
နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြု ချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့် အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်း စာရင်း(Black Lists)တွင် ပါဝင်လျက်ရှိနေခြင်း ကြောင့် နိုင်ငံတော်အတွက် လူသားအရင်း အမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံ ရှင်များ၏ လူမှုဘဝများလည်း နစ်နာလျက်ရှိ ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါနစ်နာမှု များအား ကုစားပေးနိုင်ရန်အလို့ငှာ ယင်းဝန်ထမ်း များကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်း ရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists)မှ ပယ်ဖျက်ဖြေလျှော့ပေးပြီး ဥပဒေဘောင် အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေး မည်ဖြစ်ပါသဖြင့် ၁၅ - ၇ - ၂၀၂၄ ရက်မှစ၍ အဆိုပါဝန်ထမ်းများသည် မိမိတို့ ရောက်ရှိနေသည့် နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့ သည့် ဌာန၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံ သံရုံး၊ စစ်သံရုံး၊ ကောင်စစ် ဝန်ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့ကြ ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့