
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၅ / ၂၀၂၃ )
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
( ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက် )
နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့်
ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/ ၂၀၂၃) ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။
၂။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ ယင်းသို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေး ပါတီ ၉၀ ပါတီအနက် သတ်မှတ်ကာလ ရက်ပေါင်း ၆၀ ပြည့်မြောက်သည့် ၂၈ - ၃ - ၂၀၂၃ ရက်နေ့ အထိ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင် ခွင့်ကို အောက်ဖော်ပြပါ ပါတီ ၅၀ ပါတီက လျှောက်ထားခဲ့သည် -
စဉ် ပါတီအမည်
(က) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
(ခ) မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)
(ဂ) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ
(ဃ) ဒီမိုကရေစီပါတီသစ်(ကချင်)
[ New Democracy Party (Kachin) ] [ N.D.P (Kachin) ]
(င) ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ
(စ) အမျိုးသားဒီမိုကရေစီပါတီသစ်
( NEW NATIONAL DEMOCRACY PARTY )
(ဆ) ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
(ဇ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
(ဈ) ရခိုင့်ဦးဆောင်ပါတီ
[ Arakan Front Party (AFP) ]
(ည) ပြည်သူ့အင်အားပါတီ
(ဋ) ကချင်ပြည်နယ်ပြည်သူ့ပါတီ [ Kachin State People's Party (KSPP) ]
(ဌ) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
[ LISU NATIONAL DEVELOPMENT PARTY (L.N.D.P)]
(ဍ) တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
[ TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P) ]
(ဎ) ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ
[Shan-Ni Solidarity Party (S.S.P)]
(ဏ) လူထုပါတီ (The Party for People)
(တ) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(ထ) ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
(United Nationalities Democracy Party)
(ဒ) ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
(ဓ) ပြည်သူ့ရှေ့ဆောင်ပါတီ (People's Pioneer Party)
(န) မွန်ညီညွတ်ရေးပါတီ (Mon Unity Party)
(ပ) မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(Myanmar Farmers' Development Party)
(ဖ) ပြည်သူ့အလုပ်သမားပါတီ
(ဗ) အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(ဘ) အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ
[Democratic Party of National Politics (DNP)]
(မ) ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)]
(ယ) ရခိုင်အမျိုးသားပါတီ (Arakan National Party)
(ရ) လူ့ဘောင်သစ်ပါတီ (NSP)
(လ) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
(ဝ) အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)
(သ) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP)
(ဟ) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
[National Democratic Force Party (NDF)]
(ဠ) ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party)
(အ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
(ကက) နာဂအမျိုးသားပါတီ [Naga National Party (NNP)]
(ခခ) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
[THE 88 GENERATION STUDENT YOUTHS(UNION OF MYANMAR)PARTY]
(ဂဂ) 'ဝ'အမျိုးသားပါတီ (WA NATIONAL PARTY)
(ဃဃ) ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP)
(ငင) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ
(THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY)
(စစ) ပြည်သူ့ပါတီ (People’s Party)
(ဆဆ) မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ
(ဇဇ) အမျိုးသမီးပါတီ(မွန်)
(ဈဈ) မြိုတိုင်းရင်းသားပါတီ
(ညည) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party)
(ဋဋ) ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
(Danu National Democracy Party)
(ဌဌ) ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party)
(ဍဍ) ကရင်ပြည်သူ့ပါတီ (KPP)
(ဎဎ) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party)
(ဏဏ) မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)
(တတ) ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ
(ထထ) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
၃။ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် အောက်ဖော်ပြပါ နိုင်ငံရေးပါတီ ၄၀ ပါတီ တို့သည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သဖြင့် ယင်းပါတီများကို ၂၉ - ၃ -၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်သည်-
စဉ် ပါတီအမည်
(က) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(ခ) ဒီမိုကရက်တစ်ပါတီ (မြန်မာ)
(ဂ) ကယန်းအမျိုးသားပါတီ
(ဃ) တအာင်း(ပလောင်)အမျိုးသားပါတီ
(င) ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
(စ) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
(ဆ) ဝံသာနုဒီမိုကရက်တစ်ပါတီ
(ဇ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
(National Democratic Party for Development)
(ဈ) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
[Ethnic National Development Party (ENDP)]
(ည) ကမန်အမျိုးသားတိုးတက်ရေးပါတီ
(ဋ) ဗမာပြည်သူ့ပါတီ (Bamar People’s Party)
(ဌ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(ဍ) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(ဎ) မြန်မာအမျိုးသားကွန်ဂရက် ( Myanmar National Congress ) ပါတီ
(ဏ) အရှိုချင်းအမျိုးသားပါတီ (Asho Chin National Party)
(တ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
(ထ) အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
(ဒ) အမျိုးသားတိုးတက်မြင့်မားရေးပါတီ (National Prosperity Party)
(ဓ) ထားဝယ်တိုင်းရင်းသားများပါတီ
(န) ဖက်ဒရယ်ပြည်ထောင်စုပါတီ (Federal Union Party)
(ပ) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ
(ဖ) ခူမီး(ခမီး)အမျိုးသားပါတီ [KHUMI (KHAMI) NATIONAL PARTY]
(ဗ) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(ဘ) ကရင်အမျိုးသားပါတီ
(မ) မြိုအမျိုးသားဒီမိုကရေစီပါတီ
(ယ) လမ်းပြကြယ်ပါတီ
(ရ) ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ
(လ) လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(ဝ) ခေတ်သစ်ပြည်ထောင်စုပါတီ
(သ) ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ
(ဟ) အမျိုးသားတိုးတက်ရေးပါတီ
(ဠ) ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ
(အ) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(ကက) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( Kayah State Democratic Party )
(ခခ) အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(အန်၊ယူ၊ဒီ၊ပီ)
[National United Democratic Party (N.U.D.P)]
(ဂဂ) အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ
[The Yeomanry Development Party (YDP)]
(ဃဃ) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(Chin National League For Democracy Party)
(ငင) ချင်းတိုင်းရင်းသားများပါတီ [Chin National Party (CNP)]
(စစ) ကချင်အမျိုးသားပါတီ (Kachin National Party)
(ဆဆ) မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ
[Alliance of Myanmar's Worker and Farmer Party (A.M.W.F.P)]
၄။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထား လာသည့် ပါတီ ၁၃ ပါတီမှာ အောက်ပါအတိုင်းဖြစ်သည် -
စဉ် ပါတီအမည်
(က) ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ
(ခ) ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)
(ဂ) ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ
(ဃ) ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
(င) ဝံသာနုပါတီ
(စ) ဒီမိုကရက်တစ်ပါတီ
(ဆ) အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ
(ဇ) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ
(ဈ) အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ
(ည) ဒီမိုကရေစီပါတီ
(ဋ) ခူမီးအမျိုးသားပါတီ
(ဌ) ချင်းပြည်သူ့ပါတီ
(ဍ) ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီ
၅။ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားနိုင်ကြောင်း ကြေညာ လိုက်သည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်