နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

 

နေပြည်တော်   မတ်      ၇


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ  တည်ထောင်လိုသော ဝံသာနုပါတီ နှင့် ဒီမိုကရက်တစ်ပါတီတို့သည်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်  ဆက်လက်တည်ထောင်လိုသော  ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)]  သည်လည်းကောင်း    ဥပဒေ၊   နည်းဥပဒေများနှင့်အညီ   နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။

 


ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီ ရှိပြီး  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၂၅ အရ  လျှောက်ထားသော ပါတီ ၁၁ ပါတီဖြစ်၍ စုစုပေါင်း   ၁၇  ပါတီဖြစ်သည်။    ယင်း ၁၇ ပါတီတွင်  ပြည်ထောင်စုတစ်ဝန်းလုံး    စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၁၂ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 
သတင်းစဉ်