
နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အမှာစကား ပြောကြား သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က နိုင်ငံတော်၏အရေးပါသော ငွေရေးကြေးရေးကဏ္ဍ အတွင်း ကြီးမားသောတာဝန်များ ထမ်းဆောင်နေကြ သည့်ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ နှင့် နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေ ရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန် နားလည်မှုများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ဖိတ်ခေါ်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဘဏ်များသည် ငွေအပ်နှံသူများ၏အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှု နှင့် ခိုင်မာမှုထိန်းသိမ်းရေးကို တစ်ပါတည်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ် လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ် နှင့် ဘဏ်များပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
စည်းမျဉ်းစည်းကမ်းများကို လိုက်နာ
ဘဏ်များ၏ လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွား ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများ ကြောင့် အများပြည်သူ၏အကျိုးစီးပွားကို ထိခိုက် နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ် ကြောင်း၊ အလားတူ တည်ဆဲဥပဒေစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါက သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အကြိမ်ကြိမ်ကြပ်မတ်စစ်ဆေး
မိမိတို့နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များ သည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော် ယခုအခါတွင် သတ်မှတ်စည်းကမ်းများကိုဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ် ဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်သူလူထုအနေဖြင့် လည်း မလိုအပ်ဘဲ ငွေကြေးအမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြ ရန်လည်း လိုအပ်ပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ဝန်ထမ်းအင်အား နည်းပါးလာခြင်းအပေါ် ဘဏ်များ၏ ဝန်ဆောင်မှုလုပ်ငန်းများ လစ်ဟာမှုမရှိ စေရန် အကြိမ်ကြိမ် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်စေလိုပါကြောင်း၊ ဘဏ်များတွင် နိုင်ငံသား လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ Card စနစ် များ၊ e – Banking ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ဆောင်မှုအရည်အသွေး အပြည့်အဝရှိသည့် ဘဏ်ခွဲများကို ကျစ်ကျစ်လျစ်လျစ်ဖြင့် တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားစေလိုပါကြောင်း။
အထူးအလေးထားပူးပေါင်းဆောင်ရွက်
နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ အောင်မြင်စေရေး အတွက် နိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ် လုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်နေချိန် တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်း ရှင်ကြီးများကို ပြည်သူများ၏ အကျိုးစီးပွားအား အပြည့်အဝ ကာကွယ်စောင့်ရှောက်မည့် ပုဂ္ဂိုလ်များ အဖြစ် အားကိုးအားထားပြုပြီး ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ်တာဝန်ရှိသူ များ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်း ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော် အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦး သုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဘဏ်များ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေး
ယင်းနောက် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများက ခိုင်မာအားကောင်းသည့် ငွေရေးကြေးရေးကဏ္ဍ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘဏ် လုပ်ငန်းဆိုင်ရာပြဋ္ဌာန်းထားသည့် ဥပဒေ ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ဘဏ်လုပ်ငန်းရှင်အများစု သည် စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း ဖြစ်သဖြင့် ကန်ထရိုက်လယ်ယာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် လုပ်ငန်းစုများ အသင်းစု များအဖြစ် တိုးချဲ့၍ ပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက် သင့်ကြောင်း၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင် ရေးအတွက် ပြည်တွင်း၌ စက်ရုံ/အလုပ်ရုံများ တည်ဆောက်၍ Value Add ထုတ်ကုန်များ ထုတ်လုပ်သင့်ကြောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆွေးနွေးချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံး ချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်