နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၄၉ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း  ၁၀  ရက်
( ၂၀၂၃ ခုနှစ် ၊  နိုဝင်ဘာလ  ၂၂  ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း
၁။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြိုတိုင်းရင်းသားပါတီ ကို မှတ်ပုံတင်အမှတ် (၁၁)၊ ၄-၅-၂၀၂၃ ရက်စွဲပါ ကြေညာချက်အမှတ် (၁၆/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ ပါသည်။
၂။    မြိုတိုင်းရင်းသားပါတီ က ၂၇-၁၀-၂၀၂၃ ရက်စွဲပါစာအမှတ်၊ ၅၅ / မတပ / ၂၀၂၃ ဖြင့် နိုင်ငံရေး ပါတီအဖြစ်   မှတ်ပုံတင်ထားခြင်းမှ  ဖျက်သိမ်းပေးပါရန်  ပါတီဗဟိုအလုပ်အမှုဆောင်  အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ၂၂-၁၁-၂၀၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၃/၂၀၂၃)၏ ဆုံးဖြတ်ချက် အရ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (က) နှင့်အညီ  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့ပါသည်။
၃။    သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် မြိုတိုင်းရင်းသားပါတီ ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။

    ( ပုံ ) သိန်းစိုး
    ဥက္ကဋ္ဌ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်