နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

 

နေပြည်တော်   မတ်   ၂၃


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ  ၃  အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်  ဆက်လက် တည်ထောင်လိုသော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ လာရောက် လျှောက်ထားခဲ့သည်။

 


ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ  ၈  ပါတီ ရှိပြီး  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၃၂ ပါတီဖြစ်၍   စုစုပေါင်း ပါတီ  ၄၀ ဖြစ်သည်။ ယင်းပါတီ  ၄၀ တွင်  ပြည်ထောင်စုတစ်ဝန်းလုံး  စည်းရုံးမည့်ပါတီ ၁၀ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၃၀ ဖြစ်ပြီး အဆိုပါ ပါတီများကို  တည်ထောင်ခွင့်နှင့်  မှတ်ပုံတင်ခွင့်ပြုနိုင်ရေး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                         

သတင်းစဉ်