နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်

 

စစ်တွေ   အောက်တိုဘာ  ၁၉


ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးပြီး ပြည်နယ် အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက် စေရန်အတွက် ဝန်ထမ်းများ  စာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး    သင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့  ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ ဆရာမများနှင့်  သင်တန်းသား   သင်တန်းသူများ တက်ရောက်ကြသည်။ 

 


သင်တန်းဖွင့်ပွဲတွင်   ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်   ဌာနဆိုင်ရာများတွင်    နိုင်ငံ့တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ နေ့စဉ်ဆောင်ရွက် နေရသည့် လုပ်ငန်းတာဝန်များနှင့်  စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများဖြစ်သော   ငွေစာရင်းလုပ်ထုံး လုပ်နည်းများ၊ စာရင်းအင်းအသိပညာ၊ စီမံကိန်းရေးဆွဲ ခြင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲ ခြင်း၊ ဝန်ထမ်းများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများနှင့် အခြေခံစာရင်းအင်းပြုစုရသည့် ဌာနများ၏ အချက်အလက်ဆိုင်ရာဗဟုသုတများကို သိရှိနားလည်စေရန်နှင့် စွမ်းဆောင်ရည်တိုးတက် စေရန်အတွက် ရခိုင်ပြည်အစိုးရအဖွဲ့က ကြီးမှူးပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ဘာသာရပ် ၁၈ခုကို အစိုးရဌာန၊ အဖွဲ့အစည်း ၁၆ ခုမှ သင်တန်းဆရာ များက သင်ကြားပို့ချကြမည်ဖြစ်ကြောင်း၊ ဆရာ အများစုသည် မိခင်ဌာနလုပ်ငန်းများနှင့် မအားလပ် သည့်ကြားက သင်ကြားပြသပေးကြမည်ဖြစ်သည့် အတွက် သင်တန်းသားများအနေဖြင့် အထူးကြိုးစားပြီး လေ့လာသင်ကြားကြစေလိုကြောင်း ပြောကြားသည်။

 


အဆိုပါ သင်တန်းကို နံနက် ၈ နာရီမှ  ၁၁ နာရီ အထိဖြစ်ပြီး လုပ်ငန်းခွင်မပျက် ပို့ချမည့်သင်တန်းဖြစ် သည့်အတွက် သင်တန်းပြီးသောအခါ မိမိလုပ်ငန်းခွင် အလိုက် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ် ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က   ကြီးမှူးကျင်းပ သည့် ပြည်နယ်အဆင့် သင်တန်းတစ်ခုဖြစ်သည်နှင့်အညီ သင်တန်းပြီးဆုံးချိန်တွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပပြီး ထူးချွန်သင်တန်းသားများကို ဆုများချီးမြှင့် မည်ဖြစ်သည့်အတွက်ကြောင့် သင်တန်းသားများ အနေဖြင့် မိမိ၏ဂုဏ်သိက္ခာ၊ မိမိဌာန၊ အဖွဲ့အစည်း ၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက်   လုံ့လဝီရိယ အပြည့်အဝဖြင့် ကြိုးစားကြရန် ပြောကြားသည်။

 


အဆိုပါ သင်တန်းသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၅၀ တက်ရောက်ကြပြီး   ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) သင်တန်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ  ဖွင့်လှစ်သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း သိရသည်။


 တင်ထွန်း(ပြန်/ဆက်)