်ရန်ဖြစ်ကြောင်း။
ထို့ကြောင့်    စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ သည် ခိုင်မာသည့်ဈေးကွက်ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံ စားရေရိက္ခာရေးကို အထောက်အကူပြုစေနိုင်သကဲ့သို့ ပြည်ပသို့ ပို့ကုန်များပိုမိုတင်ပို့နိုင်သောကြောင့် ပြည်ပ ဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငွေကြေးတတ်နိုင်သည့်  လုပ်ငန်းရှင်များအနေဖြင့် သေချာသည့်လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ကြစေလိုကြောင်း။
နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက်    ဆီထွက်သီးနှံများကိုလည်း သတ်မှတ်ပန်းတိုင်ရည်မှန်းချက်    အထွက်နှုန်းများ အတိုင်း ထွက်ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးစီးသည့်အချိန်တွင် မည်သည့်သီးနှံ မှမစိုက်ဘဲ ကျန်ရှိသည့် လယ်မြေဧက ၄ သန်းခန့်မှ နေကြာစိုက်ပျိုး၍ရသည့် မြေနေရာများတွင် နေကြာ ကို     စိုက်ပျိုးမည်ဆိုပါက    ပြည်တွင်းဆီဖူလုံမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ များဖြစ်သည့် နေကြာ၊ မြေပဲ၊ နှမ်းတို့အပြင် ပဲပုပ်မှ လည်း    ဆီထုတ်လုပ်၍ရသဖြင့်    ပဲပုပ်စိုက်ပျိုး ထုတ်လုပ်မှုများ တိုးတက်အောင်လည်း ဆောင်ရွက် မည်ဆိုပါက ပြည်တွင်းစားသုံးမှုကိုသာမက ပြည်ပ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း၊ သီးနှံ များတွင်  ကြက်သွန်နီနှင့်   ကြက်သွန်ဖြူစိုက်ပျိုးမှု များကိုလည်း    အထွက်နှုန်းများ  တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ တိုးတက် လာမည်ဖြစ်ကြောင်း။
ငွေဈေးတည်ငြိမ်ရန် အရေးကြီး
ပြီးခဲ့သည့် ဧပြီလအတွင်း ရွှေဈေးနှင့် ငွေကြေး ဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲ လာသည်ကို တွေ့ရပြီး ဝိသမစီးပွားရေးသမားများ အနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ် သည့် စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ   ရွှေဈေးနှင့် ငွေကြေးဈေးများသည် ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့် သည့်ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ယခင်ကလည်း စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲအောင် လုပ်ဆောင် မှုများနှင့်      ငွေကြေးကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းများကို မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ ရပြီး ထိုသို့သော   အခက်အခဲအကျပ်အတည်းများ ကြားမှ နိုင်ငံ့စီးပွားရေးအတိုင်းအတာတစ်ခုအထိ ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ အိမ်ရာမြေဝယ်ယူခြင်းနှင့် ပတ်သက်၍ လည်း  တရားမဝင်ရရှိလာသည့်  ငွေကြေးများဖြင့် ပြည်ပနိုင်ငံများတွင် အိမ်ရာမြေဝယ်ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့်စည်းကမ်း ဥပဒေနှင့်အညီ စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရွှေနှင့် ငွေကြေးဈေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့်ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုးကျဆင်းစေ ရေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏စီးပွားရေး ကျဆင်းမှုရှိစေရန် ရည်ရွက်ချက်ရှိရှိ ဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်း ထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ဟု မိမိ အနေဖြင့် ထင်မြင်မိပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွား ရေး   ကျဆင်းစေရန်ရည်ရွယ်၍    အဘက်ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်သဖြင့်    ငွေဈေး တည်ငြိမ်ရန် အရေးကြီးကြောင်း။ 
တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
