နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၄ / ၂၀၂၃ )
၁၃၈၄ ခုနှစ် ၊ တန်ခူးလဆန်း  ၄  ရက်
( ၂၀၂၃ ခုနှစ် ၊  မတ်လ   ၂၄  ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ 
ပါတီအား ဖျက်သိမ်းခြင်း
၁။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို မှတ်ပုံတင် အမှတ် (၂၇)၊ ၁-၆-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၆၇/၂၀၁၀)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်ပြုခဲ့ပါသည်။
၂။    အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ က ၂၁-၃-၂၀၂၃ ရက်စွဲပါစာအမှတ်၊ က / ၀၀၁ (အင်း)ဖြင့်  နိုင်ငံရေးပါတီအဖြစ်  မှတ်ပုံတင်ထားခြင်းမှ  ဖျက်သိမ်းပေးပါရန်  တင်ပြချက်နှင့်  စပ်လျဉ်း၍  ၂၄-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၉ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့ပါသည်။
၃။    သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။

                                 ( ပုံ ) သိန်းစိုး
                              ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်