
နိုင်ငံရေးအနှစ်သာရနှင့် ပြည်သူ့ဆန္ဒ
v နိုင်ငံရေးပြဿနာ
အဖြေရှာ စစ်ရေးနည်းဖြင့်
မပြီးနိုင်ပါ၊
စားပွဲဝိုင်း မျက်နှာစာမှာ
ယုံကြည်စွာ အမြင်အတွေး
ဆွေးနွေးမှသာ၊
နိုင်ငံရေး ယဉ်ကျေးစဉ်လာ
ထူထောင်ကာ ဖော်ဆောင်ကြ၊
လက်နက်ကိုင် ပဋိပက္ခ
ချုပ်ငြိမ်းမှာ ထာဝရ
“ပြည်ထောင်စု” ဘဝ။
v အသွင်ကူးပြောင်းစဉ်ကာလ
အစိုးရ ဦးဆောင်ကာ၊
ဖိတ်ခေါ်ကာ နွေးနွေးထွေး
ဆွေးနွေး အဖြေရှာ၊
“အင်န်စီအေ” စာချုပ်ပေါ်လာ
အကြိုက်ညီကာ ဘဝင်အေး၊
ပစ်ခတ်မှုရပ်စဲရေး
ဖော်ဆောင်ကာ တစုတဝေး
ငြိမ်းချမ်းဖို့အရေး။
v လမ်းကြောင်းက “အင်န်စီအေ”
တွဲလက်တွေ မဖြုတ်စတမ်း
လှမ်းကြမယ်လေ၊
ငြိမ်းချမ်းပန်း တဝေဝေ
လှမ်းဆွတ်ခြွေ တူတကွ၊
ပန်ကြမယ် ဝေအမျှ
နိုင်ငံရေး နှစ်သာရ
ပြည်သူတွေ လွန်တောင့်တ
တူညီဆန္ဒ။
(NCA စာချုပ် ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုလျက်)
ကျော်စောဟန်