ရှေ့လုပ်ငန်းစဉ်      တတိယအချက်ဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဆောင်ရွက် လျက်ရှိကြောင်း၊ သဘောတူစာချုပ်လက်မှတ်ရေး ထိုးထားသည့်  အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ယာယီအားဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသည့် လက်နက်ကိုင်အဖွဲ့အချို့ သည် သဘောတူညီချက်များအပေါ် ချိုးဖောက်လာ မှုများအား တွေ့မြင်လာရကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့်  တိုင်းရင်းသားပေါင်းစုံ  အတူတကွ ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့် အတွက် ပြည်ထောင်စုအကျိုးကိုကြည့်၍ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်သည်မှ အပ  ၎င်းတို့၏  တပ်စခန်းများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စု ကြီး   ငြိမ်းချမ်းရေးနှင့်   ပတ်သက်၍    မကြာမီကာလ အတွင်း   နိုင်ငံရေးပါတီများ၊    သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်လို
ရှေ့လုပ်ငန်းစဉ် စတုတ္ထအချက်ဖြစ်သည့် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် တည်ဆောက်ရေး ဆောင်ရွက်ရာ၌ မိမိတို့တာဝန်ယူချိန်မှစ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တွင် ခရိုင်များကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ပြီး ထိရောက် သည့်အုပ်ချုပ်ရေးကို     ဖော်ဆောင်ပေးခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ ခရိုင်အလိုက် မိမိတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကို အသုံးချ၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ကြရန်လိုကြောင်း၊ ပြည်ထောင်စုအနေဖြင့် လိုအပ် သည့်   မူဝါဒများကို   ချမှတ်ပေးမည်ဖြစ်ကြောင်း၊ အဆင့်အလိုက်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ငန်းများကို   ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြရန်လိုပြီး စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရ ဖွံ့ဖြိုး တိုးတက်မှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့   ဆောင်ရွက်ကြရာတွင်    အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌    မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အတွက်  အကြောင်းပြ၍ စိုက်ပျိုးမြေများကို အခြား နည်းဖြင့် အသုံးချခြင်းများ တွေ့ရှိရသဖြင့် မြေယာ အသုံးချမှုနှင့်ပတ်သက်၍ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း၊   ခွင့်ပြုချက်များနှင့်အညီသာ   ဖြစ်ရန် လိုကြောင်း၊ လယ်မြေ၊ လယ်ယာမြေ၊ မြေလွတ်မြေရိုင်း အသုံးချမှုတို့နှင့်ပတ်သက်၍ မိမိတို့အား ခွင့်ပြုပေး ထားသည့်အတိုင်းသာဖြစ်ရန်လိုပြီး  အခြားနည်း များဖြင့်   အသုံးချမှုများမဖြစ်စေရေး   ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အေးချမ်းစွာဖြင့်
ပညာသင်ကြားနိုင်ရေးဆောင်ရွက်
ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေးတို့အတွက် သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး KG+12 အထိ  ကျောင်းသုံး စာရေးကိရိယာများကို   အခမဲ့ထောက်ပံ့ပေးထား ကြောင်း၊ ချင်းပြည်နယ်၊  ကယားပြည်နယ်၊   ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့ရှိ    အချို့သောကျောင်းများ အနေဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ယမန်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ သန်းနီးပါး ကျောင်းတက်ရောက်သည်ဟု တင်ပြ ချက်များအရ  သိရှိရကြောင်း၊    မိမိတို့နိုင်ငံလူဦးရေ အသက်ပိုင်းခြားအရ   ကျောင်းတက်ရောက်ရန် လိုအပ်မှုများ ရှိနေသေးကြောင်း၊ မိမိတို့တာဝန်ယူချိန် တွင် ပညာရေးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်သွားခဲ့ပြီး  ပညာရေးဝန်ထမ်းများ   ပြည့်မီစွာ ခန့်အပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကာ   အချိန်ကာလတစ်ခုထိ   ပြန်လည် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်း များ၏    သင်ကြားရေးနှင့်    ပတ်သက်၍လည်း စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ငွေကြေးကောက်ခံမှုများ   စနစ်တကျရှိရန်   လိုနေ ကြောင်း၊  မဖွင့်ရသေးသည့်  ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်ပြီးသည့်ကျောင်းများ အားလုံး  အေးချမ်းစွာဖြင့်   ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  သင်ကြားရေး တာဝန် ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ ၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း ဆောင်ရွက်ပေး ရန်လိုအပ်မည်ဖြစ်ပြီး လိုအပ်သည့် ချီးမြှင့်မှုများကို လည်း    ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့အတူ ကျန်းမာရေးနှင့် ပတ်သက်၍လည်း လစ်လပ် သွားခဲ့သည့်   ကျန်းမာရေးဝန်ထမ်းများ   ပြည့်မီစွာ ပြန်လည်ခန့်အပ်နိုင်ရေး  မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊    ဆရာဝန်မရှိသည့် ဆေးရုံဟူ၍မရှိစေရေး မိမိတို့အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး အခြေခံအားဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို   ပေးနိုင်သည့် သူများပင်ဖြစ်ကြောင်း။
ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍  တရားမျှတသည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ကျင်းပနိုင်ရေးပင်ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် မဲစာရင်းမှားယွင်းမှုကြောင့်    နိုင်ငံ့သမိုင်းတွင် အလွန်ဆိုးရွားသည့် အမည်းစက်ဖြစ်ခဲ့ရသည့် အဖြစ် မျိုး ထပ်မံမဖြစ်စေရေး အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန် အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်း များမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို     ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ကောက်ယူခြင်းကို       အောက်တိုဘာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    အောင်မြင်စွာကောက်ယူနိုင်ရေးနှင့်    စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို  ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့်   သန်းခေါင်စာရင်းကောက်ယူ ပြီးမှသာ   လူဦးရေစာရင်းထွက်လာမည်ဖြစ်ကာ မဲစာရင်းများ  ပြုစုနိုင်မည်ဖြစ်ပါကြောင်း၊  သန်းခေါင် စာရင်းများ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန် သည့်မဲစာရင်းများရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှန်ကန်စွာပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
မြေပြင်ကွင်းဆင်းကောက်ယူရန် အခက်အခဲရှိ သည့်နေရာများ၌လည်း မြေပြင်တွင်ရှိသည့် စာရင်း များနှင့် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး စာရင်းကိုက်ညီ မှုရရှိသည်အထိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    မြေပြင်ရှိ    စာရင်း ကို     ဦးစာပေးကောက်ယူသွားမည်ဖြစ်ကြောင်း၊ ကောက်ယူ၍    ရနိုင်သည့်မြို့ရွာများကို     ဦးစွာ  ကောက်ယူ၍   ဆက်စပ်မြို့နယ်များကို   လုံခြုံရေး ရယူ၍ ဆက်လက်ကောက်ယူသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ပင် ဖြစ်သည့်အတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်စီဝင်များအနေ ဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရေး၊ ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး မိမိတို့လုပ်ဆောင် နိုင်သည်မှန်သမျှကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များက တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့  ကွင်းဆင်း၍  ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော်၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးမူဝါဒများ ရှင်းလင်း ပြောကြားခဲ့မှု၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမှု၊ တည်ထောင်ခွင့်ပြုမှုနှင့် စိစစ်ဆောင်ရွက်ရန် ကျန်ရှိမှု အခြေအနေများ၊ နိုင်ငံတော်၏ စီးပွားရေးမတည်မငြိမ် ဖြစ်စေရန်၊ စီးပွားရေးဖောင်းပွစေရန်၊ ရွှေဈေးကွက်နှင့် နိုင်ငံခြားငွေကြေး မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက် ခဲ့သူများကို   ဖော်ထုတ်အရေးယူခဲ့မှု၊     ယခုနှစ် ကျောင်းများ   ဖွင့်လှစ်နိုင်မှုနှင့်    ကျောင်းအပ်နှံမှု၊  လက်နက်ခဲယမ်းနှင့်    မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မိုးရာသီကာလ တွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရ မည့် ကိစ္စရပ်များ၊ စိုက်ပျိုးရေးတောင်သူများ ပန်းတိုင် အထွက်နှုန်း ရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တာဝန်ရှိသူများအနေဖြင့် တောင်သူများကို မျိုး၊ သွင်းအားစု၊ နည်းပညာကိစ္စရပ်များတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရမည့်     ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က    စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တိုင်းပြည်အတွက် သေချာ သည့်   စီးပွားရေးတစ်ခုဖြစ်ကြောင်း၊   ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းများ   ပြည့်မီအောင်    ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊  ပြည်သူများ   နေ့စဉ် အသုံးပြုနေသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန် ပစ္စည်းများကို     ပြည်တွင်း၌   ထုတ်နိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝဘေးအန္တရာယ် နှင့်  လူကြောင့်ဖြစ်သည့်    ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးထိခိုက်မှုများစွာရှိကြောင်း၊ ထိုသို့ ပျက်စီး ဆုံးရှုံးမှုများ  မရှိစေရန်နှင့်    အနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်  ဆောင်ရွက်သွားကြရန်လိုကြောင်း၊   စာသင်ကျောင်းများ  ဖွင့်လှစ်သည့် ဒေသများအားလုံး တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက် နိုင်ရေးနှင့် ပညာရေးလမ်းကြောင်းပေါ်တွင် ရောက်ရှိ ရေး     ဦးစားပေး     ဆောင်ရွက်ကြစေလိုကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ 
အကြမ်းဖက်အဖျက်သမားများကို ကာကွယ်ထိန်းသိမ်းရန်လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   နိဂုံးချုပ်အမှာ စကားပြောကြားရာတွင်    စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတည်ဆောက်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများ က  ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့  နိုင်ငံကို  ပျက်စီး အောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်း နိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်ကြောင်း၊ အလားတူပင်    ဒေသတစ်ခုပျက်စီးစေရန်အတွက် လုပ်ဆောင်ကြသူများမှာ အဆိုပါဒေသတွင် နေထိုင် ကြသည့် ဒေသခံအဖျက်သမားအကြမ်းဖက်များပင် ဖြစ်ကြောင်း၊  တိုင်းဒေသကြီးနှင့်   ပြည်နယ်များ အလိုက် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များကို အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံအကြမ်း ဖက်များက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အခြား ဒေသတွင်နေထိုင်သူများက လာရောက်လုပ်ဆောင် နိုင်ခြင်းမရှိကြောင်း၊ မိမိဒေသကိုဖျက်ဆီးနေသူများဖြစ်ကြောင်း၊   ဥပမာပေးရမည်ဆိုပါက “အရိပ်နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများဖြစ်ကြောင်း၊  ၎င်း ကဲ့သို့ အကြမ်းဖက်အဖျက်သမားများကို လူထုအား ဖြင့် ကာကွယ်ထိန်းသိမ်းရန်လိုကြောင်း၊  ကောင်စီဝင် များအနေဖြင့်  ရောက်ရာဒေသများတွင်   ၎င်းအချက် ကို    ပြည်သူလူထု   သဘောပေါက်နားလည်အောင်      အလေးထား ဆောင်ရွက်ရန်လိုကြောင်း။
နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေး ကြီးကြောင်း၊   ကိုယ့်ကိုယ်ကိုယ် ပညာမတတ်အောင် လုပ်ဆောင်ခြင်းသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို ဖျက်ဆီးနေသည့် လုပ်ရပ်ထက် အောက်တန်းကျသော      လုပ်ရပ်မရှိကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများကို ပညာတတ်များ ဖြစ်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များစွာ ရှိရန်လိုအပ်ကြောင်း၊   နိုင်ငံတွင်   ပညာမတတ်သူ များလာပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသွား နိုင်ကြောင်း၊    အလားတူ    အတန်းပညာများရှိရန် လိုသကဲ့သို့ စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန် လိုကြောင်း။
မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်တွင် ပညာရေးအားနည်းသည့် တပ်မတော်သားများအား    စာတတ်မြောက်ရေး အတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၆ နှစ်ကြာ အချိန်ယူဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊   တကယ် လုပ်လျှင် တကယ်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး စာတတ်နိုင်စေရန်၊ စာဖတ်နိုင်စေရန်နှင့် အတန်း ပညာများ မြင့်မားစေရန်အတွက် ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့် မိမိတို့ရောက်ရှိသည့်နေရာတိုင်းတွင် ပြည်သူများ စာဖတ် လာအောင်၊ ပညာတတ်လာအောင် အသိပညာပေးကြ စေလိုကြောင်း   ပြောကြားပြီး   အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်